မျောက်လို အငြိမ်မနေဘဲ အတွေးမျိုးစုံနဲ့ ချာချာလည်နေတဲ့ စိတ်ကို ငြိမ်အောင် ဘယ်လိုထိန်းသိမ်းရမလဲ... - YATHAZONE

မျောက်လို အငြိမ်မနေဘဲ အတွေးမျိုးစုံနဲ့ ချာချာလည်နေတဲ့ စိတ်ကို ငြိမ်အောင် ဘယ်လိုထိန်းသိမ်းရမလဲ…

Knowledge

မျောက်လို အငြိမ်မနေဘဲ အတွေးမျိုးစုံနဲ့ ချာချာလည်နေတဲ့ စိတ်ကို ငြိမ်အောင် ဘယ်လိုထိန်းသိမ်းရမလဲ…

စင်ကာပူရဲ့ဖခင်ကြီး လီကွမ်ယူဟာ ဘာသာမဲ့တယောက်ပါ။ ဒါပေမယ့် အသက် ၈၀ကျော်အရွယ်မှာ စိတ်ကိုငြိမ်းချမ်းဖို့ရာအတွက် တရားစထိုင်ခဲ့ပြီး ကွယ်လွန်ခါနီးအထိ တနေ့ကို မိနစ် ၂၀ခန့် တရားထိုင်သွားခဲ့ပါတယ်။

အဲဒီလိုတရားထိုင်တာနဲ့ပတ်သက်ပြီး ၂၀၁၀ တုန်းက အင်တာဗျုးတခုမှာ ဒီလိုပြောကြားခဲ့ပါတယ်။ “ လွန်ခဲ့တဲ့ ၂-၃နှစ် တုန်းက အစိုးရရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းက အရာရှိချုပ် Ng Kok Song က တရားထိုင်တယ် ဆိုတာကို ကျနော် သိခဲ့ရတယ်။

သူ့အမျိုးသမီးကွယ်လွန်သွားတာ မကြာသေးပေမယ့် သူကတော့ လုံးဝ ငြိမ်းငြိမ်းချမ်းချမ်းတည်တည်ငြိမ်ငြိမ်ပဲ။ အဲဒါနဲ့ သူ့ကိုကျနော် မေးကြည့်တယ် “ခင်ဗျား ဒီလိုဖြစ်အောင် ဘယ်လိုလုပ်သလဲ” ဆိုပြီး…

သူကပြောတယ် သူရော သူ့ဇနီးရော နေ့တိုင်း တရားထိုင်ပါသတဲ့။ ဇနီးက ကင်ဆာရောဂါကြောင့် ကွယ်လွန်ခါနီး အချိန်အထိ အေးချမ်းတည်ငြိမ်စွာနဲ့ နေသွားခဲ့နိုင်တာ တရားထိုင်ခဲ့လို့ပဲ ဆိုပြီး သူမရဲ့ နောက်ဆုံးအချိန်တွေကို ရိုက်ထားတဲ့ ဗီဒီယို ကျနော့်ကိုပြတယ်။

သူမဟာ လုံးဝကို သက်တောင့်သက်သာ တည်တည်ငြိမ်ငြိမ် ရှိနေတာပဲ။ သူတို့ဇနီးမောင်နှံဟာ တရားထိုင်လာတာ နှစ်ပေါင်းများစွာရှိပြီ တဲ့။

ကိုင်းဟုတ်ပြီ အဲဒါဆို ကျနော့်ကို သင်ပေးပါ လို့ သူ့ကိုပြောလိုက်တယ်။ သူက ဘာသာရေးကိုင်းရှိုင်းတဲ့ ကက်သလစ်ခရစ်ယာန်တယောက်ပါ။

သူ့ဆရာကတော့ Laurence Freeman ဆိုတဲ့ ကက်သလစ်တယောက်ပါ။

အဓိကပြဿနာကတော့ မျောက်လို အငြိမ်မနေဘဲ အတွေးမျိုးစုံနဲ့ချာချာလည်နေတဲ့ စိတ်ကို ငြိမ်အောင်ထားရတာပါပဲ။

တရားထိုင်ရာမှာ စိတ်ငြိမ်အောင် အထောက်အကူပြုဖို့ mantra လို့ခေါ်တဲ့ စိတ်ထဲက ထပ်ခါထပ်ခါ ရွတ်ဆိုစရာလေး တခုရှိရပါတယ်။

သူတို့သင်ပေးတဲ့ mantra ကတော့ ဘာသာရေးနဲ့ ပတ်သက်တဲ့ဟာပေါ့လေ။ Ma Ra Na Ta. မာ ရာ န တာ၊ Come to me Lord Jesus ပေါ့။

သူကတော့ ပြောတယ် ကိုယ်ကြိုက်တဲ့ mantra ကို သုံးလို့ရပါတယ် တဲ့။ ဗုဒ္ဓဘာသာဆိုရင်တော့ ဝေါ် မီ တော် ဖော် ပေါ့။ ကျနော့်အတွက်ကတော့ မာ ရာ န တာ ကပိုပြီး ဆိုရတာ ငြိမ့်ငြောင်းတယ်ထင်လို့ အဲဒါကို ရွေးလိုက်တယ်။

အဲဒါနဲ့ ကျနော်လည်း ကိုယ်တိုင်က ဘာသာမဲ့တယောက်ဖြစ်ပေမယ့် လုပ်ကြည့်မယ် ဆိုပြီး စလုပ်ခဲ့တယ်။ စည်းကမ်းတော့ ရှိရတယ်။

တရားထိုင်ပြီးနောက်ပိုင်း အိပ်ရတာ ပိုကောင်းလာတယ်။ စိတ်တည်ငြိမ်မှု တခု ဖြစ်ပေါ်လာတယ်။ တနေ့တာရဲ့ ဖိအားတွေ ပူပင်သောကတွေကို ထုတ်ပစ်လိုက်နိုင်တယ်။

ကျနော့်ကိုသင်ပေးတဲ့ သူတို့ဇနီးမောင်နှံလောက်တော့ ကျနော်တည်ငြိမ်မှု ဘယ်ရမလဲ။ သူတို့ကတော့ နှစ်ပေါင်းများစွာ ထိုင်လာတာကိုး။

ပြီးတော့ သူတို့က ဘာသာရေးကိုင်းရှိုင်းပြီး ဘုရားသခင်ကို ယုံကြည်ကြတဲ့သူတွေ။ ဒီ ၂ချက်က အဓိကစကားပြောတာပါပဲ။ “

Transcript of Minister Mentor Lee Kuan Yew’s interview with Seth Mydans of New York Times & Iht on 1 September 2010
Credit : Mra Endra Nwe, မေကလေး-ရခိုင်သူ

Za wgyi

ေမ်ာက္လို အၿငိမ္မေနဘဲ အေတြးမ်ိဳးစုံနဲ႔ ခ်ာခ်ာလည္ေနတဲ့ စိတ္ကို ၿငိမ္ေအာင္ ဘယ္လုိထိန္းသိမ္းရမလဲ…

စင္ကာပူရဲ႕ဖခင္ႀကီး လီကြမ္ယူဟာ ဘာသာမဲ့တေယာက္ပါ။ ဒါေပမယ့္ အသက္ ၈၀ေက်ာ္အ႐ြယ္မွာ စိတ္ကိုၿငိမ္းခ်မ္းဖို႔ရာအတြက္ တရားစထိုင္ခဲ့ၿပီး ကြယ္လြန္ခါနီးအထိ တေန႔ကို မိနစ္ ၂၀ခန႔္ တရားထိုင္သြားခဲ့ပါတယ္။

အဲဒီလိုတရားထိုင္တာနဲ႔ပတ္သက္ၿပီး ၂၀၁၀ တုန္းက အင္တာဗ်ဳးတခုမွာ ဒီလိုေျပာၾကားခဲ့ပါတယ္။ “ လြန္ခဲ့တဲ့ ၂-၃ႏွစ္ တုန္းက အစိုးရရင္းႏွီးျမႇဳပ္ႏွံမႈေကာ္ပိုေရးရွင္းက အရာရွိခ်ဳပ္ Ng Kok Song က တရားထိုင္တယ္ ဆိုတာကို က်ေနာ္ သိခဲ့ရတယ္။

သူ႔အမ်ိဳးသမီးကြယ္လြန္သြားတာ မၾကာေသးေပမယ့္ သူကေတာ့ လုံးဝ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းတည္တည္ၿငိမ္ၿငိမ္ပဲ။ အဲဒါနဲ႔ သူ႔ကိုက်ေနာ္ ေမးၾကည့္တယ္ “ခင္ဗ်ား ဒီလိုျဖစ္ေအာင္ ဘယ္လိုလုပ္သလဲ” ဆိုၿပီး…

သူကေျပာတယ္ သူေရာ သူ႔ဇနီးေရာ ေန႔တိုင္း တရားထိုင္ပါသတဲ့။ ဇနီးက ကင္ဆာေရာဂါေၾကာင့္ ကြယ္လြန္ခါနီး အခ်ိန္အထိ ေအးခ်မ္းတည္ၿငိမ္စြာနဲ႔ ေနသြားခဲ့ႏိုင္တာ တရားထိုင္ခဲ့လို႔ပဲ ဆိုၿပီး သူမရဲ႕ ေနာက္ဆုံးအခ်ိန္ေတြကို ႐ိုက္ထားတဲ့ ဗီဒီယို က်ေနာ့္ကိုျပတယ္။

သူမဟာ လုံးဝကို သက္ေတာင့္သက္သာ တည္တည္ၿငိမ္ၿငိမ္ ရွိေနတာပဲ။ သူတို႔ဇနီးေမာင္ႏွံဟာ တရားထိုင္လာတာ ႏွစ္ေပါင္းမ်ားစြာရွိၿပီ တဲ့။

ကိုင္းဟုတ္ၿပီ အဲဒါဆို က်ေနာ့္ကို သင္ေပးပါ လို႔ သူ႔ကိုေျပာလိုက္တယ္။ သူက ဘာသာေရးကိုင္းရႈိင္းတဲ့ ကက္သလစ္ခရစ္ယာန္တေယာက္ပါ။

သူ႔ဆရာကေတာ့ Laurence Freeman ဆိုတဲ့ ကက္သလစ္တေယာက္ပါ။

အဓိကျပႆနာကေတာ့ ေမ်ာက္လို အၿငိမ္မေနဘဲ အေတြးမ်ိဳးစုံနဲ႔ခ်ာခ်ာလည္ေနတဲ့ စိတ္ကို ၿငိမ္ေအာင္ထားရတာပါပဲ။

တရားထိုင္ရာမွာ စိတ္ၿငိမ္ေအာင္ အေထာက္အကူျပဳဖို႔ mantra လို႔ေခၚတဲ့ စိတ္ထဲက ထပ္ခါထပ္ခါ ႐ြတ္ဆိုစရာေလး တခုရွိရပါတယ္။

သူတို႔သင္ေပးတဲ့ mantra ကေတာ့ ဘာသာေရးနဲ႔ ပတ္သက္တဲ့ဟာေပါ့ေလ။ Ma Ra Na Ta. မာ ရာ န တာ၊ Come to me Lord Jesus ေပါ့။

သူကေတာ့ ေျပာတယ္ ကိုယ္ႀကိဳက္တဲ့ mantra ကို သုံးလို႔ရပါတယ္ တဲ့။ ဗုဒၶဘာသာဆိုရင္ေတာ့ ေဝၚ မီ ေတာ္ ေဖာ္ ေပါ့။ က်ေနာ့္အတြက္ကေတာ့ မာ ရာ န တာ ကပိုၿပီး ဆိုရတာ ၿငိမ့္ေျငာင္းတယ္ထင္လို႔ အဲဒါကို ေ႐ြးလိုက္တယ္။

အဲဒါနဲ႔ က်ေနာ္လည္း ကိုယ္တိုင္က ဘာသာမဲ့တေယာက္ျဖစ္ေပမယ့္ လုပ္ၾကည့္မယ္ ဆိုၿပီး စလုပ္ခဲ့တယ္။ စည္းကမ္းေတာ့ ရွိရတယ္။

တရားထိုင္ၿပီးေနာက္ပိုင္း အိပ္ရတာ ပိုေကာင္းလာတယ္။ စိတ္တည္ၿငိမ္မႈ တခု ျဖစ္ေပၚလာတယ္။ တေန႔တာရဲ႕ ဖိအားေတြ ပူပင္ေသာကေတြကို ထုတ္ပစ္လိုက္ႏိုင္တယ္။

က်ေနာ့္ကိုသင္ေပးတဲ့ သူတို႔ဇနီးေမာင္ႏွံေလာက္ေတာ့ က်ေနာ္တည္ၿငိမ္မႈ ဘယ္ရမလဲ။ သူတို႔ကေတာ့ ႏွစ္ေပါင္းမ်ားစြာ ထိုင္လာတာကိုး။

ၿပီးေတာ့ သူတို႔က ဘာသာေရးကိုင္းရႈိင္းၿပီး ဘုရားသခင္ကို ယုံၾကည္ၾကတဲ့သူေတြ။ ဒီ ၂ခ်က္က အဓိကစကားေျပာတာပါပဲ။ “

Transcript of Minister Mentor Lee Kuan Yew’s interview with Seth Mydans of New York Times & Iht on 1 September 2010
Credit : Mra Endra Nwe, ေမကေလး-ရခိုင္သူ

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …