ေသြးေၾကာက်ဥ္းေျမာင္း ပိတ္ဆို႔မႈကို သက္သာေစတဲ့ အစားအစာ အမ်ိဳး ၂၀ - YATHAZONE

ေသြးေၾကာက်ဥ္းေျမာင္း ပိတ္ဆို႔မႈကို သက္သာေစတဲ့ အစားအစာ အမ်ိဳး ၂၀

Health

ေသြးေၾကာက်ဥ္းေျမာင္း ပိတ္ဆို႔မႈကို သက္သာေစတဲ့ အစားအစာ အမ်ိဳး ၂၀

ေသြးေၾကာေတြဟာ အခ်ိန္ၾကာလာတာနဲ႔ အမွ် တင္းမာလာၿပီး က်ဥ္းေျမာင္းပိတ္ဆို႔ဖို႔ လြယ္လာပါတယ္။ ဒီလို မျဖစ္ေအာင္ ေသြးေၾကာက်န္းမာေရးကို ငယ္႐ြယ္စဥ္ကတည္းက ဂ႐ုစိုက္သင့္ပါတယ္။ တခ်ိဳ႕ အစားအစာေတြက ေသြးေၾကာက်ဥ္းေျမာင္းပိတ္ဆို႔မႈကို ကာကြယ္ေပးႏိုင္ၿပီး က်ဥ္းေျမာင္းေနတဲ့ ေသြးေၾကာေတြကို ျပန္လည္သက္သာ ေကာင္းမြန္လာေစႏိုင္ပါတယ္။

၁။ ေကြကာအုပ္

ေကြကာအုပ္မွာ ေပ်ာ္ဝင္ႏိုင္တဲ့ အမွ်င္ဓာတ္မ်ားစြာ ပါဝင္ပါတယ္။ ဒီအမွ်င္ဓာတ္ေတြက ေသြးေၾကာက်ဥ္းေျမာင္းေစတဲ့ မေကာင္းတဲ့ LDL ကိုလက္စထေရာကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

၂။ ပဲအမ်ိဳးမ်ိဳး

အမွ်င္ဓာတ္မ်ားစြာ ပါဝင္တဲ့ ပဲေတြဟာ ေသြးေၾကာေတြရဲ႕ က်ဳံ႕ဆန႔္ႏိုင္စြမ္းကို တိုးတက္ေစၿပီး ေသြးဖိအားကို ေလွ်ာ့ခ်ေပးပါတယ္။ ဓာတ္တိုးဆန႔္က်င္ပစၥည္း ပါဝင္တဲ့အတြက္ ႏွလုံးေရာဂါကို ျဖစ္ေစႏိုင္တဲ့ ေရာင္ရမ္းျခင္းေတြကိုလည္းေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

၃။ ပဲနီေလး

ပဲအမ်ိဳးအစားဝင္ျဖစ္တဲ့အတြက္ ပဲေတြလို ေကာင္းက်ိဳးရတဲ့အျပင္ အသားဓာတ္လည္း မ်ားစြာပါဝင္ပါတယ္။ ေသြးဖိအား မ်ားတာေၾကာင့္ျဖစ္တဲ့ ေသြးေၾကာပ်က္ဆီးမႈကိုလည္း ျပန္လည္ ေကာင္းမြန္ေစႏိုင္ပါတယ္။ ပဲနီေလးမွာ အသားနဲ႔အမွ်င္ဓာတ္ မ်ားတဲ့အျပင္ ေသြးဖိအားကို ေလ်ာ့က်ေစႏိုင္တဲ့ ကယ္လ္စီယမ္၊ ပိုတက္စီယမ္နဲ႔ မဂၢနီဆီယမ္ဓာတ္ေတြ ပါဝင္ပါတယ္။

၄။ ငါး အမ်ိဳးမ်ိဳး

ငါးမွာ ပါဝင္တဲ့ အိုမီဂါ ၃ ဖက္တီးအက္စစ္ က ဦးေႏွာက္က်န္းမာေရးကို ေကာင္းမြန္ေစတာကို သိၿပီး ျဖစ္ပါတယ္။ ဒါ့အျပင္ အိုမီဂါ ၃ ဖက္တီးအက္စစ္ က ေရာင္ရမ္းမႈေတြကို ေလွ်ာ့ခ်ေပးႏိုင္ၿပီး ေသြးေၾကာအတြင္းမွာ ေသြးခဲျဖစ္ေပၚမႈကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

၅။ ေထာပတ္သီး

ေထာပတ္သီးမွာ ပါဝင္တဲ့ မျပည့္ဝဆီေတြက မေကာင္းတဲ့ LDL ကိုလက္စထေရာကို ေလ်ာ့နည္းေစႏိုင္ၿပီး ေကာင္းတဲ့ HDL ကိုလက္စထေရာကို မ်ားျပားေစတဲ့အတြက္ ႏွလုံးနဲ႔ ေသြးေၾကာက်န္းမာေရးအတြက္ ေကာင္းမြန္ေစပါတယ္။

၆။ Pistachios – စိမ္းဝါေရာင္ရွိတဲ့ အခြံမာေစ့တစ္မ်ိဳး

အခြံမာသီးမွာ ပါဝင္တဲ့ အဆီေတြဟာ ႏွလုံး က်န္းမာေရးအတြက္ေကာင္းမြန္ပါတယ္။ Pistachios မွာ ဒီအခ်က္ေတြအျပင္ စတီေရာ လို႔ေခၚတဲ့ ဓာတ္တစ္မ်ိဳး ပါဝင္တဲ့အတြက္ အူလမ္းေၾကာင္းကေန ကိုလက္စထေရာ စုပ္ယူမႈကို ေလွ်ာ့ခ်ေပးပါတယ္။

၇။ နႏြင္း

နႏြင္းမွာ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ ပါဝင္တဲ့အတြက္ ေသြးေၾကာမွာ အဆီစုလာျခင္းကို တားဆီးေပးၿပီး ေသြးေၾကာက်ဥ္းတာကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

၈။ ပန္းေဂၚဖိစိမ္း

ေလ့လာစမ္းသပ္ခ်က္ေတြ အရေတာ့ ပန္းေဂၚဖိစိမ္းမွာ ပါဝင္တဲ့ Sulforaphane- ဆာဖိုရာဖိန္း ဆိုတဲ့ ဓာတ္တစ္မ်ိဳးက ပ႐ိုတင္းဓာတ္တစ္မ်ိဳးကို ထုတ္ဖို႔အားေပးၿပီး ေသြးေၾကာပိတ္ဆို႔မႈကို ကာကြယ္ေပးႏိုင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ပန္းေဂၚဖီစိမ္းမွာ ဓာတ္တိုးဆန႔္က်င္ သတၱိလည္း ရွိပါတယ္။

၉။ ကၫြတ္

ကၫြတ္မွာပါဝင္တဲ့ Quercetin- ကြာစီတင္ ဆိုတဲ့ဓာတ္တစ္မ်ိဳးက ေသြးေၾကာပိတ္ဆို႔မႈကို ကာကြယ္ေပးႏိုင္ပါတယ္။

၁၀။ ဖရဲသီး

ဖရဲသီးမွာ Citrulline – စစ္႐ူလိုင္း ဆိုတဲ့ ဓာတ္တစ္မ်ိဳး ပါဝင္ပါတယ္။ Citrulline – စစ္႐ူလိုင္း ဆိုတာ Nitric Oxide- ႏိုက္စရစ္အက္စစ္ ဆိုတဲ့ ဓာတ္တစ္မ်ိဳးကို ထုတ္လုပ္ေပးၿပီး ေသြးေၾကာေတြ မာေက်ာေတာင့္တင္းလာတာကို ကာကြယ္ေပးပါတယ္။

၁၁။ ဂ်ဳံၾကမ္း- Whole Grain

ဂ်ဳံၾကမ္းနဲ႔ လုပ္တဲ့ ေခါက္ဆြဲ၊ ေပါင္မုန႔္ စတာေတြက ႏုလုံးက်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။ သူ႔ဆီမွာ ပါဝင္တဲ့ အမွ်င္ဓာတ္က ေသြးတြင္းက မေကာင္းတဲ့အဆီေတြ စြန႔္ထုတ္တာကို ကူညီေပးၿပီး အူတြင္းမွ ေကာင္းတဲ့ပိုးမႊားေတြကို ထိန္းသိမ္းေပးပါတယ္။

၁၂။ DHA ပါဝင္တဲ့ ႏို႔

အသက္ႀကီးလာတာနဲ႔အမွ် ေသြးေၾကာေတြ မာေၾကာလာပါတယ္။ ဒီလိုျဖစ္လာတာကို ကာကြယ္ဖို႔အတြက္ DHA ဆိုတဲ့ ဓာတ္တစ္မ်ိဳး လိုအပ္ပါတယ္။ DHA ဟာ အမ်ားအားျဖင့္ ပင္လယ္စာေတြမွာ ပါဝင္ပါတယ္။ ငါးမစားတဲ့သူေတြအတြက္ေတာ့ DHA ထည့္ထားတဲ့ ႏို႔ကို ေသာက္သုံးေပးသင့္ပါတယ္။

၁၃။ အာလူး

အာလူးမွာ ပိုတက္ဆီယမ္ ႂကြယ္ဝတဲ့အတြက္ ေသြးဖိအားကို က်ေစပါတယ္။ ဒါ့အျပင္ အမွ်င္ဓာတ္မ်ားစြာလည္း ပါဝင္ပါေသးတယ္။

၁၄။ ေခ်ာကလက္

ကိုကိုးေစ့မွာ ပါဝင္တဲ့ ဓာတ္တိုးဆန႔္က်င္သတၱိက ႏွလုံးက်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။ ေခ်ာကလက္ထဲမွာဆို ကိုကိုးဓာတ္ပမာဏ ၂၀ ရာခိုင္ႏႈန္းေက်ာ္ပါဝင္တဲ့ ေခ်ာကလက္အမည္း (Dark Chocolate) ကို ေ႐ြးသင့္ပါတယ္။

၁၅။ ေကာ္ဖီ

ေကာ္ဖီေစ့ကလည္း တျခားအေစ့အစံေတြလိုပဲ ဓာတ္တိုးဆန႔္က်င္သတၱိ ပါဝင္တဲ့အတြက္ ႏွလုံးက်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။

၁၆။ ဝိုင္

ဝိုင္နီမွာ အိုမင္းရင့္ေရာ္ျခင္းကို ေႏွးေကြးေစတဲ့ Resveratrol ဆိုတဲ့ ဓာတ္ပါဝင္ပါတယ္။ ေရာင္ရမ္းမႈကိုလည္း ေလွ်ာ့ေစႏိုင္ပါတယ္။ ဝိုင္နီကို အသင့္အတင့္ ေသာက္သုံးေပးတာက ႏွလုံးက်န္းမာေရးကို ေကာင္းမြန္ေစႏိုင္ပါတယ္။

၁၇။ ၾကက္ဥ

ၾကက္ဥထဲမွာပါတဲ့ အဆီက ခႏၶာကိုယ္အတြက္ေကာင္းတဲ့ HDL ကိုလက္စထေရာကို မ်ားေစပါတယ္။ ၾကက္ဥကို ေန႔စဥ္စားေပးတာေၾကာင့္ ႏွလုံးေရာဂါျဖစ္ပြားႏိုင္ေျခကို ၁၁ ရာခိုင္ႏႈန္းထိ ေလွ်ာ့ေပးႏိုင္ပါတယ္။

၁၇။ ဘယ္ရီသီးမ်ား

ဘယ္ရီ အမ်ိဳးအစားဝင္ အသီးေတြမွာ အမွ်င္ဓာတ္နဲ႔ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ အမ်ားအျပား ပါဝင္ပါတယ္။ ဒါ့အျပင္ Anthocyanins – အန္သိုဆိုင္းယမ္နင္း ဆိုတဲ့ဓာတ္တစ္မ်ိဳး ပါဝင္တဲ့အတြက္ ေသြးေၾကာေတြကို က်ယ္ေစပါတယ္။

၁၉။ လက္ဖက္စိမ္း

လက္ဖက္စိမ္းမွာ ပါတဲ့ EGCG ဆိုတဲ့ ဓာတ္တစ္မ်ိဳးက ေသြးေၾကာေတြမွာ စုပုံတဲ့ အဆီေတြ ကို ေသးငယ္သြားေစႏိုင္ၿပီး ခႏၶာကိုယ္အတြင္းက မေကာင္းတဲ့ ကိုလက္စထေရာေတြကိုပါ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

၂၀။ အခ်ဥ္ေဖာက္ထားတဲ့ အစားအစာ

Probiotics ေတြမွာ အူလမ္းေၾကာင္းက်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ ပိုးေတြကို အေထာက္အပံ့ ေပးႏိုင္တဲ့အတြက္ ေနာက္ပိုင္းမွာ လူသုံးမ်ားလာပါတယ္။

Probiotics ေတြလိုပဲ အခ်ဥ္ေဖာက္ထားတဲ့ အစားအစာေတြ ျဖစ္တဲ့ ဒိန္ခ်ဥ္ ကင္ခ်ီ စတာေတြကလည္း အူလမ္းေၾကာင္း က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။ ေနာက္ပိုင္း ေလ့လာမႈေတြမွာဆိုရင္ အခ်ဥ္ေဖာက္ထားတဲ့ အစားအစာေတြက ေသြးဖိအားကို က်ေစႏိုင္ၿပီး မေကာင္းတဲ့ အဆီေတြကို က်ေစႏိုင္တာကိုပါ ေတြ႕ရပါတယ္။

Uni code

သွေးကြောကျဉ်းမြောင်း ပိတ်ဆို့မှုကို သက်သာစေတဲ့ အစားအစာ အမျိုး ၂၀

သွေးကြောတွေဟာ အချိန်ကြာလာတာနဲ့ အမျှ တင်းမာလာပြီး ကျဉ်းမြောင်းပိတ်ဆို့ဖို့ လွယ်လာပါတယ်။ ဒီလို မဖြစ်အောင် သွေးကြောကျန်းမာရေးကို ငယ်ရွယ်စဉ်ကတည်းက ဂရုစိုက်သင့်ပါတယ်။ တချို့ အစားအစာတွေက သွေးကြောကျဉ်းမြောင်းပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်ပြီး ကျဉ်းမြောင်းနေတဲ့ သွေးကြောတွေကို ပြန်လည်သက်သာ ကောင်းမွန်လာစေနိုင်ပါတယ်။

၁။ ကွေကာအုပ်

ကွေကာအုပ်မှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ ဒီအမျှင်ဓာတ်တွေက သွေးကြောကျဉ်းမြောင်းစေတဲ့ မကောင်းတဲ့ LDL ကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။

၂။ ပဲအမျိုးမျိုး

အမျှင်ဓာတ်များစွာ ပါဝင်တဲ့ ပဲတွေဟာ သွေးကြောတွေရဲ့ ကျုံ့ဆန့်နိုင်စွမ်းကို တိုးတက်စေပြီး သွေးဖိအားကို လျှော့ချပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တဲ့အတွက် နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ ရောင်ရမ်းခြင်းတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။

၃။ ပဲနီလေး

ပဲအမျိုးအစားဝင်ဖြစ်တဲ့အတွက် ပဲတွေလို ကောင်းကျိုးရတဲ့အပြင် အသားဓာတ်လည်း များစွာပါဝင်ပါတယ်။ သွေးဖိအား များတာကြောင့်ဖြစ်တဲ့ သွေးကြောပျက်ဆီးမှုကိုလည်း ပြန်လည် ကောင်းမွန်စေနိုင်ပါတယ်။ ပဲနီလေးမှာ အသားနဲ့အမျှင်ဓာတ် များတဲ့အပြင် သွေးဖိအားကို လျော့ကျစေနိုင်တဲ့ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်ပါတယ်။

၄။ ငါး အမျိုးမျိုး

ငါးမှာ ပါဝင်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ် က ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေတာကို သိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အိုမီဂါ ၃ ဖက်တီးအက်စစ် က ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်ပြီး သွေးကြောအတွင်းမှာ သွေးခဲဖြစ်ပေါ်မှုကို လျှော့ချပေးနိုင်ပါတယ်။

၅။ ထောပတ်သီး

ထောပတ်သီးမှာ ပါဝင်တဲ့ မပြည့်ဝဆီတွေက မကောင်းတဲ့ LDL ကိုလက်စထရောကို လျော့နည်းစေနိုင်ပြီး ကောင်းတဲ့ HDL ကိုလက်စထရောကို များပြားစေတဲ့အတွက် နှလုံးနဲ့ သွေးကြောကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

၆။ Pistachios – စိမ်းဝါရောင်ရှိတဲ့ အခွံမာစေ့တစ်မျိုး

အခွံမာသီးမှာ ပါဝင်တဲ့ အဆီတွေဟာ နှလုံး ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ Pistachios မှာ ဒီအချက်တွေအပြင် စတီရော လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ပါဝင်တဲ့အတွက် အူလမ်းကြောင်းကနေ ကိုလက်စထရော စုပ်ယူမှုကို လျှော့ချပေးပါတယ်။

၇။ နနွင်း

နနွင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက် သွေးကြောမှာ အဆီစုလာခြင်းကို တားဆီးပေးပြီး သွေးကြောကျဉ်းတာကို လျှော့ချပေးနိုင်ပါတယ်။

၈။ ပန်းဂေါ်ဖိစိမ်း

လေ့လာစမ်းသပ်ချက်တွေ အရတော့ ပန်းဂေါ်ဖိစိမ်းမှာ ပါဝင်တဲ့ Sulforaphane- ဆာဖိုရာဖိန်း ဆိုတဲ့ ဓာတ်တစ်မျိုးက ပရိုတင်းဓာတ်တစ်မျိုးကို ထုတ်ဖို့အားပေးပြီး သွေးကြောပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီစိမ်းမှာ ဓာတ်တိုးဆန့်ကျင် သတ္တိလည်း ရှိပါတယ်။

၉။ ကညွတ်

ကညွတ်မှာပါဝင်တဲ့ Quercetin- ကွာစီတင် ဆိုတဲ့ဓာတ်တစ်မျိုးက သွေးကြောပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်ပါတယ်။

၁၀။ ဖရဲသီး

ဖရဲသီးမှာ Citrulline – စစ်ရူလိုင်း ဆိုတဲ့ ဓာတ်တစ်မျိုး ပါဝင်ပါတယ်။ Citrulline – စစ်ရူလိုင်း ဆိုတာ Nitric Oxide- နိုက်စရစ်အက်စစ် ဆိုတဲ့ ဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးပြီး သွေးကြောတွေ မာကျောတောင့်တင်းလာတာကို ကာကွယ်ပေးပါတယ်။

၁၁။ ဂျုံကြမ်း- Whole Grain

ဂျုံကြမ်းနဲ့ လုပ်တဲ့ ခေါက်ဆွဲ၊ ပေါင်မုန့် စတာတွေက နုလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ သူ့ဆီမှာ ပါဝင်တဲ့ အမျှင်ဓာတ်က သွေးတွင်းက မကောင်းတဲ့အဆီတွေ စွန့်ထုတ်တာကို ကူညီပေးပြီး အူတွင်းမှ ကောင်းတဲ့ပိုးမွှားတွေကို ထိန်းသိမ်းပေးပါတယ်။

၁၂။ DHA ပါဝင်တဲ့ နို့

အသက်ကြီးလာတာနဲ့အမျှ သွေးကြောတွေ မာကြောလာပါတယ်။ ဒီလိုဖြစ်လာတာကို ကာကွယ်ဖို့အတွက် DHA ဆိုတဲ့ ဓာတ်တစ်မျိုး လိုအပ်ပါတယ်။ DHA ဟာ အများအားဖြင့် ပင်လယ်စာတွေမှာ ပါဝင်ပါတယ်။ ငါးမစားတဲ့သူတွေအတွက်တော့ DHA ထည့်ထားတဲ့ နို့ကို သောက်သုံးပေးသင့်ပါတယ်။

၁၃။ အာလူး

အာလူးမှာ ပိုတက်ဆီယမ် ကြွယ်ဝတဲ့အတွက် သွေးဖိအားကို ကျစေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်များစွာလည်း ပါဝင်ပါသေးတယ်။

၁၄။ ချောကလက်

ကိုကိုးစေ့မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိက နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ချောကလက်ထဲမှာဆို ကိုကိုးဓာတ်ပမာဏ ၂၀ ရာခိုင်နှုန်းကျော်ပါဝင်တဲ့ ချောကလက်အမည်း (Dark Chocolate) ကို ရွေးသင့်ပါတယ်။

၁၅။ ကော်ဖီ

ကော်ဖီစေ့ကလည်း တခြားအစေ့အစံတွေလိုပဲ ဓာတ်တိုးဆန့်ကျင်သတ္တိ ပါဝင်တဲ့အတွက် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

၁၆။ ဝိုင်

ဝိုင်နီမှာ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတဲ့ Resveratrol ဆိုတဲ့ ဓာတ်ပါဝင်ပါတယ်။ ရောင်ရမ်းမှုကိုလည်း လျှော့စေနိုင်ပါတယ်။ ဝိုင်နီကို အသင့်အတင့် သောက်သုံးပေးတာက နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။

၁၇။ ကြက်ဥ

ကြက်ဥထဲမှာပါတဲ့ အဆီက ခန္ဓာကိုယ်အတွက်ကောင်းတဲ့ HDL ကိုလက်စထရောကို များစေပါတယ်။ ကြက်ဥကို နေ့စဉ်စားပေးတာကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို ၁၁ ရာခိုင်နှုန်းထိ လျှော့ပေးနိုင်ပါတယ်။

၁၇။ ဘယ်ရီသီးများ

ဘယ်ရီ အမျိုးအစားဝင် အသီးတွေမှာ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် Anthocyanins – အန်သိုဆိုင်းယမ်နင်း ဆိုတဲ့ဓာတ်တစ်မျိုး ပါဝင်တဲ့အတွက် သွေးကြောတွေကို ကျယ်စေပါတယ်။

၁၉။ လက်ဖက်စိမ်း

လက်ဖက်စိမ်းမှာ ပါတဲ့ EGCG ဆိုတဲ့ ဓာတ်တစ်မျိုးက သွေးကြောတွေမှာ စုပုံတဲ့ အဆီတွေ ကို သေးငယ်သွားစေနိုင်ပြီး ခန္ဓာကိုယ်အတွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။

၂၀။ အချဉ်ဖောက်ထားတဲ့ အစားအစာ

Probiotics တွေမှာ အူလမ်းကြောင်းကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ပိုးတွေကို အထောက်အပံ့ ပေးနိုင်တဲ့အတွက် နောက်ပိုင်းမှာ လူသုံးများလာပါတယ်။

Probiotics တွေလိုပဲ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ ဖြစ်တဲ့ ဒိန်ချဉ် ကင်ချီ စတာတွေကလည်း အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ နောက်ပိုင်း လေ့လာမှုတွေမှာဆိုရင် အချဉ်ဖောက်ထားတဲ့ အစားအစာတွေက သွေးဖိအားကို ကျစေနိုင်ပြီး မကောင်းတဲ့ အဆီတွေကို ကျစေနိုင်တာကိုပါ တွေ့ရပါတယ်။
.
#KKMM #kkmmarticle #kkmmknowledge
#ကျန်းကျန်းမာမာ

No Comments

Leave a Reply

Your email address will not be published.

Health
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …

Health
ခံတြင္းအနံ႕ဆုိးထြက္တာကို ဒီနည္းလမ္းေတြနဲ႕ ေျဖရွင္းၾကည့္ရေအာင္

ခံတြင္းအနံ႕ဆုိးထြက္တာကို ဒီနည္းလမ္းေတြနဲ႕ ေျဖရွင္းၾကည့္ရေအာင္ အလုပ္မွာ ေက်ာင္းမွာ ေန႔စဥ္ေတြ႕ေနရေသာ သူေတြထဲမွာ အျပင္ပိုင္းလွသေလာက္ စကားေျပာၾကည့္ရင္ ပါးစပ္ကနံတာကို သတိမထားမိၾကေသာသူက ေတာ္ေတာ္မ်ားပါတယ္။ ပါးစပ္နံလိုက္တာလို႔ ေျပာျပန္ရင္လည္း ႐ိုင္းရာက်မွာပါ။ သူမ်ားကို မေျပာခင္ ကိုယ္ကမနံေအာင္ ဘယ္လို လုပ္သင့္သလဲ။ ၁. ေသေသခ်ာခ်ာ ဝါးစားပါ အစားကို စားေသာအခါ ေသေသခ်ာခ်ာ ဝါးစားျခင္းျဖင့္ ပါးစပ္အတြင္းမွာ လိုအပ္ေသာဓါတ္ (သို႔) တံေထြးကို ထြက္ေစပါတယ္။ ခံတြင္းတံေထြး မ်ားမ်ားထြက္ေစျခင္းဟာ ခံတြင္း၏ ေျခာက္ေသြ႕မူကို ကာကြယ္ႏိုင္ၿပီး ပါးစပ္နံတာကိုလည္း ကာကြယ္ႏိုင္ပါသည္။ ပီေကစားရင္လည္း အဆင္ေျပမွာပါ။ ၂. ထမင္းကို ေတာ္႐ုံသာစားပါ ထမင္းကို ဗိုက္အျပည့္ စားေသာအခါ ကိုယ္ခႏၶာအတြင္းမွာ ရွိေသာ အစာအိမ္ …

Health
ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ခႏၶာကိုယ္မွာျဖစ္ေနတဲ့ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္

ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ခႏၶာကိုယ္မွာျဖစ္ေနတဲ့ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္… ေျခေထာက္ေတြက သတိေပးေနေသာ အသက္အႏၲရာယ္ ျဖစ္ေစႏိုင္တဲ့ လကၡဏာရပ္မ်ား ကြၽန္ေတာ္တို႔ရဲ႕ ေျခေထာက္တစ္စုံဟာ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္တစ္ခုလုံးရဲ႕ အေလးခ်ိန္ ကို သယ္ပိုးထားရတဲ့ အဂၤါအစိတ္အပိုင္း တစ္ခုျဖစ္ပါတယ္။ ေျခေထာက္တစ္စုံမွာ ခႏၶာကိုယ္က အ႐ိုးစုစုေပါင္းရဲ႕ ၂၅%ပါဝင္ေနၿပီး အဆစ္ေပါင္း ၃၃ခု၊ အ႐ြတ္ေပါင္း ၁ဝဝ၊ မေရမတြက္ႏိုင္တဲ့ ေသြးေၾကာမွ်င္ေလးေတြနဲ႔ ႂကြက္သားေတြပါဝင္ပါတယ္။ ေျခေထာက္မွာပါဝင္တဲ့ ေသြးေၾကာမွ်င္ေလးေတြဟာ ႏွလုံး၊ ေက်ာ႐ိုးမ၊ ဦးေႏွာက္စတဲ့ အေရးႀကီး အဂၤါေတြနဲ႔ ဆက္ႏႊယ္ေနပါတယ္။ ဒါ့ေၾကာင့္ … ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ကြၽန္ေတာ္တို႔ခႏၶာကိုယ္မွာ ျဖစ္ေနတဲ့က်န္းမာေရး ခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္။ …