ငလျင်လှုပ်ရင် ဘေးအန္တရာယ်က လွတ်နိုင်သော "အသက်ကယ်တြိဂံ" မိတ်ဆွေများအားလုံး ဖတ်ဖြစ်အောင်ဖတ်ကြပါ... - YATHAZONE

ငလျင်လှုပ်ရင် ဘေးအန္တရာယ်က လွတ်နိုင်သော “အသက်ကယ်တြိဂံ” မိတ်ဆွေများအားလုံး ဖတ်ဖြစ်အောင်ဖတ်ကြပါ…

Knowledge

ငလျင်လှုပ်ရင် ဘေးအန္တရာယ်က လွတ်နိုင်သော “အသက်ကယ်တြိဂံ” မိတ်ဆွေများအားလုံး ဖတ်ဖြစ်အောင်ဖတ်ကြပါ…

ငလျင်လှုပ်ရင် စားပွဲအောက်မှာနေပါတို့၊ တံခါးကျည်းဘောင်အောက်မှာ နေပါတို့ အစရှိသဖြင့် အရပ်ပြောစကားတွေရှိတာကို ကြားဖူးကြမှာပါ။

အဲဒါတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါတော့။ အခုဆောင်းပါးကို ဖတ်ပြီးတဲ့နောက်မှာ စာဖတ်ပရိတ်သတ်တွေရဲ့ အတွေးအခေါ်ပြောင်းသွားနိုင်ပြီး တစ်နေ့တစ်နေ့မှာ သင်တို့ရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

(Doug Copp ၏ “The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်)

ကျွန်တော့နာမည်က ဒေါက်တာကော့ပ်ပါ။ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အတွေ့အကြုံ အရင့်ဆုံးကယ်ဆယ်ရေးအဖွဲ့အစည်းဖြစ်တဲ့ အမေရီကန်အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ ARTI ရဲ့ကယ်ဆယ်ရေးအကြီးအကဲနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးမှူးရာထူးကို ရရှိထားသူပါ။ ကျွန်တော်ဟာ ပြိုကျနေတဲ့ အဆောက်အအုံ (၈၇၅) ခုထဲကို တွားသွားဝင်ရောက်ခဲ့ဖူးပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း (၆၀)ကျော်က ကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ တွဲဖက်လုပ်ဆောင်ခဲ့ဖူးပြီး အချို့နိုင်ငံတွေမှာဆိုရင် ကယ်ဆယ်ရေးအဖွဲ့တွေကိုတောင် တည်ထောင်ပေးခဲ့ဖူးပါတယ်။ ၁၉၈၅ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်ခဲ့သမျှ အကြီးစားသဘာဝဘေးအန္တရာယ်တိုင်းမှာ ဝင်ရောက် တာဝန်ထမ်းဖူးပါတယ်။

၁၉၈၅ခုနှစ်၊ မက္ကဆီကိုစီးတီး ငလျင်ဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော် ကျောင်းတစ်ကျောင်းထဲကို အရင်ဆုံးတွားသွားဝင်ရောက်တဲ့အခါမှာ ကျောင်းသားကလေးငယ်အားလုံး သူတို့တွေရဲ့စာသင်စားပွဲတွေအောက်မှာ ရှိနေတဲ့မြင်ကွင်းပါပဲ့။ ဒါပေမယ့်ကလေးတွေအားလုံး အရိုးတွေ စိစိညက်ညက်ကြေတဲ့အထိပိမိနေကြတာကို စိတ်မချမ်းမြေ့ဖွယ်မြင်တွေ့ခဲ့ရပါတယ်။

တကယ်လို့သာ ကလေးငယ်တွေဟာ အခန်းအလယ်လျှောက်လမ်းထဲက သူတို့တွေရဲ့ စာသင်ခုံတွေနဲ့ ဘေးကပ်လျက်လဲလျောင်းနေခဲ့မယ်ဆိုရင်တောင် အသက်ဆုံးရှုံးချင်မှ ဆုံးရှုံးကြရမှာပါ။

အရှင်ဆုံးပြောပါမယ်။ အဆောက်အအုံးတစ်ခု ပြိုကျတဲ့အခါ မျက်နှာကြက်တွေရဲ့ အလေးချိန်ဟာ ပရိဘောဂတွေရဲ့အပေါ်တည့်တည့်ကိုသက်ရောက်တာကြောင့် အောက်တည့်တည့်မှာ ရှိတဲ့ အရာဝတ္တုအားလုံးကြေမွသွားကြပါတယ်။

ဒါပေမဲ့ အဲဒီအပျက်အစီးပုံရဲ့ ဘေးနေရာလေးတွေကတော့ ကလိုင်များအဖြစ်ကျန်ခဲ့ပါတယ်။ အဲဒီနေရာအလွတ်တွေကို ကျွန်တော်က “အသက်ကယ်တြိဂံ” လို့ အမည်ပေးထားပါတယ်။

အရာဝတ္တုတစ်ခုဟာ ကြီးမားတောင့်တင်းလေ ပိုမိုခိုင်ခံ့လေဖြစ်လို့ သူတို့ရဲ့ဘေးက ကွက်လပ်ဟာလည်း ပိုပြီးကြီးမားနိုင်ပါတယ်။ ဒီတော့ လူသားတွေအနေနဲ့ အဲဒီနေရာလွတ်ထဲမှာ ဘေးမသီရန်မခနေထိုင်နိုင်ဖို့ အခွင့်သာသွားစေပါတယ်။

ငလျင်ကြောင့်ပြိုပျက်နေတဲ့ အဆောက်အအုံပုံတွေကို တီဗွီမှာ တွေ့ရတဲ့အခါ အသက်ကယ်တြိဂံတွေကို လိုက်ပြီးရေတွက်ကြည့်ပါ။ ပြိုပျက်နေတဲ့ အဆောက်အအုံတစ်ခုအထဲမှာ အများဆုံး ဂျီသြမေတြီပုံသဏ္ဌာန်ကတော့ တြိဂံဖြစ်ပြီးနေရာတကာမှာ တွေ့ရပါလိမ့်မယ်။

ဘေးကင်းဖို့ လက်တို့အညွှန်း

၁။ ငလျင်လှုပ်လို့ အဆောက်အအုံတစ်ခုပြိုတော့မလို ဟန်ပြင်နေရင် လူတော်တော်များများဟာ တစ်ခုခုအောက်ထဲဝင်ပုန်းဖို့လောက်ပဲ သိကြလို့ အဆောက်အအုံပိသေကြရပါတယ်။ စာရေးစားပွဲတွေ ကားတွေအစရှိတဲ့အရာတွေ အောက်ဝင်ပုန်းသူတွေဟာ အဖြစ်ဆိုးနဲ့ကြုံတွေကြရပါတယ်

၂။ ခွေးတွေကြောင်တွေနဲ့ကလေးငယ်တွေဟာ သန္ဓေသားလောင်းပုံစံ အတိုင်းခွေအိပ်လေ့ရှိတာကို မြင်ဖူးကြမှာပါ။ ငလျင်လှုပ်ပြီဆိုရင်လည်း အဲလိုအနေအထားနဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေသင့်ပါတယ်။ ဒါဟာ သဘာဝကပေးတဲ့ ဘေးကင်းလုံခြုံရေးအသိပညာပါပဲ။

ခွေခေါက်နေခြင်းအားဖြင့် နေရာလွတ်သေးသေးလေးထဲမှာ အသက်ရှင်ရက်ကျန်ရှိဖို့ အခွင့်သားသွားစေပါတယ်။ အလွယ်တကူပြားချပ်မသွားနိုင်တဲ့ ဆိုဖာခုံ၊ ခုတင်အစရှိတဲ့ ထုထည်ကြီးကြီး အရာတွေဘေးမှာခွေခေါက်နေလို့ရမယ့် နေရာလွတ်မျိုးတွေရှိတတ်ပါတယ်။

၃။ ငလျင်လှုပ်နေစဉ်ကာလအတွင်းမှာပျဉ်ထောင်အိမ်တွေဟာ အလုံခြုံဆုံးပါပဲ့။ သစ်သားဟာ ကွေးလွယ် ညွတ်လွယ်လို့ ငလျင်လှိုင်းတွေနဲ့အတူ အလိုက်သင့်လှုပ်ရှားနိုင်ပါတယ်။ ပျဉ်ထောင်တစ်လုံးပြိုကျတယ်ဆိုဦးတော့၊ နေရာလွတ်တွေ အများကြီးချန်ထားခဲ့ပါလိမ့်မယ်။ ဒါအပြင် ပျဉ်ထောင်အိမ်တွေဟာ ပြိုကျရင် ပိမယ့် အလေးအချိန်လည်းနည်းပါးပါတယ်။

အုတ်တိုက်တွေကတော့ ငလျင်လှုပ်ရင် အုတ်ချပ်တွေအဖြစ် တစ်စစီပြိုကွဲသွားတတ်လို့ အောက်မှာရှိနေမယ့်လူတွေအတွက် အန္တရာယ်ရှိပါတယ်။

၄။ ညအချိန်ငလျင်လှုပ်တဲ့အခါကုတင်ပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်နေရင် ကုတင်ဘေးကိုသားလှိမ့်ချလိုက်ပါ။ ငလျင်လှုပ်ရင် ကုတင်ဘေးလိမ့်ဆင်းဖို့ အကြံပြုချက်တွေကိုသာ ကုတင်ခြေရင်းမြင်သာတဲ့နေရာမှာ ကပ်ထားပေးနိုင်မယ်ဆိုရင် လူအသေအပျောက်နည်းသွားနိုင်ပါတယ်။

၅။ ငလျင်လှုပ်ချိန်မှာ တံခါး၊ ဒါမှမဟုတ် ပြတင်းပေါက်ကနေထွက်ပြေးဖို့ အချိန်မရတော့ဘူးဆိုရင် ဆိုဖာကြီးကြီး ဒါမှမဟုတ် ဗီရိုကြီးကြီးဘေးမှာ ခွေခေါက်ပြီးနေလိုက်ပါ။

၆။ တံခါးကျည်းဘောင်အောက်မှာ ဝင်ပုန်းနေတဲ့သူတွေဟာ သေဆုံးကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငလျင်လှုပ်လို့ ကျည်းဘောင်ပြုတ်ထွက်သွားချိန်မှာ အပေါ်ကအုတ်၊ အင်္ဂတေအစရှိတာတွေ ပြိုကျလာနိုင်လို့ အခန့်မသင့်ရင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားနိုင်ပါတယ်၊

၇။ လှေခါးခွင်ထဲမှာ ဘယ်တော့မှမနေပါနဲ့။ လှေခါးတွေဟာ ပင်မအဆောက်အအုံနဲ့ တစ်ဆက်တည်းမရှိတတ်ဘဲ ပုခက်လွှဲသလို ယိမ်းခါနေအောင် တည်ဆောက်ထားတတ်တာမို့ ငလျင်လှုပ်ပြီဆိုရင် ပြုတ်ကျလာပြီးအောက်မှာရှိတဲ့ သူတွေကို လှေခါးထစ်တွေက အပိုင်းပိုင်းခုတ်ဖြတ်ပစ်တတ်ပါတယ်။

အဆောက်အအုံမပြိုကျနိုင်ဘူးဆိုရင်တောင် ထွက်ပြေးနေတဲ့သူတွေနဲ့ လှေခါးပြည့်သွားပြီး ပြုတ်ထွက်သွားနိုင်တဲ့ အန္တရာယ်ရှိလို့ လှေခါးကြံ့ခိုင်မှုကို မပြတ်စစ်ဆေးသင့်ပါတယ်။

၈။ နံရံတွေရဲ့ အတွင်းဘက်ထက် အပြင်ဘက်မှာ ရောက်နေစေဖို့ကြိုးစားပါ။ အတွင်းဘက်မှာ ရောက်နေလို့ အဆောက်အအုံပြိုကျခဲ့ရင် ထွက်ပေါက်ရှာမရ ဖြစ်တတ်ပါတယ်။

၉။ ငလျင်လှုပ်ချိန်မှာ မော်တော်ယာဉ်အတွင်းဝင်ရောက်ပုန်းအောင်းသူတွေဟာ ပြင်ပက အရာတွေသူတို့အပေါ်ပိတဲ့ခါ ထွက်ပြေးလို့မရဘဲ ပိသေကြရပါတယ်။

တကယ်လို့သာ ကားထဲကထွက်လာပြီး ကားဘေးနားမှာ ကပ်လျက် ခွေခေါက်အိပ်နေရင်တောင် အသက်ရှင်သန်မှုအခွင့်အရေး ပိုရှိနေပါသေးတယ်။ ကားတွေဟာ ဘယ်လောက်ပိပိသူတို့ရဲ့ဘေးကပ်လျက်မှာ သုံးပေလောက်ကွက်လပ်ကျန်ခဲ့တတ်ပါတယ်။ ဒီကွက်လပ်လေးဟာ အသက်ကယ်တြိဂံပါပဲ။

၁၀။ ပြိုကျပျက်စီးနေတဲ့ သတင်းစာတိုက်တွေနဲ့ စာရွက်အသုံးများတဲ့ အခြားရုံးတွေကို ဝင်ရောက်ကြည့်ရှုဖူးတဲ့အတွေ့အကြုံအရ စက္ကူတွေဟာ လွယ်လွယ်နဲ့ပြားကပ်မသွားတတ်တာတွေကို တွေ့ရပါတယ်။ စက္ကူပုံကြီးဘေးနားမှာဆိုရင်တော့ နေရာလွတ်ကြီးကြီးမားမား ကျန်တတ်ပါတယ်။

ဒီအချက်တွေကို ၁၉၉၆ခုနှစ်မှာ လက်တွေ့စမ်းသပ်ကြည့်ပြီးသားဖြစ်ပြီး တူရကီအစိုးရ၊ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ ARTI ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စမ်းသပ်ချက်မှာ သိပ္ပံနည်းကျ အဖြေထွက်ခဲ့ပါတယ်။

ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ လူသားတို့ရဲ့ခံစားမှုအတိုင်းသိရှိ ခံစားနိုင်တဲ့ လူတူစက်ရုပ် (၂၀)ကို ကျောင်းတစ်ကျောင်းနဲ့ နေအိမ်တစ်လုံးထဲထည့်ပြီး အဆောက်အအုံတွေကို ဖြိုချကြည့်ခဲ့ပါတယ်။

စက်ရုပ် (၁၀) ရုပ်ကို အောက်ထဲပြေးဝင်ပုန်းတဲ့ စနစ်အတိုင်း နေရာချထားခဲ့ပြီး ကျန်တဲ့စက်ရုပ် (၁၀)ရုပ်ကိုတော့ ကျွန်တော့ရဲ့ အသက်ကယ်တြိဂံနည်းစနစ်အတိုင်း နေရာချထားခဲ့ပါတယ်။ အဆောက်အအုံပြိုကျသွားပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ အဆောက်အအုံအပျက်ထဲဝင်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်။

အဲဒီအခါမှာ တစ်ခုခုအောက် ပြေးဝင်ပုန်းတဲ့နည်းကို သုံးရင် အသက်ရှင်စရာလမ်းမမြင်တဲ့ အနေအထားတွေမှာ အသက်ကယ်တြိဂံနည်းစနစ်ကို သုံးတဲ့သူတွေဟာ အသက်အန္တရာယ်ကနေ လွတ်ငြိမ်းချမ်းသာဖို့ ရာနှုန်းပြည့်ရှိနေတာကို တွေ့ခဲ့ရပါတော့တယ်။

ဒီဥပမာကို ကြည့်ခြင်းအားဖြင့် ငလျင်လှုပ်ပြီဆိုရင် ပြာယာခတ်မသွားပဲ ခိုင်ခံ့ပစ္စည်းတွေရှိတဲ့နေရာတွေဘေး ကွေးကွေးကလေး ဝင်ထိုင်နေတတ်ဖို့ လိုအပ်တယ်ဆိုတာ သိကြမယ်လို့ ထင်ပါတယ်။

ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်တွေ ပိုမိုဖြစ်ပွားလာလို့ လူသားတွေရဲ့ အသက်အန္တရာယ်ပိုမိုရှိလာတဲ့အတွက် တစ်ခုခုဖြစ်လာခဲ့လို့ရှိရင် အဆင်သင့်ဖြစ်နေစေဖို့ မိမိနေထိုင်ရာ အိမ်၊ ပတ်ဝန်းကျင်မှာ အသက်ကယ်ပစ္စည်းတွေ များများစားစား ထားရှိဖို့ လိုအပ်ပါမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အသက်ကယ်တြိဂံ ဘယ်နှခုရှိနိုင်တယ်ဆိုတာကို ကြိုတင်ရှာဖွေထားသင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။

( Doug Copp ၏ “ The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။) Credit: Original Writer Via ကိုဖေအောင် Myanmar News Market Page မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Za wgyi

ငလ်င္လႈပ္ရင္ ေဘးအႏၲရာယ္က လြတ္နိဳင္ေသာ “အသက္ကယ္ႀတိဂံ” မိတ္ေဆြမ်ားအားလုံး ဖတ္ျဖစ္ေအာင္ဖတ္ၾကပါ…

ငလ်င္လႈပ္ရင္ စားပြဲေအာက္မွာေနပါတို႔၊ တံခါးက်ည္းေဘာင္ေအာက္မွာ ေနပါတို႔ အစရွိသျဖင့္ အရပ္ေျပာစကားေတြရွိတာကို ၾကားဖူးၾကမွာပါ။

အဲဒါေတြအားလုံးကို ေခါင္းထဲက ထုတ္ပစ္လိုက္ပါေတာ့။ အခုေဆာင္းပါးကို ဖတ္ၿပီးတဲ့ေနာက္မွာ စာဖတ္ပရိတ္သတ္ေတြရဲ႕ အေတြးအေခၚေျပာင္းသြားႏိုင္ၿပီး တစ္ေန႔တစ္ေန႔မွာ သင္တို႔ရဲ႕ အသက္ေတြကို ကယ္တင္ႏိုင္ဖို႔ အေထာက္အကူျဖစ္ပါလိမ့္မယ္။

(Doug Copp ၏ “The Triangle of Life” ေဆာင္းပါးကို ဘာသာျပန္ဆိုပါသည္)

ကြၽန္ေတာ့နာမည္က ေဒါက္တာေကာ့ပ္ပါ။ ကြၽန္ေတာ္ဟာ ကမာၻေပၚမွာ အေတြ႕အႀကဳံ အရင့္ဆုံးကယ္ဆယ္ေရးအဖြဲ႕အစည္းျဖစ္တဲ့ အေမရီကန္အျပည္ျပည္ဆိုင္ရာ ကယ္ဆယ္ေရးအဖြဲ႕ ARTI ရဲ႕ကယ္ဆယ္ေရးအႀကီးအကဲႏွင့္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးမႉးရာထူးကို ရရွိထားသူပါ။ ကြၽန္ေတာ္ဟာ ၿပိဳက်ေနတဲ့ အေဆာက္အအုံ (၈၇၅) ခုထဲကို တြားသြားဝင္ေရာက္ခဲ့ဖူးပါတယ္။

ကမာၻ႔ႏိုင္ငံေပါင္း (၆၀)ေက်ာ္က ကယ္ဆယ္ေရးအဖြဲ႕အစည္းေတြနဲ႔ တြဲဖက္လုပ္ေဆာင္ခဲ့ဖူးၿပီး အခ်ိဳ႕ႏိုင္ငံေတြမွာဆိုရင္ ကယ္ဆယ္ေရးအဖြဲ႕ေတြကိုေတာင္ တည္ေထာင္ေပးခဲ့ဖူးပါတယ္။ ၁၉၈၅ခုႏွစ္ေနာက္ပိုင္းမွာ ကမာၻေပၚမွာ ျဖစ္ပ်က္ခဲ့သမွ် အႀကီးစားသဘာဝေဘးအႏၲရာယ္တိုင္းမွာ ဝင္ေရာက္ တာဝန္ထမ္းဖူးပါတယ္။

၁၉၈၅ခုႏွစ္၊ မကၠဆီကိုစီးတီး ငလ်င္ျဖစ္ၿပီးတဲ့ေနာက္ပိုင္း ကြၽန္ေတာ္ ေက်ာင္းတစ္ေက်ာင္းထဲကို အရင္ဆုံးတြားသြားဝင္ေရာက္တဲ့အခါမွာ ေက်ာင္းသားကေလးငယ္အားလုံး သူတို႔ေတြရဲ႕စာသင္စားပြဲေတြေအာက္မွာ ရွိေနတဲ့ျမင္ကြင္းပါပဲ့။ ဒါေပမယ့္ကေလးေတြအားလုံး အ႐ိုးေတြ စိစိညက္ညက္ေၾကတဲ့အထိပိမိေနၾကတာကို စိတ္မခ်မ္းေျမ့ဖြယ္ျမင္ေတြ႕ခဲ့ရပါတယ္။

တကယ္လို႔သာ ကေလးငယ္ေတြဟာ အခန္းအလယ္ေလွ်ာက္လမ္းထဲက သူတို႔ေတြရဲ႕ စာသင္ခုံေတြနဲ႔ ေဘးကပ္လ်က္လဲေလ်ာင္းေနခဲ့မယ္ဆိုရင္ေတာင္ အသက္ဆုံးရႈံးခ်င္မွ ဆုံးရႈံးၾကရမွာပါ။

အရွင္ဆုံးေျပာပါမယ္။ အေဆာက္အအုံးတစ္ခု ၿပိဳက်တဲ့အခါ မ်က္ႏွာၾကက္ေတြရဲ႕ အေလးခ်ိန္ဟာ ပရိေဘာဂေတြရဲ႕အေပၚတည့္တည့္ကိုသက္ေရာက္တာေၾကာင့္ ေအာက္တည့္တည့္မွာ ရွိတဲ့ အရာဝတၱဳအားလုံးေၾကမြသြားၾကပါတယ္။

ဒါေပမဲ့ အဲဒီအပ်က္အစီးပုံရဲ႕ ေဘးေနရာေလးေတြကေတာ့ ကလိုင္မ်ားအျဖစ္က်န္ခဲ့ပါတယ္။ အဲဒီေနရာအလြတ္ေတြကို ကြၽန္ေတာ္က “အသက္ကယ္ႀတိဂံ” လို႔ အမည္ေပးထားပါတယ္။

အရာဝတၱဳတစ္ခုဟာ ႀကီးမားေတာင့္တင္းေလ ပိုမိုခိုင္ခံ့ေလျဖစ္လို႔ သူတို႔ရဲ႕ေဘးက ကြက္လပ္ဟာလည္း ပိုၿပီးႀကီးမားႏိုင္ပါတယ္။ ဒီေတာ့ လူသားေတြအေနနဲ႔ အဲဒီေနရာလြတ္ထဲမွာ ေဘးမသီရန္မခေနထိုင္ႏိုင္ဖို႔ အခြင့္သာသြားေစပါတယ္။

ငလ်င္ေၾကာင့္ၿပိဳပ်က္ေနတဲ့ အေဆာက္အအုံပုံေတြကို တီဗြီမွာ ေတြ႕ရတဲ့အခါ အသက္ကယ္ႀတိဂံေတြကို လိုက္ၿပီးေရတြက္ၾကည့္ပါ။ ၿပိဳပ်က္ေနတဲ့ အေဆာက္အအုံတစ္ခုအထဲမွာ အမ်ားဆုံး ဂ်ီၾသေမႀတီပုံသဏၭာန္ကေတာ့ ႀတိဂံျဖစ္ၿပီးေနရာတကာမွာ ေတြ႕ရပါလိမ့္မယ္။

ေဘးကင္းဖို႔ လက္တို႔အၫႊန္း

၁။ ငလ်င္လႈပ္လို႔ အေဆာက္အအုံတစ္ခုၿပိဳေတာ့မလို ဟန္ျပင္ေနရင္ လူေတာ္ေတာ္မ်ားမ်ားဟာ တစ္ခုခုေအာက္ထဲဝင္ပုန္းဖို႔ေလာက္ပဲ သိၾကလို႔ အေဆာက္အအုံပိေသၾကရပါတယ္။ စာေရးစားပြဲေတြ ကားေတြအစရွိတဲ့အရာေတြ ေအာက္ဝင္ပုန္းသူေတြဟာ အျဖစ္ဆိုးနဲ႔ႀကဳံေတြၾကရပါတယ္

၂။ ေခြးေတြေၾကာင္ေတြနဲ႔ကေလးငယ္ေတြဟာ သေႏၶသားေလာင္းပုံစံ အတိုင္းေခြအိပ္ေလ့ရွိတာကို ျမင္ဖူးၾကမွာပါ။ ငလ်င္လႈပ္ၿပီဆိုရင္လည္း အဲလိုအေနအထားနဲ႔ ေျမႀကီးေပၚမွာ လဲေလ်ာင္းေနသင့္ပါတယ္။ ဒါဟာ သဘာဝကေပးတဲ့ ေဘးကင္းလုံၿခဳံေရးအသိပညာပါပဲ။

ေခြေခါက္ေနျခင္းအားျဖင့္ ေနရာလြတ္ေသးေသးေလးထဲမွာ အသက္ရွင္ရက္က်န္ရွိဖို႔ အခြင့္သားသြားေစပါတယ္။ အလြယ္တကူျပားခ်ပ္မသြားႏိုင္တဲ့ ဆိုဖာခုံ၊ ခုတင္အစရွိတဲ့ ထုထည္ႀကီးႀကီး အရာေတြေဘးမွာေခြေခါက္ေနလို႔ရမယ့္ ေနရာလြတ္မ်ိဳးေတြရွိတတ္ပါတယ္။

၃။ ငလ်င္လႈပ္ေနစဥ္ကာလအတြင္းမွာပ်ဥ္ေထာင္အိမ္ေတြဟာ အလုံၿခဳံဆုံးပါပဲ့။ သစ္သားဟာ ေကြးလြယ္ ၫြတ္လြယ္လို႔ ငလ်င္လႈိင္းေတြနဲ႔အတူ အလိုက္သင့္လႈပ္ရွားႏိုင္ပါတယ္။ ပ်ဥ္ေထာင္တစ္လုံးၿပိဳက်တယ္ဆိုဦးေတာ့၊ ေနရာလြတ္ေတြ အမ်ားႀကီးခ်န္ထားခဲ့ပါလိမ့္မယ္။ ဒါအျပင္ ပ်ဥ္ေထာင္အိမ္ေတြဟာ ၿပိဳက်ရင္ ပိမယ့္ အေလးအခ်ိန္လည္းနည္းပါးပါတယ္။

အုတ္တိုက္ေတြကေတာ့ ငလ်င္လႈပ္ရင္ အုတ္ခ်ပ္ေတြအျဖစ္ တစ္စစီၿပိဳကြဲသြားတတ္လို႔ ေအာက္မွာရွိေနမယ့္လူေတြအတြက္ အႏၲရာယ္ရွိပါတယ္။

၄။ ညအခ်ိန္ငလ်င္လႈပ္တဲ့အခါကုတင္ေပၚမွာ တိုက္တိုက္ဆိုင္ဆိုင္ေရာက္ေနရင္ ကုတင္ေဘးကိုသားလွိမ့္ခ်လိုက္ပါ။ ငလ်င္လႈပ္ရင္ ကုတင္ေဘးလိမ့္ဆင္းဖို႔ အႀကံျပဳခ်က္ေတြကိုသာ ကုတင္ေျခရင္းျမင္သာတဲ့ေနရာမွာ ကပ္ထားေပးႏိုင္မယ္ဆိုရင္ လူအေသအေပ်ာက္နည္းသြားႏိုင္ပါတယ္။

၅။ ငလ်င္လႈပ္ခ်ိန္မွာ တံခါး၊ ဒါမွမဟုတ္ ျပတင္းေပါက္ကေနထြက္ေျပးဖို႔ အခ်ိန္မရေတာ့ဘူးဆိုရင္ ဆိုဖာႀကီးႀကီး ဒါမွမဟုတ္ ဗီ႐ိုႀကီးႀကီးေဘးမွာ ေခြေခါက္ၿပီးေနလိုက္ပါ။

၆။ တံခါးက်ည္းေဘာင္ေအာက္မွာ ဝင္ပုန္းေနတဲ့သူေတြဟာ ေသဆုံးၾကရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ငလ်င္လႈပ္လို႔ က်ည္းေဘာင္ျပဳတ္ထြက္သြားခ်ိန္မွာ အေပၚကအုတ္၊ အဂၤေတအစရွိတာေတြ ၿပိဳက်လာႏိုင္လို႔ အခန႔္မသင့္ရင္ ခႏၶာကိုယ္ ႏွစ္ပိုင္းျပတ္သြားႏိုင္ပါတယ္၊

၇။ ေလွခါးခြင္ထဲမွာ ဘယ္ေတာ့မွမေနပါနဲ႔။ ေလွခါးေတြဟာ ပင္မအေဆာက္အအုံနဲ႔ တစ္ဆက္တည္းမရွိတတ္ဘဲ ပုခက္လႊဲသလို ယိမ္းခါေနေအာင္ တည္ေဆာက္ထားတတ္တာမို႔ ငလ်င္လႈပ္ၿပီဆိုရင္ ျပဳတ္က်လာၿပီးေအာက္မွာရွိတဲ့ သူေတြကို ေလွခါးထစ္ေတြက အပိုင္းပိုင္းခုတ္ျဖတ္ပစ္တတ္ပါတယ္။

အေဆာက္အအုံမၿပိဳက်ႏိုင္ဘူးဆိုရင္ေတာင္ ထြက္ေျပးေနတဲ့သူေတြနဲ႔ ေလွခါးျပည့္သြားၿပီး ျပဳတ္ထြက္သြားႏိုင္တဲ့ အႏၲရာယ္ရွိလို႔ ေလွခါးႀကံ့ခိုင္မႈကို မျပတ္စစ္ေဆးသင့္ပါတယ္။

၈။ နံရံေတြရဲ႕ အတြင္းဘက္ထက္ အျပင္ဘက္မွာ ေရာက္ေနေစဖို႔ႀကိဳးစားပါ။ အတြင္းဘက္မွာ ေရာက္ေနလို႔ အေဆာက္အအုံၿပိဳက်ခဲ့ရင္ ထြက္ေပါက္ရွာမရ ျဖစ္တတ္ပါတယ္။

၉။ ငလ်င္လႈပ္ခ်ိန္မွာ ေမာ္ေတာ္ယာဥ္အတြင္းဝင္ေရာက္ပုန္းေအာင္းသူေတြဟာ ျပင္ပက အရာေတြသူတို႔အေပၚပိတဲ့ခါ ထြက္ေျပးလို႔မရဘဲ ပိေသၾကရပါတယ္။

တကယ္လို႔သာ ကားထဲကထြက္လာၿပီး ကားေဘးနားမွာ ကပ္လ်က္ ေခြေခါက္အိပ္ေနရင္ေတာင္ အသက္ရွင္သန္မႈအခြင့္အေရး ပိုရွိေနပါေသးတယ္။ ကားေတြဟာ ဘယ္ေလာက္ပိပိသူတို႔ရဲ႕ေဘးကပ္လ်က္မွာ သုံးေပေလာက္ကြက္လပ္က်န္ခဲ့တတ္ပါတယ္။ ဒီကြက္လပ္ေလးဟာ အသက္ကယ္ႀတိဂံပါပဲ။

၁၀။ ၿပိဳက်ပ်က္စီးေနတဲ့ သတင္းစာတိုက္ေတြနဲ႔ စာ႐ြက္အသုံးမ်ားတဲ့ အျခား႐ုံးေတြကို ဝင္ေရာက္ၾကည့္ရႈဖူးတဲ့အေတြ႕အႀကဳံအရ စကၠဴေတြဟာ လြယ္လြယ္နဲ႔ျပားကပ္မသြားတတ္တာေတြကို ေတြ႕ရပါတယ္။ စကၠဴပုံႀကီးေဘးနားမွာဆိုရင္ေတာ့ ေနရာလြတ္ႀကီးႀကီးမားမား က်န္တတ္ပါတယ္။

ဒီအခ်က္ေတြကို ၁၉၉၆ခုႏွစ္မွာ လက္ေတြ႕စမ္းသပ္ၾကည့္ၿပီးသားျဖစ္ၿပီး တူရကီအစိုးရ၊ အစၥတန္ဘူလ္ၿမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႕နဲ႔ ARTI ပူးေပါင္းလုပ္ေဆာင္ခဲ့တဲ့ စမ္းသပ္ခ်က္မွာ သိပၸံနည္းက် အေျဖထြက္ခဲ့ပါတယ္။

ကြၽန္ေတာ္တို႔ ပူးေပါင္းအဖြဲ႕ဟာ လူသားတို႔ရဲ႕ခံစားမႈအတိုင္းသိရွိ ခံစားႏိုင္တဲ့ လူတူစက္႐ုပ္ (၂၀)ကို ေက်ာင္းတစ္ေက်ာင္းနဲ႔ ေနအိမ္တစ္လုံးထဲထည့္ၿပီး အေဆာက္အအုံေတြကို ၿဖိဳခ်ၾကည့္ခဲ့ပါတယ္။

စက္႐ုပ္ (၁၀) ႐ုပ္ကို ေအာက္ထဲေျပးဝင္ပုန္းတဲ့ စနစ္အတိုင္း ေနရာခ်ထားခဲ့ၿပီး က်န္တဲ့စက္႐ုပ္ (၁၀)႐ုပ္ကိုေတာ့ ကြၽန္ေတာ့ရဲ႕ အသက္ကယ္ႀတိဂံနည္းစနစ္အတိုင္း ေနရာခ်ထားခဲ့ပါတယ္။ အေဆာက္အအုံၿပိဳက်သြားၿပီးတဲ့ေနာက္မွာေတာ့ ကြၽန္ေတာ္တို႔ ပူးေပါင္းအဖြဲ႕ဟာ အေဆာက္အအုံအပ်က္ထဲဝင္ၿပီး မွတ္တမ္းတင္ခဲ့ပါတယ္။

အဲဒီအခါမွာ တစ္ခုခုေအာက္ ေျပးဝင္ပုန္းတဲ့နည္းကို သုံးရင္ အသက္ရွင္စရာလမ္းမျမင္တဲ့ အေနအထားေတြမွာ အသက္ကယ္ႀတိဂံနည္းစနစ္ကို သုံးတဲ့သူေတြဟာ အသက္အႏၲရာယ္ကေန လြတ္ၿငိမ္းခ်မ္းသာဖို႔ ရာႏႈန္းျပည့္ရွိေနတာကို ေတြ႕ခဲ့ရပါေတာ့တယ္။

ဒီဥပမာကို ၾကည့္ျခင္းအားျဖင့္ ငလ်င္လႈပ္ၿပီဆိုရင္ ျပာယာခတ္မသြားပဲ ခိုင္ခံ့ပစၥည္းေတြရွိတဲ့ေနရာေတြေဘး ေကြးေကြးကေလး ဝင္ထိုင္ေနတတ္ဖို႔ လိုအပ္တယ္ဆိုတာ သိၾကမယ္လို႔ ထင္ပါတယ္။

ကမာၻႀကီးမွာ သဘာဝေဘးအႏၲရာယ္ေတြ ပိုမိုျဖစ္ပြားလာလို႔ လူသားေတြရဲ႕ အသက္အႏၲရာယ္ပိုမိုရွိလာတဲ့အတြက္ တစ္ခုခုျဖစ္လာခဲ့လို႔ရွိရင္ အဆင္သင့္ျဖစ္ေနေစဖို႔ မိမိေနထိုင္ရာ အိမ္၊ ပတ္ဝန္းက်င္မွာ အသက္ကယ္ပစၥည္းေတြ မ်ားမ်ားစားစား ထားရွိဖို႔ လိုအပ္ပါမယ္။ ကိုယ့္ပတ္ဝန္းက်င္မွာ အသက္ကယ္ႀတိဂံ ဘယ္ႏွခုရွိႏိုင္တယ္ဆိုတာကို ႀကိဳတင္ရွာေဖြထားသင့္ပါတယ္လို႔ အႀကံျပဳလိုက္ပါရေစ။

( Doug Copp ၏ “ The Triangle of Life” ေဆာင္းပါးကို ဘာသာျပန္ဆိုပါသည္။) Credit: Original Writer Via ကိုေဖေအာင္ Myanmar News Market Page မွ ကူးယူေဖာ္ျပျခင္းျဖစ္ပါသည္။

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …