ကြၽန္မ.. သားေလးေတြ သမီးေလးေတြအတြက္ အေဖ ေခၚခ ေပးေနတာပါ။ - YATHAZONE

ကြၽန္မ.. သားေလးေတြ သမီးေလးေတြအတြက္ အေဖ ေခၚခ ေပးေနတာပါ။

Life Style

ကြၽန္မ.. သားေလးေတြ သမီးေလးေတြအတြက္ အေဖ ေခၚခ ေပးေနတာပါ။

ရပ္ကြက္တစ္ခုမွာ.. ကိုထြန္းနဲ႔ မၾကည္ျပာ ဆိုတဲ့ လင္မယားမွာ သားသမီး သုံးေယာက္ေမြးဖြားထားတယ္ ေပါ့..။ ကိုထြန္းဟာ အရက္ေက်းကြၽန္ ျဖစ္သြားၿပီ ။အရက္ကလႊဲလို႔ .. သူ႔ဘဝမွာ ဘာမွမရွိ၊ မၾကည္ျပာကိုလဲ သူဂ႐ုမစိုက္ေတာ့ ! သားသမီးသုံးေယာက္ကိုလဲ.. စိတ္မဝင္စားေတာ့..

သူသိတာက ..မၾကည္ျပာဆီကရမဲ့ .. အရက္ဖိုးမနက္ ၂၀၀ ။ ေန႔လည္ ၂၀၀ ။ ညေန ၂၀၀ဒါပဲ.. သူ သိေတာ့တယ္။ မၾကည္ျပာကေတာ့ .. ေခါင္း ႐ြက္ဗ်တ္ထိုးေဈးသည္ဘဝနဲ႔ မိသားစုကို ဦးေဆာင္ၿပီးကေလးေတြ စားစရိတ္ ေက်ာင္းစရိတ္ အျပင္ကိုထြန္းအတြက္ အရက္ဖိုးကိုပါ ေန႔စဥ္ ပင္ပန္းႀကီးစြာ ရွာေဖြေနရတယ္။

ဒါကို.. မၾကည္ျပာရဲ႕ အစ္မ ေတြ အေဒၚေတြက မေက်နပ္ၾကေတာ့ဘူး။ ဒါနဲ႔ .. မၾကည္ျပာကို ေခၚဆူၾကတယ္ ။ ညည္း… ဒီေလာက္ ေယာက်ၤားရွားေနလား.? ညည္း… ဒီေလာက္ ေယာက်ၤားအေပၚ ခ်စ္ေနတာလား.? ညည္း… ဒီေလာက္ အရွက္မဲ့ေနရလား.? ေဆြမ်ိဳးေတြပါ.. သိကၡာက်ရတယ္။

သူရွိေနလည္း.. ကိုယ့္ဟာကိုယ္ လုပ္စားေနရတယ္ ။ သူမရွိေတာ့ရင္လည္း.. ကိုယ့္ဟာကိုယ္ လုပ္စားရမွာပဲေလ၊ ဘာလို႔ .. ဒီေလာက္သုံးမရတဲ့ အရက္သမားကို အရက္ဖိုးေပး ရွာေကြၽးၿပီး ႏွိပ္စက္တာ ခံေနရတာလဲ.?

ညည္း.. သူနဲ႔ မကြာေသးဘူးလား.? ဘာလား.. ညာလားေပါ့.? မၾကည္ျပာက.. အေဒၚေတြ အစ္မေတြ ေျပာသမွ်ကို ေအးေဆးစြာ နားေထာင္ေနလိုက္တယ္ ..ၿပီးမွ.. အေဒၚတို႔ အစ္မတို႔ ေျပာတာ မွန္ေပမဲ့ ကိုထြန္း ကို ကြၽန္မ မကြဲႏိူင္ပါဘူး။ ေယာက်ၤားရွားလို႔.. သူ႔ကို ခ်စ္လြန္းလို႔ ကြၽန္မ ဒု ကၡေတြခံၿပီး.. သူနဲ႔ ေပါင္းေနတာ.. မဟုတ္ပါဘူး..

ကြၽန္မေမြးထားတဲ့ ကေလးသုံးေယာက္မွာ.. သူမ်ားေတြနဲ႔ တန္းတူ အေဖလို႔ ေခၚခြင့္ရဖို႔ သူ မ်ားကေလးေတြနဲ႔ တန္းတူ.. အေဖလို႔ ေခၚလိုက္ရင္ ” ေဟ ” လို႔ ျပန္ထူးဖို႔.. သူ႔ကို ကြၽန္မ သားသမီးေလးေတြအတြက္ အေဖ ေခၚခ.. ေပးေနတာပါ။

ကြၽန္မ အ႐ြယ္ရွိေသးတာ..ေနာက္အိမ္ေထာင္ျပဳလို႔ ရႏိူင္တာက မွန္ေပမဲ့.. ကြၽန္မ ကေလးေတြအတြက္.. ပေထြး ကို ” အေဖ ” လို႔ အေခၚမခံႏိူင္ပါဘူး။ ကိုထြန္းကို ေပးေနတာ.. အရက္ဖိုး မဟုတ္ပါဘူး။ ကြၽန္မ.. သားေလးေတြ သမီးေလးေတြအတြက္ အေဖ ေခၚခ ေပးေနတာပါ။

အေဒၚေတြ အစ္မ ေတြမွာ.. ေခါင္းငိုက္စိုက္ က်သြားပါေတာ့တယ္ ။ မၾကည္ျပာ.. မွန္လား / မွားလား.? ( ေက်းဇူးျပဳၿပီး..စာဖတ္သူရဲ႕ သေဘာ ထားအျမင္ေလး ေရးခဲ့ေပးပါ ။လြပ္လပ္စြာ အျမင္ ကြဲျပားခြင့္ ရွိပါတယ္ )Credit – အတိတ္ေခတ္

Unicode

ကျွန်မ.. သားလေးတွေ သမီးလေးတွေအတွက် အဖေ ခေါ်ခ ပေးနေတာပါ။

ရပ်ကွက်တစ်ခုမှာ.. ကိုထွန်းနဲ့ မကြည်ပြာ ဆိုတဲ့ လင်မယားမှာ သားသမီး သုံးယောက်မွေးဖွားထားတယ် ပေါ့..။ ကိုထွန်းဟာ အရက်ကျေးကျွန် ဖြစ်သွားပြီ ။အရက်ကလွှဲလို့ .. သူ့ဘဝမှာ ဘာမှမရှိ၊ မကြည်ပြာကိုလဲ သူဂရုမစိုက်တော့ ! သားသမီးသုံးယောက်ကိုလဲ.. စိတ်မဝင်စားတော့..

သူသိတာက ..မကြည်ပြာဆီကရမဲ့ .. အရက်ဖိုးမနက် ၂၀၀ ။ နေ့လည် ၂၀၀ ။ ညနေ ၂၀၀ဒါပဲ.. သူ သိတော့တယ်။ မကြည်ပြာကတော့ .. ခေါင်း ရွက်ဗျတ်ထိုးဈေးသည်ဘဝနဲ့ မိသားစုကို ဦးဆောင်ပြီးကလေးတွေ စားစရိတ် ကျောင်းစရိတ် အပြင်ကိုထွန်းအတွက် အရက်ဖိုးကိုပါ နေ့စဉ် ပင်ပန်းကြီးစွာ ရှာဖွေနေရတယ်။

ဒါကို.. မကြည်ပြာရဲ့ အစ်မ တွေ အဒေါ်တွေက မကျေနပ်ကြတော့ဘူး။ ဒါနဲ့ .. မကြည်ပြာကို ခေါ်ဆူကြတယ် ။ ညည်း… ဒီလောက် ယောင်္ကျားရှားနေလား.? ညည်း… ဒီလောက် ယောင်္ကျားအပေါ် ချစ်နေတာလား.? ညည်း… ဒီလောက် အရှက်မဲ့နေရလား.? ဆွေမျိုးတွေပါ.. သိက္ခာကျရတယ်။

သူရှိနေလည်း.. ကိုယ့်ဟာကိုယ် လုပ်စားနေရတယ် ။ သူမရှိတော့ရင်လည်း.. ကိုယ့်ဟာကိုယ် လုပ်စားရမှာပဲလေ၊ ဘာလို့ .. ဒီလောက်သုံးမရတဲ့ အရက်သမားကို အရက်ဖိုးပေး ရှာကျွေးပြီး နှိပ်စက်တာ ခံနေရတာလဲ.?

ညည်း.. သူနဲ့ မကွာသေးဘူးလား.? ဘာလား.. ညာလားပေါ့.? မကြည်ပြာက.. အဒေါ်တွေ အစ်မတွေ ပြောသမျှကို အေးဆေးစွာ နားထောင်နေလိုက်တယ် ..ပြီးမှ.. အဒေါ်တို့ အစ်မတို့ ပြောတာ မှန်ပေမဲ့ ကိုထွန်း ကို ကျွန်မ မကွဲနိူင်ပါဘူး။ ယောင်္ကျားရှားလို့.. သူ့ကို ချစ်လွန်းလို့ ကျွန်မ ဒု က္ခတွေခံပြီး.. သူနဲ့ ပေါင်းနေတာ.. မဟုတ်ပါဘူး..

ကျွန်မမွေးထားတဲ့ ကလေးသုံးယောက်မှာ.. သူများတွေနဲ့ တန်းတူ အဖေလို့ ခေါ်ခွင့်ရဖို့ သူ များကလေးတွေနဲ့ တန်းတူ.. အဖေလို့ ခေါ်လိုက်ရင် ” ဟေ ” လို့ ပြန်ထူးဖို့.. သူ့ကို ကျွန်မ သားသမီးလေးတွေအတွက် အဖေ ခေါ်ခ.. ပေးနေတာပါ။

ကျွန်မ အရွယ်ရှိသေးတာ..နောက်အိမ်ထောင်ပြုလို့ ရနိူင်တာက မှန်ပေမဲ့.. ကျွန်မ ကလေးတွေအတွက်.. ပထွေး ကို ” အဖေ ” လို့ အခေါ်မခံနိူင်ပါဘူး။ ကိုထွန်းကို ပေးနေတာ.. အရက်ဖိုး မဟုတ်ပါဘူး။ ကျွန်မ.. သားလေးတွေ သမီးလေးတွေအတွက် အဖေ ခေါ်ခ ပေးနေတာပါ။

အဒေါ်တွေ အစ်မ တွေမှာ.. ခေါင်းငိုက်စိုက် ကျသွားပါတော့တယ် ။ မကြည်ပြာ.. မှန်လား / မှားလား.? ( ကျေးဇူးပြုပြီး..စာဖတ်သူရဲ့ သဘော ထားအမြင်လေး ရေးခဲ့ပေးပါ ။လွပ်လပ်စွာ အမြင် ကွဲပြားခွင့် ရှိပါတယ် )Credit – အတိတ်ခေတ်

No Comments

Leave a Reply

Your email address will not be published.

Life Style
ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်…

ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်… သင့်ကလေးက ယခင်က လိမ္မာယဉ်ကျေးသူဖြစ်ပြီး တဖြည်းဖြည်း ရိုင်းပျလာတယ် ဆိုရင်တော့ လျစ်လျူရှုမထားသင့်ပါဘူး။ အဲဒါကြောင့် ကလေးတွေကို ရိုင်းပျသူတစ်ယောက် ဖြစ်သွားစေတဲ့ အကြောင်းအရင်းတွေထဲက အချက်အချို့ကို ဖော်ပြပေးပါမယ်နော်။ ၁။ လူကြီးသူမတွေနဲ့ တွေ့ချိန် နည်းပါးခြင်း သင်က အလုပ်များသူ ဖြစ်တာကြောင့် ကလေးကို တစ်ယောက်တည်း ထားထားတဲ့အချိန်တွေ များရင်များနေပါလိမ့်မယ်။ ကလေးတွေကို လိမ္မာယဉ်ကျေးသူ ဖြစ်လာစေဖို့အတွက် ငယ်စဉ်ကတည်းက ပြောပြထားပေးဖို့ လိုပါတယ်။ သင်က အချိန်မပေးနိုင်တဲ့အခါ ဦးလေးတွေ၊ အဒေါ်တွေ၊ အဘိုးတွေ၊ အဘွားတွေနဲ့ အပ်နှံထားတာက ကလေးကို ဆိုဆုံးမဖို့ အချိန်တွေ ပိုရစေပါတယ်။ တစ်ယောက်တည်း အထီးကျန်တဲ့ကလေးက …

Life Style
မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး

မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး မှတ်လော့… မိန်းမ ဟူသည်မှာ … စိတ်ကောက်ရင် . . . အရင် ချော့ပါ . .။ ပြီးတော့မှ ဘာလို့ ကောက်တာလည်းဆိုတာ မေးပါ …။ (၁) စိတ်ကောက်ရခြင်း အကြောင်းများမှာ — — (၂) စိတ်ကောက်ချိန်တန်လို့ ကောက်တာပါ … (၃) စိတ်ကောက်သင့်သည် ထင်လို့ ကောက်တာပါ… (၄) စိတ်မကောက်ရတာ ကြာလို့ ကောက်တာပါ … (၅) အချော့ခံချင်လို့ ကောက်တာပါ … (၆) ဘယ်လောက် ချစ်သေးလည်း စမ်းချင်လို့ …

Life Style
အခုခေတ်ကျောင်းသား/သူများအတွက် ဆရာမတစ်ဦးရဲ့ ထိရောက်တဲ့ ပညာပေးသင်ခန်းစာ

အခုခေတ်ကျောင်းသား/သူများအတွက် ဆရာမတစ်ဦးရဲ့ ထိရောက်တဲ့ ပညာပေးသင်ခန်းစာ “သဉ္ဇာဝင့်ကျော်က လှလို့ပြတာပဲ ဘာဖြစ်လဲ ဆရာမရယ်” “ဆဲတာ သူများ ပစ္စည်း ခိုးတာမှ မဟုတ်တာ မရှက်ပါဘူး ဆရာမ” ယနေ့ ကျွန်မရဲ့ပညာဒါနက ကြည့်မြင်တိုင် မြို့နယ်ထဲက အခြေခံပညာ အထက်တန်းကျောင်းတစ်ကျောင်းမှာပါ။ ဆယ်တန်းကျောင်းသားတွေကို Physics ပုစ္ဆာ တွက်ပြနေစဉ်မှာ နောက်ဘက်တန်း နားက ” ငါ …မသား”လို့ ပစ်ပစ်နှစ်နှစ် ဆဲလိုက်တဲ့ အသံကို ကြားမိ တယ်။ ဖြတ်ကနဲ လှည့်အကြည့် ကျောင်းသားချင်း စနောက်ရင်း ဆဲလိုက်တာ ပါတဲ့။ “သားရယ် မဆဲရဘူး. ဆဲတယ် ဆိုတာ မိမိ ကိုယ်တိုင် အတွက်သာမက မိဘရော ဆရာကိုပါ …