ဂျူးအေဂျင်စီကို ပိတ်ပင်ဖို့ ပြင်ဆင်နေတဲ့ ရုရှားအစိုးရကို အစ္စရေးက သတိပေး - YATHAZONE


News












Unicode

ဂျူးအေဂျင်စီကို ပိတ်ပင်ဖို့ ပြင်ဆင်နေတဲ့ ရုရှားအစိုးရကို အစ္စရေးက သတိပေး

ရုရှားမှာ ဂျူးအသိုက်အဝန်းက ကြီးမားပြီး အရေးပါ ပါတယ်။ ရုရှားနိုင်ငံရေး အဝန်းအဝိုင်းမှာ ဆွေးနွေးကြတိုင်း အမြဲထည့်သွင်း ဆွေးနွေးရတဲ့ အခြေအနေပါ။

အဲဒီအတွက် ရုရှားနဲ့ ဆက်ဆံရေးက အစ္စရေးအတွက် အရေးကြီးပါတယ်။ အဲဒီလိုအခြေအနေမှာ ရုရှားမှာ ဖွင့်လှစ်ထားတဲ့ ဂျူးအေဂျင်စီ ရုံးခန်းတွေ ပိတ်မယ်ဆိုရင် ၂ နိုင်ငံဆက်ဆံရေးမှာ ပြန်လည်ပြင်ဆင်လို့ မရမဲ့ ဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုတာ သတိပေးချင်တယ် …. (အစ္စရေးဝန်ကြီးချုပ် ယာလာပစ်)

ဂျူးအေဂျင်စီကို ပိတ်ပင်ဖို့ ရုရှားအစိုးရက ပြင်ဆင်

အစ္စရေးနိုင်ငံရဲ့ အကြီးမားဆုံး NGO အဖွဲ့ကြီးဖြစ်တဲ့ ဂျူးအေဂျင်စီ (Sochnut) ကို ဆက်လက်လုပ်ခွင့်မပေးပဲ နိုင်ငံကနေ မောင်းထုတ်ဖို့ ရုရှားတရားရေးဝန်ကြီးဌာနက ဆုံးဖြတ်ထားကြောင်း မော်စကိုကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

လုပ်ကိုင်ခွင့် လိုင်စင်ဖျက်သိမ်းပေးဖို့ တရားရေးဝန်ကြီးကိုယ်တိုင် မော်စကိုခရိုင်တရားရုံးကို ညွှန်ကြားစာ ပေးပို့ထားပြီး ဇူလိုင်၂၈ ရက်မှာ တရားရုံးက ဆုံးဖြတ်မယ် ဆိုပါတယ်။

အစ္စရေးဟာ ယူကရိန်းကို စစ်ရေးအကူအညီတွေ တရားဝင်ပေးပို့တာ မရှိပေမဲ့ ရုရှားရဲ့ ကျုးကျော်စစ်ကို ရှုတ်ချခဲ့သလို ယူကရိန်းက ဂျူးတွေကို ကူညီပေးတာတွေ လုပ်ပါတယ်။

မေလထဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဟစ်တလာမှာ ဂျူးမျိုးရိုးရှိတယ်လို့ ပြောကြားခဲ့ပြီးနောက်မှာ ရုရှား-အစ္စရေး ၂ နိုင်ငံဆက်ဆံရေး ဆိုးဝါးလာတာ ဖြစ်ပါတယ်။

ရုရှားစစ်လက်နက်တွေ အားကိုးအသုံးပြုနေရတဲ့ ဆီးရီးယားကို အစ္စရေးက မကြာခန ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတဲ့အတွက်လည်း ၂ နိုင်ငံဆက်ဆံရေး တင်းမာလာနေချိန်မှာ အခုလို ဂျူးအေဂျင်စီကို ပိတ်ပင်ဖို့ ရုရှားအစိုးရက ပြင်ဆင်လာတာပါ။

ဂျူးအေဂျင်စီကို ၁၉၂၉ ခုနှစ်က တည်ထောင်ခဲ့တာ ဖြစ်ပြီး ၁၉၄၈ခုနှစ် အစ္စရေးနိုင်ငံကို ဖန်တီးထူထောင်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

Credit : BurmaNewsNetwork

No Comments

Leave a Reply

Your email address will not be published.

News
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး

နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး ကမ္ဘာကြီးမှာ စစ်အေးတိုက်ပွဲ ဖြစ်နေတာကြောင့် နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့် အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး လိုက်ပါတယ်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွေ ချုပ်ဆိုဖို့ ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ကြဖို့ ကမ္ဘာ့ နိုင်ငံခေါင်းဆောင် အသီးသီးကို အန်တိုရီယို ဂူးတားရက်ရှ်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် အဖွဲ့ဝင်များ ညီလာခံကတဆင့် သြဂုတ်လ ၁ရက်၊ မနေ့က တိုက်တွန်း ပြောဆိုလိုက်တာပါ။ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် …

News
အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး

အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုင်မန် အယ်-ဇာဝါဟီရီသည် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့တွင် အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားလိုက်သည်။ ” ဆယ်စုနှစ်တွေနဲ့ ချီပြီး သူဟာ အမေရိကန်တွေကို တိုက်ခိုက်မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူ ဖြစ်တယ်” ဟု ဘိုင်ဒန်က ဩဂုတ် ၁ ရက်နေ့က ပြောကာ ၂၀၀၀ ပြည့်နှစ်က ယူအက်စ်အက်စ်ကိုးလ် တိုက်ခံရမှုနှင့် ကင်ညာနဲ့ တန်ဇနီးယားရှိ ယူအက်စ်သံရုံးများ ၁၉၉၈ ခုနှစ်က ဗုံးဖြင့် တိုက်ခိုက်ခံရမှုများကို ညွှန်းဆိုသွားခဲ့သည်။ ဇဝါဟီရီသည် အာဖဂန်နိုင်ငံ ကဘူးလ်မြို့လယ်က နေအိမ်တစ်ခုမှာ တိုက်ခိုက်ခံရခြင်း …

News
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော်

ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကြတ်ဂူတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်း တရားကျင့်ကြံခြင်း အောင်မြင်၍ ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ဂူအတွင်းမှ ပြန်လည်ထွက်ရှိလာခဲ့သည်။ ဆရာတော်ကြီးအား ရဟန်းရှင်လူ တသောင်းကျော်က ကြိုတင်၍ စောင့်ဆိုင်းခဲ့ကြပြီး ဆရာတော်ကြီးမှ မိုင်းကြတ်ဂူတွင် ၅ ရက်တာ ဖူးမျှော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာတော်သည် ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ကာ မိုင်းကြတ်လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်းတရားကျင့်ကြံခဲ့ခြင်းဖြစ်သည်။ မိုင်းကြတ်ဂူအတွင်း သုံးနှစ်သုံးလသုံးရက် တရားကျင့်ကြံခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ပြန်လည်ကြွချီလာပြီး အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ …