"ဝဋ်ကြွေးကြီးတဲ့ မြန်မာပြည်သူ ပြည်သားများ" - YATHAZONE

“ဝဋ်ကြွေးကြီးတဲ့ မြန်မာပြည်သူ ပြည်သားများ”

Health

“ဝဋ်ကြွေးကြီးတဲ့ မြန်မာပြည်သူ ပြည်သားများ”

နိုင်ငံခြားက Date ကုန်ခါနီး စားသောက်ကုန်တွေသွင်းလာပြီး ဘူးချွတ်ပြီး ပြန်ရိုက်ဖို့ပုံနှိပ်လောကမှာတောင်ရှိတယ်။ ဘီစကစ်ဗူးတွေ ပါကင်အသစ်၊ Date Code အသစ်တွေနဲ့ ပြန်ရိုက်ပေးတာရှိတယ်။

နောက်ပြီး ယခုဝင်နေတဲ့ ဆယ်လမွန်ငါးတို့၊ SHISHAMO ငါးတို့ဆို အောက်လမ်းက ဝင်လာတာပဲ။ နောက်ပြီး ဘနားမီး ရေချိုပုဇွန်၊ ကက္ကတစ်ငါးတွေဆို အောက်လမ်း ထိုင်းနိုင်ငံကနေ ဗဟိုစံပြငါးဈေးကို နေ့တိုင်းအဝင်ရှိတယ်။ ဘယ် FDA မှ မစစ်ဘူး၊ ဒီအတိုင်းပဲ ဝင်လာတာ။

မြန်မာဟာ အာဆီယံ ၁၀ နိုင်ငံမှာ လူ့ သက်တမ်း အတိုဆုံးနိုင်ငံအဖြစ် စာရင်းဝင်လာနေပါတယ်။ ဘာဖြစ်လို့ မြန်မာတွေ အသက်တိုကြတာလဲ ဆိုတာတော့ သိပြီးကြမှာပါ။

အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ နဲ့ တရုတ်တို့အတွက်တော့ မြန်မာဟာ အလွန်လုပ်စား ကိုင်စားလို့ ကောင်းလှတဲ့ ဈေးကွက်ကြီးတခုလို ဖြစ်နေတာမို့ သူတို့နိုင်ငံမှာ ဥပဒေနဲ့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထားလို့ လုပ်မရတဲ့အရာမှန်သမျှ ခိုးလုပ်ကြပြီး အဲ့ဒီပစ္စည်းပေါင်းစုံကို မြန်မာပြည် ဈေးကွက်ထဲလာဖြန့်တယ်။

စားသောက်ကုန်၊ ဆေးဝါးမျိုးစုံလုပ်ငန်း အပါအဝင် အတုတွေလုပ်တယ်။ မြန်မာပြည်ထဲဖြန့်တယ်။ နယ်စပ်ဂိတ် မှန်သမျှမှာလည်း FDA က မစစ်နိုင်။ စစ်နိုင်သမျှစက်တွေကလည်း ခေတ်မီ ဓာတုဆေးတွေများသမို့ မှန်ကန်စွာ ဓါတ်မခွဲနိုင်သေး။

တခါတခါ ဓါတ်ခွဲ စမ်းသပ်လိုက်တဲ့အခါမှာလည်း နာမည်ကြီး တံဆိပ်တွေအပါအဝင် စားသောက်ကုန်၊ အဖျော်ယမကာ အတော်များများ လူကိုဥပဒ်ပေးတဲ့ဓါတ်တွေပါတာ FDA ကလည်း မကြာခဏ ထုတ်ပြန်နေရတာမြင်သိ ကြားတွေ့ကြရမှာပါဘဲ။

သစ်သီးသစ်ရွက်တွေနဲ့ ပတ်သက်တာမှန်သမျှ မြန်မြန်ကြီး၊ မြန်မြန်ပွင့်၊ မြန်မြန်သီး၊ နေ့ချင်းညချင်း မှည့်နိုင်တဲ့ ဆေးတွေထွင်တယ်။ မြန်မာပြည်ထဲ ဖြန့်တယ်။ အခုဆို ဘာအသီး စားချင်းလဲ ပြောလိုက် ရာသီမရွေးရတယ်။

ခုည မှည့်ချင်လား။ မနက်ဖြန် မှည့်ချင်လားပြော။ များများ ချိုချင်လား ရတယ်။ ဥပမာ ခရမ်းချဉ်သီးဆိုရင် ပွဲရုံတွေက အစိမ်းတွေဘဲ ဝယ်တော့တာလို့ ဖတ်မိသေးတယ်။ ဈေးကွက်ထဲကဝယ်လိုအားကို ဖြန့်ခါနီးမှ အချိန်မှီ မှည့်ပေးလိုက်တယ်လို့ ဆိုတယ်။

အသားတု၊ ဥအတု၊ လူအတု အတုမျိုးပေါင်းစုံ။ ကော်ဖီ, အချိုရည်, ကျန်တာ အတော်များများမှန်သမျှ ဂျင်းတွေချည်းဘဲ။ ထိုင်းဖက်နယ်စပ်မှာ ထိုင်းရဲက ဖမ်းမိတဲ့ သတင်းတွေလည်း မကြာခဏ ဖတ် ဖတ်မိကြမယ်ထင်မိ။

နောက် ဈေးအတန်ဆုံးလို ဖြစ်လာတာက အချိုမှုန့်တွေ။ ၂၀၀ ဖိုးဆို လက်တစ်ခုပ် လောက်ရတယ်။ ဗုံးဗောလအော ဟင်းတွေထဲထည့် ဆီးချိုတွေတက်။ အချိုမှုန့်မပါတော့ရင် မစားတတ်ကြတော့တဲ့အဖြစ်တွေ ရောက်မှန်းမသိ ရောက်ကြရ။ အချိုမှုန့်ကြောင့်ပဲ ဆီးချို၊ သွေးတိုး၊ နှလုံး ရောဂါတွေ ဖြစ်ပြီး သေကြရ။

သာမန် အပေါစားအရက်ဖြူ (OP) ဆိုလည်း ၄၀၀ လေါက်ဆို တပုလင်းရတယ်။ ပဲလှော်လေး ၁၀၀ ဖိုးနဲ့ တွဲကစ်လိုက်ရင် ၅၀၀ဖိုးဆို မူးပြီ၊ ရေချိန်ကိုက်ပြီ။ ပြီးတဲ့အခါ ဗမာဆေးများများနဲ့ကွမ်းယာ ပါးစပ်ထဲထည့်ပြီး ဆေးပေ့ါလိပ်တရှိုက်၊ နှစ်ရှိုက် အဆုပ်ထဲအထိ ဆွဲထည့်လိုက်တဲ့အခါ တရက်စာ ဖူလုံပြီ။

ရေသန့်ကမှ အရက်ထက် ဈေးကြီးနေသေးတယ်။

အဲလို အပေါစား အရက်တွေသောက်တော့ မြန်မြန်သေကြတာပေါ့။ အရည်မရ၊ အဖတ်မရ ကွမ်းယာဆိုင်ဆိုလည်း နေရာတကာ လက်ညိုးထိုးမလွဲသလိုပဲ။ တနေ့တနေ့ မြန်မာပြည်သား လူတွေ ကွမ်းစားပြီး ပါးစပ်ထဲက ထွေးထုတ်လိုက်တဲ့ ပမာဏဟာ ငွေသန်းချီဖိုးတောင်ရှိတယ်ဆိုလား ဖတ်မိသေးတယ်။ အဲ့ဒီအထဲ ထည့်စားလိုက်ကျတဲ့ အိန္ဒိယက လာတဲ့ ဆေးပေါင်းစုံ။ 92′ အပါအဝင်။ အိန္ဒိယကနေ တလတလကို ဒေါ်လာ သန်းချီပြီး ပေးဝယ်နေရတယ်။

အရက်ဆို မြန်မာလူ ၁၀ ယောက်မှာ ၇ ယောက် သောက်တယ်။ ကွမ်းလည်း အလားတူပဲ။ ဒါတွေကို မှီခိုစားသောက်နေကြတဲ့ ဒီနိုင်ငံကလူတွေမှ ကင်ဆာ၊ သွေးတိုး၊ ဆီချို နှလုံး၊ ကျောက်ကပ်ရောဂါ မရရင် ဘယ်သူတွေရမလဲ။

နောက်ပြီး ဆန်ကို အဓိက အစားအစာအဖြစ် စားသုံးကြတဲ့အခါ ကစီဓါတ်များတော့ အဆီများလာသလို၊ အငန်ဆိုလည်းကြိုက်၊ အစပ်ဆိုလည်း လက်မလွတ်စေရဘူး။ စားသောက်ပုံ စားသောက်နည်းဟာ အသက်ရှည်ဆုံး နိုင်ငံတွေနဲ့ ဆန့်ကျင်ဖက် ဖြစ်နေတယ်။

အသက်ရှည်တဲ့ နိုင်ငံတွေရဲ့ အစားအစာကို လေ့လာကြည့်ရင် ပထမဆုံး ဖျော်ရည် အရည်တခုကို စ သောက်ကြတယ်။ ပြီးတဲ့အခါ အချိုပွဲလို အစာလေးတွေ ထပ်စားကြပြီးမှ၊ နောက်ဆုံးမှာ main food ဖြစ်တဲ့ သား ငါး အသီးအရွက်ကို စားကြတယ်။

ပြီးတဲ့အခါ ကော်ဖီ သောက်ချလိုက်ကြတယ်။ မနက်ပိုင်းဆို ဘာမှ မစားသေးခင်မှာ အူလမ်းကြောင်းကို ဖျော်ရည်တခုခုနဲ့ အရင်သောက်ပြီး ခံထားကြလေ့ရှိတယ်။ ဥပမာ အိန္ဒိယဆိုရင် သူတို့အစားအစာမှာ ဂျုံ၊ ပဲ၊ အသီးအရွက်နဲ့ နို့ ကို အဓိကထားစားကြတယ်။

ဆီ၊ အငန်ကို လုံးဝနီးနီး မစားကြဘူး။ ဒီအတွက် ကလေးဘဝ ကတည်းကလူတွေ အရပ်ရှည်ကြတယ်။ ကြီးလာတဲ့အခါ လူလုံးတွေ ထွားလာကြတယ်။ ခံနိုင်ရည် အားကောင်းကြတယ်။ ဒါဟာ ကိုယ်တိုင် ရောက်ဖူးတဲ့နိုင်ငံ ၆ နိုင်ငံ လောက်က စားတဲ့ အစားပုံစံ နဲ့ ဥပမာယှဉ်ပြီး ပြောရတာပါ။

စောစော အိပ်ယာထ သွားတိုက်၊ မျက်နှာသစ်ဆိုတဲ့ ငယ်ငယ်က သင်ခဲ့ရတဲ့စာက စပြီး လွဲလာနေသလိုမျိုးပဲ။ မျက်နှာသစ်ပြီး ရေချိုး ရေလေါင်းပြီးမှ သွားတိုက်ရင် အပူထွက်သွားတဲ့အတွက် သွားကျိုးတာ၊ နာတာ မဖြစ်ဘူးတဲ့။ မနက် ထပြီးတာနဲ့ တစ်နေကုန် စားသောက်။

ညနေကျ ရေချိုး၊ သွားတိုက်ပြီးတော့ ညစာစား၊ ဒီတော့ ရှေ့ နောက် လွဲနေမှုတွေကအစ သွားတွေ ပိုးစားယိုင်နဲ့ပြီးအခေါင်းပေါက်တွေ ဖြစ်ရာက ရောဂါဝင် အသေစော၊ အသက်တိုရတာ။ ဒါတွေကအစ အခြေခံကို လွဲမှားနေသယောင်ဘဲလို့မြင်တယ်။

အမှန်ဆို မနက်စာစားပြီးမှ သွားတိုက်။ ညစာစားပြီးမှ သွားတိုက်ကြရမှာ။ ဒါတွေကအစ ပြင်မှရမယ်။ လူတဦးချင်းစီက စပြင်ရမယ်။ နောက် မိသားစု အလိုက်ပြင်ရမယ်။ နောက် ပတ်ဝန်းကျင် တနိုင်ငံလုံးပြင်မှ ကျန်းမာ၊ အသက်ရှည်ကြမယ်။

ဘယ်လိုပြင်ရမလဲဆိုရင် အသီးအရွက် စားချင်ရင် ကိုယ့်ကိုစိုက်စားပါ။ ဈေးကဝယ်ရင် သဘာဝ အတိုင်းခူးရောင်းတဲ့ တောသည်လေးတွေဆီက မသန်မစွမ်း၊ ပိုးကိုက်ထားတဲ့ အရွက်တွေဝယ်ပါ။ အသီးစားချင်ရင် အပင်ကနေ တိုက်ရိုက်ခူးပေးတဲ့အသီးကို ရှာစားပါ။

အသားငါးလည်း လတ်ဆတ်တာကိုစားပါ။ အချိုရည် လုံးဝ မသောက်ပါနဲ့။ အသီးကို ဖျော်သောက်ပါ။ အငန်လျော့။ အဆိမ့်၊ အချို၊ အစပ် လျော့စားပါ။ နောက် အရေးအကြီးဆုံးက ဆီ။ ဆီကို ဖြစ်နိုင်ရင် ဆီကြိတ်တဲ့ စက်တွေမှာသွားဝယ်ပါ။ ဒါမှမဟုတ် မြေပဲ နှမ်း ဝယ်ပြီး ကိုယ့်ရှေမှာ ကြိတ်ခိုင်းပါ။

ဈေးထဲကဆီတွေ မစားပါနဲ့။ ဈေးထဲကဆီအကုန်နီးပါး(၉၉%)က စားအုန်းဆီနဲ့တရုတ်ဘက်ကလာတဲ့ ပြန်ချက်ထားတဲ့ဆီအဟောင်းတွေကို ပြုပြင်ထားတဲ့ဆီအတုတွေပါ။ ဒီလိုမလုပ်နိုင်ရင် ဆီ လျော့စားပါ။ နောက်ပြီး လေ့ကျင့်ခန်းလုပ်ပါ။

မနက် ညနေ အချိန်ရရင် လမ်းလျှောက်ပါ။

နှလုံးအားကောင်းအောင် သွက်သွက်လျှောက်။ အမြင့်တက်ပါ။ အမောခံနိုင်အောင် ကျင့်ပါ။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးလုံးဝ မသုံးပါနဲ့။ ညစာကို ညနေ ၅ နာရီကျော်ရင် ထမင်းမပါဘဲ စားပါ။ အရည်သောက် အသီးအရွက်၊ အသားငါးဘဲ ထိုင်စားပါ။ မြန်မာတွေ အသက်ရှည်စေဘို့ စဉ်းစားမိသမျှဝေခြင်းပါ။ အာရောဂျံ ပရာမံ လာဘံ ကျန်းမာခြင်းဟာ လာဘ်တစ်ပါးပါ။ ကျန်းမာရေးအသိ ကိုယ်စီ ရှိကြစေချင်ပါတယ်။

ဟိုတလောက ဆိတ်သားခြောက် ဝယ် လာပြီး အိမ်ရောက်တော့ Microwave နဲ့ နွှေးလိုက်တာ ပလပ်စတစ်အရည်တွေ ထွက်လာလို့ဆိုပြီး ပုံနဲ့တကွ တင်လိုက်တာကို ဖတ်လိုက်မိပါတယ်။ မြန်မာပြည်က အစားအသောက်တွေဟာ သဘာဝ အနေအထားကနေ အမျိုးမျိုးသော နည်းတွေနဲ့ ပြုပြင်ပြီးပြန်ရောင်းနေကြတာမို့ တနေ့တခြားကြောက်စရာ ကောင်းလာနေပါတယ်။

အားလုံးသိကြတဲ့အတိုင်း၊ရောဂါအားလုံး ရဲ့ အခြေခံဟာ အစာလမ်းကြောင်းကနေ လာတာဖြစ်ပါတယ်။ ပုံစံအမျိုးမျိုး နဲ့ လာနေကြတာပါ။ အခုနောက်ပိုင်း အလွန် အဖြစ်များနေတာကတော့ Autoimmune ရောဂါမျိုးစုံ ဖြစ်ပါတယ်။

ဒီရောဂါဟာလည်း တနေရာတည်းမှာ ဖြစ်ခဲလှပါတယ်။ ခန္ဓာကိုယ်ရဲ့ သုံးလေးနေရာလောက်မှာ ဖြစ်နေလေ့ရှိပါတယ်။ ကျွန်တော့်ဆီကို လာတဲ့ စာတွေ၊ Email, Message တွေကို ဖတ်လိုက်မယ်ဆိုရင် Autoimmune ရောဂါတွေရယ်၊ ကင်ဆာတွေ အရမ်းများလာနေပါတယ်။

အရင်က အတော်လေးရှားပါးတဲ့ ကင်ဆာမျိုးစုံလည်း တွေ့နေရပါပြီ။ အသက် ၁၅ နှစ် Melanoma at the anal area နောက်တစ်ယောက် ဒူးက အနာမကျက်လို့ အသားစ ယူပြီး စစ်လိုက်တဲ့အခါ Anaplastic Non-Hodgkins lymphoma ပါတဲ့။

နောက်တစ်ယောက်က ဗိုက်အတွင်း lymphoma အသည်းကင်ဆာ၊ အဆုပ်ကင်ဆာ တွေကလဲ များသလား မပြောနဲ့။ အဆင့် ၄ တွေချည်းပါဘဲ။ နောက်တစ်ယောက်က Pancreatic cancer. အစားအသောက်ကြောင့်ဖြစ်တဲ့ အူလမ်းကြောင်း ကျန်းမာရေးကို မထိန်းနိုင်ဘူးဆိုရင် ခံစားရတတ်တဲ့ နောက်ဆက်တွဲ ရောဂါတွေပါဘဲ။

နောက်တခု သတိထားမိတကတော့ နိုင်ငံခြားမှာ နေနေကြတဲ့ မြန်မာတွေလည်း အတော်များများ Autoimmune ရောဂါတွေဖြစ်နေကြပါတယ်။ သွေးဖောက်စစ်သူတွေ အတော်များများမှာရှိနေကြပါတယ်။ ပြန်သုံးသပ် ကြည့်တော့၊ အများစုဟာ နိုင်ငံခြား ရောက်နေကြပေမဲ့ ကိုယ့် မြန်မာအစားအစာတွေကိုဘဲ စားကြပါတယ်။

ထမင်း ဟင်း ပါဘဲ။ နောက်ပြီး မြန်မာပြည်က အစားအသောက်မျိုးစုံ လူကြုံနဲ့သော်လည်းကောင်း၊ ကိုယ်ကိုယ်တိုင်သော်လည်းကောင်း တပွေ့ တပိုက်ကြီး ဝယ်ယူလာပြီး freezer ထဲ မှာ ထည့်ပြီး တဖြေးဖြေး စားနေကြတာ သတိပြုမိပါတယ်။

ငပိကြော်၊ ငါးခြောက်ကြော်၊ လဘက်၊ အကြော်မျိုးစုံ၊ မုန့်ဟင်းခါး အရည်တွေစသည် ဖြင့် ဖြစ်ပါတယ်။ ဒီရောဂါ တွေရဲ့ ဖြစ်ကြောင်းဟာ အမျိုးမျိုး ရှိပါသော်လည်း အဓိက ကတော့ အစားအသောက် ပါ။ ဒီအတိုင်း ဆက် သွားကြမယ်ဆိုရင် တိုင်းပြည်အတွက် ရင်လေးမိပါတယ်။

ကိုယ်နဲ့အတူ ကိုယ့်မိသားစုကို စောင့်ရှောက်ဖို့၊ သတိလေးကပ်ပြီး၊ ဉာဏ်အကူလဲ လိုပါလိမ့်မယ်။ ဘယ်လောက် ကြိုက်တဲ့ အစာဘဲဖြစ်ဖြစ် ဥပါဒ်ရှိလာပြီဆိုရင် ဖြတ်နိုင်ရပါမယ်။ ရောဂါရလာပြီဆိုရင် ရှာထားသမျှ ငွေတွေကုန် အလူးအလိမ့်ခံရ၊ ရောဂါ သံသရာ ဝဲဂယက်မှာ ချာချာလည် နေတော့မှာ ဖြစ်ပါတယ်။

အခုလိုအဖြစ်မျိုး ရောက်ရတာဟာလဲ လူအများစုဟာ ဗဟုသုတ ခေါင်းပါးနေကြတာက တကြောင်း၊ လောဘ ဦးဆောင်နေတာက တကြောင်း၊ ရသတဏှာကို မကျော်လွန်နိုင်တာက တကြောင်း၊ အစိုးရအနေနဲ့ အစားသောက်တွေအပေါ် ကြပ်မတ်မှု ထိထိရောက်ရောက် မရှိတာက တကြောင်း၊ ဖြစ်လာမဲ့ အန္တရာယ်ကို သဘောမပေါက်တာက တကြောင်း၊ တိုင်းပြည် ဆင်းရဲတာက တကြောင်းတို့ကြောင့်ဖြစ်ပါတယ်။

မိမိနှင့် မိမိ၏ မိသားစုကို ဉာဏ်သုံး၊ သတိကပ်ပြီး စောင့်ရှောက်သူများ ဖြစ်နိုင်ကြပါစေ။ (အားလုံးသိအောင် ပြန်ရှယ်ပေးကြပါဦး)Credit to Dr. စေတနာရှင်

No Comments

Leave a Reply

Your email address will not be published.

Health
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …

Health
ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင်

ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင် အလုပ်မှာ ကျောင်းမှာ နေ့စဉ်တွေ့နေရသော သူတွေထဲမှာ အပြင်ပိုင်းလှသလောက် စကားပြောကြည့်ရင် ပါးစပ်ကနံတာကို သတိမထားမိကြသောသူက တော်တော်များပါတယ်။ ပါးစပ်နံလိုက်တာလို့ ပြောပြန်ရင်လည်း ရိုင်းရာကျမှာပါ။ သူများကို မပြောခင် ကိုယ်ကမနံအောင် ဘယ်လို လုပ်သင့်သလဲ။ ၁. သေသေချာချာ ဝါးစားပါ အစားကို စားသောအခါ သေသေချာချာ ဝါးစားခြင်းဖြင့် ပါးစပ်အတွင်းမှာ လိုအပ်သောဓါတ် (သို့) တံထွေးကို ထွက်စေပါတယ်။ ခံတွင်းတံထွေး များများထွက်စေခြင်းဟာ ခံတွင်း၏ ခြောက်သွေ့မူကို ကာကွယ်နိုင်ပြီး ပါးစပ်နံတာကိုလည်း ကာကွယ်နိုင်ပါသည်။ ပီကေစားရင်လည်း အဆင်ပြေမှာပါ။ ၂. ထမင်းကို တော်ရုံသာစားပါ ထမင်းကို ဗိုက်အပြည့် စားသောအခါ ကိုယ်ခန္ဓာအတွင်းမှာ ရှိသော အစာအိမ် …

Health
ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်

ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်… ခြေထောက်တွေက သတိပေးနေသော အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ လက္ခဏာရပ်များ ကျွန်တော်တို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် ကို သယ်ပိုးထားရတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။ ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။ ဒါ့ကြောင့် … ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ကျန်းမာရေး ချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်။ …