ပုဂံျပည္ထီးလႈိင္ရွင္ က်န္စစ္သားမင္း၏ ေတာ္ဝင္မိဖုရားေလးပါး - YATHAZONE

ပုဂံျပည္ထီးလႈိင္ရွင္ က်န္စစ္သားမင္း၏ ေတာ္ဝင္မိဖုရားေလးပါး

Knowledge

ပုဂံျပည္ထီးလႈိင္ရွင္ က်န္စစ္သားမင္း၏ ေတာ္ဝင္မိဖုရားေလးပါး

ပုဂံျပည္ထီးလႈိင္ရွင္ က်န္စစ္သားမင္း(၁၀၈၄-၁၁၁၂)၏ ေတာ္ဝင္မိဖုရားေလးပါးမွာ အပယ္ရတနာ၊သမၻဴလ၊မဏိ
စႏၵာေခၚခင္ဦးႏွင့္ခင္တန္မိဖုရားတို႔ျဖစ္ၾကသည္။ပထမျမန္မာႏိုင္ငံေတာ္ ပုဂံျပည္ႀကီးကို အေနာ္ရထာမင္းႀကီတည္ ေထာင္စုစည္းရာတြင္ က်န္စစ္သားသည္ ငေထြး႐ူး၊ငလုံးလက္ဖယ္၊ေညာင္ဦးဖီးတို႔ႏွင့္အတူ သူရဲေကာင္းေလးဦးအျဖစ္ အဘက္ဘက္မွစြမ္းစြမ္းတမံပါဝင္ခဲ့ေသာ စစ္သူႀကီးတစ္ဦးျဖစ္သည္။

ပုဂံနန္းတြင္း၌ မင္းမႈ႕ထမ္းမျဖစ္ခင္က က်န္စစ္သား၏ ငယ္စဥ္အတိတ္ဘဝကို အတိအက် မသိရေသာ္လည္း (ျမန္မာရာဇဝင္မ်ား၌မေဖာ္ျပေပ) ဘဝကို အခက္အခဲေပါင္းမ်ားစြာၾကားမွ ႐ုန္းကန္ေက်ာ္ျဖတ္ခဲ့ရေၾကာင္းကိုမူ သမိုင္းမွတ္တမ္းမ်ားအရ သိရပါသည္။

က်န္စစ္သားကို ၁၀၃၀ျပည့္ႏွစ္၌ဖြားျမင္ခဲ့ၿပီးအေနာ္ရထာမင္း၏ စစ္သူႀကီးအျဖစ္အမႈ႕ထမ္း႐ြက္ခဲ့ရကာ အသက္ ၅၄ႏွစ္အ႐ြယ္ ၁၀၈၄ခုႏွစ္၌ ထီးနန္းရရွိခဲ့၏။ စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕နယ္ ပရိမၼဇာတိျဖစ္သည္ဟု အဆိုရွိသည္။

က်န္စစ္သားဟူေသာေဝါဟာရမွာ ”ကလန္စစ္သား”မွဆင္းသက္ သည္ဟု ယူဆၾက၏။ မြန္ဘာသာျဖင့္”ကလန္သံဗ်င္”ဆိုသည္မွာ အခြန္အေကာက္ႏွင့္မႈ႕ခင္းမ်ားကို စစ္ေဆးရသည့္ နယ္ျမအုပ္ခ်ဳပ္ သူအရာရွိကိုေခၚေဝၚေသာ ေဝါဟာရအျဖစ္ ပုဂံေက်ာက္စာတို႔တြင္ ေရးထိုးထားရွိသည္။

ပုဂံနန္းတြင္းမင္းမႈ႕ထမ္း မျဖစ္ခင္ဘဝကပင္ ပရိမၼအရပ္သူ အပယ္ ရတနာႏွင့္ ငယ္ဘဝကတည္းက ခ်စ္ကြၽမ္းဝင္ကာ လက္ထပ္ေပါင္းသင္းခဲ့ၾကၿပီး ေနာက္မွသာ ပုဂံေနျပည္ေတာ္သို႔ မင္းမႈထမ္းရန္ နန္းတြင္းသို႔ ေရာက္ရွိလာခဲ့သည္။

ဘုရင္အျဖစ္ မေရာက္ေသးခင္ကာလတစ္ေလွ်ာက္ က်န္စစ္သား ၏ ဘဝခရီးၾကမ္းတြင္ အပယ္ရတနာသည္ မၿငီးမျငဴ သစၥာမပ်က္ သေဘာထားႀကီးလွ်က္ ပါရမီျဖည့္ရွာေသာ ငယ္ေပါင္းမယားေကာင္းျဖစ္သည္မွာ ထင္ရွားပါသည္။

တစ္ႀကိမ္တြင္ ေစာလူးမင္း၏ အမ်က္ရန္ေၾကာင့္ က်န္စစ္သားသည္ (လက္ရွိနဂါး႐ုံဘုရားေနရာ) ျမင္းကပါအရပ္၌တိမ္းေရွာင္ ခိုေအာင္းေနရစဥ္ ေျမျပင္ေပၚ၌ အိပ္ေပ်ာ္သြားခဲ့သည္။

ထိုအခါ ေႁမြ(နဂါး)တစ္ေကာင္က မ်က္ႏွာကို ေနေျပာက္မထိုးေစရန္ ပါးပ်ဥ္းကိုေထာင္ကာ အုပ္မိုးေပးေနသည္ကို ထမင္းအုပ္လာပို႔ေသာ အပယ္ရတနာက ေတြ႕ျမင္ခဲ့ရသည္။ ေနာင္ က်န္စစ္သားမင္းျဖစ္ေသာအခါ ထိုအရပ္၌ အပယ္ရတနာႏွင့္ ေတြ႕ဆုံေလ့ရွိေသာ ေနရာတြင္ အပယ္ရတနာဘုရားႏွင့္ ေႁမြပါးပ်ဥ္းအုပ္မိုးေပးရာ ေနရာကို နဂါး႐ုံဘုရားဟူ၍ ဘုရားႏွစ္ဆူတည္ေဆာက္ထားခဲ့သည္။

အပယ္ရတနာဘုရားသည္ ပုဂံေခတ္ဦးပိုင္းလက္ရာျဖစ္၍ အတြင္းနံရံ၌ ဗုဒၶဝင္ဇာတ္ေတာ္မ်ားကို နံရံေဆးေရးပန္းခ်ီျဖင့္ေရးဆြဲထားၿပီး မြန္ဘာသာျဖင့္ စာတန္းမ်ားေရးထိုးထားသည္။ နဂါး႐ုံဘုရားမွာမူ အဝင္ဝတြင္ ကြၽန္းတုံးႀကီးမ်ားကို ထုတ္အျဖစ္ကန္ကာ အေျဖာင့္ေပါင္းကူးစနစ္(Straight Arch)ျဖင့္ တည္ေဆာက္ခဲ့သည္။

တစ္မူထူးျခားေသာ မြန္ဗိသုကာလက္ရာဆန္းမ်ားျဖင့္ ယွဥ္လွ်က္ တည္ေဆာက္ထားခဲ့သည့္ ထိုဘုရားႏွစ္ဆူကို ျမင္းကပါအရပ္၌ ဖူးေတြ႕ႏိုင္ပါသည္။ အပယ္ရတနာမိဖုရားႀကီးသည္ ေနာင္အခါ ဘုန္းတန္ခိုးအာႏုေဘာ္ျဖင့္ ျပည့္စုံေသာ အေလာင္းစည္သူမင္းႀကီး၏ မယ္ေတာ္ျဖစ္လာမည့္ ေ႐ႊအိမ္သည္အမည္ရွိ သမီးေတာ္တစ္ပါးကို ဖြားျမင္ခဲ့ပါသည္။

က်န္စစ္သားသည္ အေနာ္ရထာဘုရင္၏ စစ္သူႀကီးအျဖစ္ အမႈ႕ထမ္း႐ြက္ခဲ့ကာ ေအဒီ၁၀၅၇ခုႏွစ္တြင္ ဥႆာပဲခူးကို လာေရာက္တိုက္ခိုက္ေသာ ဂြၽမ္းစစ္သည္(ကေမာၻဒီယားမွ ခမာလူမ်ိဴ းမ်ား)ကို သြားေရာက္ႏွိမ္နင္းေပးခဲ့ရသည္။

စစ္ပြဲေအာင္လက္ေဆာင္မ်ားႏွင့္အတူ ပဲခူးဘုရင္၏သမီးေတာ္ မဏိစႏၵာခင္ဦးကိုပါ ဆက္သလိုက္၏။ လမ္းခရီး၏ မင္းသမီးကို စစ္သူႀကီး၄ဦး အလွည့္က်ေစာင့္ေရွာက္ၾကရာ က်န္စစ္သားေစာင့္လွည့္တြင္ မဏိစႏၵာႏွင့္ ၿငိစြန္းခဲ့သည္။

အေနာ္ရထာမင္း သိေသာအခါ အမ်က္ေတာ္ရွ၍ အရိႏၵမာလွံျဖင့္ပစ္ရာ ခ်ည္ထားေသာႀကိဳးကိုထိမွန္၍ လွံကိုေကာက္ယူၿပီး အသက္လုထြက္ေျပးခဲ့ရသည္။မိတၳီလာနယ္ ေက်ာင္းျဖဴအရပ္သို႔ အသက္ေဘးအတြက္ ထြက္ေျပးခိုလႈံရင္း ရွင္မထီးတစ္ပါး၏ တူမျဖစ္သူသမၻဴ လႏွင့္ ေရစက္ဆုံခဲ့ရျပန္သည္။

အေနာ္ရထာမင္း နတ္႐ြာစံေသာအခါ သားေတာ္ေစာလူးမင္းနန္းတက္၍ က်န္စစ္သားကို ျပန္လည္အမႈ႕ထမ္းရန္ေခၚ၏ နန္းေတာ္သို႔မျပန္မီ သမၻဴ လကို ပတၱျမားလက္စြပ္တစ္ကြင္းေပးအပ္ခဲ့ၿပီး သားေယာက်ၤားဖြားျမင္ပါက နန္းေတာ္သို႔လိုက္ခဲ့ရန္ ကတိစကားထားရွိခဲ့သည္။

အရည္အခ်င္းမရွိေသာ ေစာလူးမင္းသည္ ႏို႔စို႔ဘက္ငရမန္ကန္းကို ေျမႇာက္စားခဲ့ေသာ္လည္း သစၥာမရွိေသာ ငရမန္ကန္း၏ စဥ္းလဲမႈ႕ေၾကာင့္ ေစာလူးမင္းအဖမ္းခံရသည္။ က်န္စစ္သားႀကိဳးစားကယ္တင္ပါေသာ္လည္း ေစာလူးမင္း၏အေတြးတိမ္မႈ႕ေၾကာင့္ မေအာင္ျမင္ပဲ ငရမန္ကန္း၏ လုပ္ႀကံသတ္ျဖတ္မႈ႕ကိုသာ ခံရသည္။

ငရမန္ကန္းသည္ ပုဂံေနျပည္ေတာ္ကို မသိမ္းပိုက္ႏိုင္ေသးခင္ က်န္စစ္သားသည္ ထီးလႈိင္အရပ္၌ လက္နက္လူသူစုေဆာင္းရင္းေနထိုင္စဥ္ ထီးလႈိင္ ေလး႐ြာသူႀကီးသမီးအမိမဲ့သူ ခင္တန္ႏွင့္ ေတြ႕ဆုံေပါင္းသင္းခဲ့၏။ ထိုအနီးဝန္းက်င္အရပ္မွ လူသူလက္နက္တို႔ စုစည္းကာ ပုဂံကိုသိမ္းပိုက္ရန္ ခ်ီတက္လာေသာ ငရမန္ကန္း၏ မြန္တပ္ကို ျပန္လည္တိုက္ခိုက္ႏိုင္ခဲ့သည္။

က်န္စစ္သားသည္ ထီးလႈိင္႐ြာ၌ ေနထိုင္စဥ္ပင္ ခင္တန္ကို ဘိသိတ္ေပးမဂၤလာျပဳခဲ့ၿပီး ပုဂံထီးနန္းကိုသိမ္းပိုက္စိုးစံေသာအခါ မိဖုရားအရာေျမႇာက္စားခဲ့သည္။

ငယ္ေပါင္းျဖစ္သူ အပယ္ရတနာမိဖုရား၊ ထီးလႈိင္႐ြာသူႀကီးသမီး ခင္တန္မိဖုရားႏွင့္ ၿငိစြန္းရင္း ရွိခဲ့ဖူးသည့္ အေနာ္ရထာႏွင့္ ေစာလူမင္းတို႔လက္ထက္ နန္းမိဖုရားႀကီးအပ္ႏွင္းခံရသူ မြန္မင္းသမီးမဏိစႏၵာေခၚခင္ဦးတို႔ကို မိဖုရားႀကီးမ်ားအျဖစ္ ပုဂံထီးနန္းကို စိုးစံခဲ့သည္။

ထိုအခါ ေၾကာင္းျဖဴအရပ္မွ ရွင္မထီး၏တူမသမၻဴလမွာ က်န္စစ္သားႏွင့္ရေသာ အ႐ြယ္ေရာက္ၿပီျဖစ္သည့္ သားျဖစ္သူႏွင့္အတူ ကတိအတိုင္း ပုဂံနန္းေတာ္သို႔ လိုက္လာခဲ့သည္။

ထိုအခါမင္းႀကီးမွာ အပယ္ရတနာမိဖုရား၏သမီးေတာ္ ေ႐ႊအိမ္သည္မွ ဖြားျမင္သည့္ ရင္ခြင္ပိုက္အ႐ြယ္ေျမးေတာ္ မဏိစည္သူ(အေလာင္းစည္သူ)ကို ထီးနန္းလႊဲအပ္ရန္ ဘိသိတ္သြန္းခဲ့ၿပီး ျဖစ္သျဖင့္”ေျမးကားအရင္း သားကားအဖ်ားျဖစ္ေပၿပီ”ဟုမိန႔္ေတာ္မူ၏။

ေနာက္က်မွနန္းေတာ္သို႔ ေရာက္လာေသာ သားမိႏွစ္ေယာက္အဖို႔ မင္းႀကီးကို အျပစ္မဝင္ခဲ့ၾကေပ။ သမၻဴ လသည္ ဘုရားတရားရိပ္၌ ေနထိုင္ႀကီးျပင္းခဲ့သူပီပီ ႏွိမ့္ခ်သည္းခံ သိမ္ေမြ႕သူျဖစ္သလို သားျဖစ္သူမွာလည္း အထူးပင္ လိမၼာယဥ္ေက်းကာ တင္းတိမ္ေရာင့္ရဲတတ္သူျဖစ္သည္။

မင္းႀကီးသည္ “ႀတိေလာကဝဋံသကာေဒဝီ”ဘြဲ႕ခံ ဦးေဆာက္ပန္းအမည္ျဖင့္ သမၻဴ လကို ေတာ္ဝင္မိဖုရားအရာေပး၍ ကြၽန္သုံး႐ြာအား အပိုင္စားေပးကာ ေျမႇာက္စားခဲ့၏။ သားေတာ္ ရာဇကုမာကိုလည္း ေဇယ်ေခတၱရာဟူေသာ ဘြဲ႕ျဖင့္ ဓညဝတီႏွင့္ေတာင္စဥ္ (၇)ခ႐ိုင္ကိုစားေစခဲ့သည္။

ဘုရင္၏တစ္ဦးတည္းေသာ သားျဖစ္၍ ထီးနန္းအေမြမေမွ်ာ္လင့္ပဲ မိဘေက်းဇူးကို သိတတ္သူျဖစ္၏။

အသက္ (၈၁)ႏွစ္အ႐ြယ္ရွိ ခမည္းေတာ္က်န္စစ္သားမင္းႀကီး၏ ဘဝေနညိဳခ်ိန္တြင္ သားေတာ္ရာဇကုမာရက ကြယ္လြန္ၿပီးျဖစ္သည့္ မိခင္သမၻဴလ၏ လက္ဝတ္ရတနာတို႔ျဖင့္ ေ႐ႊဆင္းတုတစ္ဆူသြန္း႒ာပနာလွ်က္ ျမင္းကပါအရပ္တြင္ ဂူေျပာက္ႀကီးဘုရားကိုတည္ေဆာက္ကာ ခမည္းေတာ္မင္းႀကီးကိုယ္တိုင္ ေရစက္ခ်ေစၿပီးကုသိုလ္ျဖစ္ေစခဲ့သည္။

မိခင္စားရေသာကြၽန္သုံး႐ြာကိုလည္း ဂူေျပာက္ႀကီးဘုရားအားလႉ ဒါန္းခဲ့ေၾကာင္း ေအဒီ၁၁၁၂တြင္ ျမေစတီေက်ာက္စာျဖင့္(ပ်ဳ မြန္ ျမန္မာ ပါဠိ)ဘာသာစကား၄မ်ိဳးေရးထိုးကာ မွတ္တမ္းတင္ခဲ့ေလသည္။

ဂူေျပာက္ႀကီးဘုရားမွာ ျမင္ကပါ႐ြာျမေစတီဘုရားအနီးကပ္လွ်က္ တည္ရွိသည္။ ရာဇကုမာ၏ ကုသိုလ္မွတ္တမ္းျဖစ္သည့္ ဂူေျပာက္ႀကီးဘုရားေက်ာက္စာတိုင္ကို ျမေစတီဘုရားမဟာရာမ္တံတိုင္းကို ျပဳျပင္ရာမွ တူးေဖာ္ေတြ႕ရွိခဲ့ရသျဖင့္ ျမေစတီဘုရားရင္ျပင္ေတာ္တြင္ ေက်ာက္စာဂူျဖင့္ ထိန္းသိမ္းထားရွိခဲ့ရာမွ ျမေစတီေက်ာက္စာဟု ေခၚေဝၚခဲ့ၾကသည္။

ဂူေျပာက္ႀကီးဘုရားမွာ မြန္ဗိသုကာလက္ရာျဖစ္ၿပီး ပန္ေတာ့အဂၤေတလက္ရာအလြန္ေကာင္းမြန္ကာ ဂူနံရံရွိ အတြင္းစၾကၤ ံပတ္လမ္းတစ္ေလွ်ာက္ ဗုဒၶဝင္ဇာတ္ေတာ္နံရံေဆးေရးပန္းခ်ီမ်ားကို ယခုတိုင္ အေကာင္းအတိုင္းေတြ႕ျမင္ႏိုင္ေသးသည္။ ဇာတ္ကြက္တို႔၏ေအာက္ေျခတြင္ မြန္ဘာသာျဖင့္ ေရးသားခဲ့သည္။

ထီးလႈိင္ရွင္ေခၚက်န္စစ္သားမင္းသည္ အရပ္သားဘဝမွမင္းမႈ႕ထမ္းျဖစ္လာၿပီး ထိုမွတဆင့္ပုဂံထီးနန္းကိုပိုင္စိုးအုပ္ခ်ဳပ္ခဲ့သူျဖစ္သည္။

သူ၏ ဘဝတစ္ေလွ်ာက္တြင္ေတြ႕ဆုံခဲ့ရသူ အမ်ိဳးသမီးေလးဦးမွာလည္း ေနာင္တစ္ခ်ိန္မိဖုရားအရာ ေနရာေပးခံရမည္ဟူေသာ ေမွ်ာ္လင့္စရာအေျခအေနမရွိပဲ ဒုကၡႏွင့္အခက္အခဲအမ်ိဳးမ်ိဳးအၾကားမွ ေမတၱာသက္လွ်က္ခ်စ္ကြၽမ္းဝင္ခဲ့ၾကသူမ်ား ျဖစ္သလို ခ်စ္ျခင္းေမတၱာႏွင့္ တန္ဖိုးထားေလးစားေသာအားျဖင့္ ေတာ္ဝင္မိဖုရားႀကီးေလးပါးအျဖစ္ ေျမႇာက္စားခဲ့ေသာ ဘုရင္လည္းျဖစ္ေပသည္။

ဘုရင္ႏွင့္အတူ စည္းလုံးညီၫြတ္စြာ အေနာ္ရထာတည္ေထာင္ခဲ့သည့္ပထမျမန္မာႏိုင္ငံေတာ္ႀကီးကို စုစည္းလွ်က္တိုးတက္စည္ပင္ဖြံ႕ၿဖိဳးေအာင္ေဆာင္႐ြက္ႏိုင္ခဲ့ေသာ က်န္စစ္သားမင္းႀကီးကိုသမိုင္းတစ္ေထာင့္တစ္ေနရာမွ ေထာက္ပံ့ကုညီေပးႏိုင္ခဲ့ေသာ မိဖုရားႀကီးမ်ားဟုဆိုႏိုင္ပါလိမ့္မည္။

ဤမိဖုရားႀကီး၄ပါးတြင္ ငယ္ေပါင္းမိဖုရားႀကီးျဖစ္ေသာအပယ္ရတနာ၌ သမီးေတာ္ေ႐ႊအိမ္သည္ကိုဖြားျမင္၍ မိဖုရားဦးေဆာက္ပန္းေခၚသမၻဴ လ၌ သားေတာ္ရာဇကုမာကို ဖြားျမင္ခဲ့သည္။ ဥႆာမင္းသမီး မဏိစႏၵာေခၚ ခင္ဦး ႏွင့္ ထီးလႈိင္႐ြာသူႀကီးသမီး ခင္တန္မိဖုရားတို႔တြင္ သားေတာ္သမီးေတာ္မထြန္းကားခဲ့ေပ။

အေနာ္ရထာမင္းႀကီးစတင္တည္ေဆာက္ခဲ့ေသာ ေ႐ႊစည္ခုံဘုရားႀကီးမွာ က်န္စစ္သားမင္းလက္ထက္မွ အၿပီးသတ္တည္ေဆာက္ကာ ေရစက္ခ်ႏိုင္ခဲ့ရာ ေ႐ႊစည္းခုံဘုရားႀကီးပရဝုဏ္အတြင္း အေနာက္ဘက္တံခါး၏ ေျမာက္ဘက္၌ မိဖုရားမဏိစႏၵာခင္ဦးတည္ေသာဘုရား(ဘုရားအမွတ္-၁၉) ႏွင့္ မိဖုရားခင္တန္တည္ေသာ ဘုရား(အမွတ္-၁၈)တို႔ကို လုံးပတ္ေတာ္ဉာဏ္ေတာ္ပုံစံတူ ဘုရားႏွစ္ဆူကိုလည္း ယေန႔တိုင္ဖူးေမွ်ာ္ေတြ႕ျမင္ႏိုင္ပါသည္။

က်န္စစ္သားမင္းလက္ထက္တြင္ ခရစ္ႏွစ္၁၀၈၈ခုႏွစ္တြင္ တူ႐ြင္းေတာက္ေျခရွိ အမရကန္ေခၚျမကန္ကိုတူးေဖာ္ဆည္ဖို႔ခဲ့ၿပီး ၁၀၉၁ခုႏွစ္တြင္ ဘုရားရွင္လက္ထက္ေတာ္က ဟိမဝႏၲာေတာင္တန္းရွိ နႏၵမူလႈိဏ္ဂူသ႑ာန္ရွိ အာနႏၵာဂူဘုရားကို တည္ထားကိုးကြယ္ခဲ့သည္။

၁၁၀၂ခုႏွစ္ေမလ၉ရက္ေန႔တြင္ နန္းေတာ္သစ္ကိုအၿပီးသတ္တည္ေဆာက္ႏိုင္ခဲ့ၿပီး ၁၁၀၆ခုႏွစ္တြင္တ႐ုတ္ႏိုင္ငံသို႔ ျမန္မာသံအဖြဲ႕တစ္ဖြဲ႕ေစလႊတ္ႏိုင္ခဲ့သည္။က်န္စစ္သားသည္ အသက္၈၃ႏွစ္အ႐ြယ္ ခရစ္ႏွစ္-၁၁၁၃ခုႏွစ္တြင္ နတ္႐ြာစံခဲ့ေလသည္။

စာကိုး။ ဦးကုလား၏ “မဟာရာဇဝင္ႀကီး”(ပတြဲ), “မွန္နန္းမဟာရာဇဝင္ေတာ္ႀကီး”(ပတြဲ), ဦးသန္းေဆြ(ေရွး/သု)”ပုဂံေစတီပုထိုးမ်ား”, တင္သန္းယု”မေဟသီေဒဝီဧကရီမ်ား”, တင္ႏိုင္တိုး”ပုဂံအဘိဓာန္”မူရင္းေရးသားသူကို ေလးစားစြာခရက္ဒစ္ေပးပါသည္။

Un icode

ပုဂံပြည်ထီးလှိုင်ရှင် ကျန်စစ်သားမင်း၏ တော်ဝင်မိဖုရားလေးပါး

ပုဂံပြည်ထီးလှိုင်ရှင် ကျန်စစ်သားမင်း(၁၀၈၄-၁၁၁၂)၏ တော်ဝင်မိဖုရားလေးပါးမှာ အပယ်ရတနာ၊သမ္ဘူလ၊မဏိ
စန္ဒာခေါ်ခင်ဦးနှင့်ခင်တန်မိဖုရားတို့ဖြစ်ကြသည်။ပထမမြန်မာနိုင်ငံတော် ပုဂံပြည်ကြီးကို အနော်ရထာမင်းကြီတည် ထောင်စုစည်းရာတွင် ကျန်စစ်သားသည် ငထွေးရူး၊ငလုံးလက်ဖယ်၊ညောင်ဦးဖီးတို့နှင့်အတူ သူရဲကောင်းလေးဦးအဖြစ် အဘက်ဘက်မှစွမ်းစွမ်းတမံပါဝင်ခဲ့သော စစ်သူကြီးတစ်ဦးဖြစ်သည်။

ပုဂံနန်းတွင်း၌ မင်းမှု့ထမ်းမဖြစ်ခင်က ကျန်စစ်သား၏ ငယ်စဉ်အတိတ်ဘဝကို အတိအကျ မသိရသော်လည်း (မြန်မာရာဇဝင်များ၌မဖော်ပြပေ) ဘဝကို အခက်အခဲပေါင်းများစွာကြားမှ ရုန်းကန်ကျော်ဖြတ်ခဲ့ရကြောင်းကိုမူ သမိုင်းမှတ်တမ်းများအရ သိရပါသည်။

ကျန်စစ်သားကို ၁၀၃၀ပြည့်နှစ်၌ဖွားမြင်ခဲ့ပြီးအနော်ရထာမင်း၏ စစ်သူကြီးအဖြစ်အမှု့ထမ်းရွက်ခဲ့ရကာ အသက် ၅၄နှစ်အရွယ် ၁၀၈၄ခုနှစ်၌ ထီးနန်းရရှိခဲ့၏။ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပရိမ္မဇာတိဖြစ်သည်ဟု အဆိုရှိသည်။

ကျန်စစ်သားဟူသောဝေါဟာရမှာ ”ကလန်စစ်သား”မှဆင်းသက် သည်ဟု ယူဆကြ၏။ မွန်ဘာသာဖြင့်”ကလန်သံဗျင်”ဆိုသည်မှာ အခွန်အကောက်နှင့်မှု့ခင်းများကို စစ်ဆေးရသည့် နယ်မြအုပ်ချုပ် သူအရာရှိကိုခေါ်ဝေါ်သော ဝေါဟာရအဖြစ် ပုဂံကျောက်စာတို့တွင် ရေးထိုးထားရှိသည်။

ပုဂံနန်းတွင်းမင်းမှု့ထမ်း မဖြစ်ခင်ဘဝကပင် ပရိမ္မအရပ်သူ အပယ် ရတနာနှင့် ငယ်ဘဝကတည်းက ချစ်ကျွမ်းဝင်ကာ လက်ထပ်ပေါင်းသင်းခဲ့ကြပြီး နောက်မှသာ ပုဂံနေပြည်တော်သို့ မင်းမှုထမ်းရန် နန်းတွင်းသို့ ရောက်ရှိလာခဲ့သည်။

ဘုရင်အဖြစ် မရောက်သေးခင်ကာလတစ်လျှောက် ကျန်စစ်သား ၏ ဘဝခရီးကြမ်းတွင် အပယ်ရတနာသည် မငြီးမငြူ သစ္စာမပျက် သဘောထားကြီးလျှက် ပါရမီဖြည့်ရှာသော ငယ်ပေါင်းမယားကောင်းဖြစ်သည်မှာ ထင်ရှားပါသည်။

တစ်ကြိမ်တွင် စောလူးမင်း၏ အမျက်ရန်ကြောင့် ကျန်စစ်သားသည် (လက်ရှိနဂါးရုံဘုရားနေရာ) မြင်းကပါအရပ်၌တိမ်းရှောင် ခိုအောင်းနေရစဉ် မြေပြင်ပေါ်၌ အိပ်ပျော်သွားခဲ့သည်။

ထိုအခါ မြွေ(နဂါး)တစ်ကောင်က မျက်နှာကို နေပြောက်မထိုးစေရန် ပါးပျဉ်းကိုထောင်ကာ အုပ်မိုးပေးနေသည်ကို ထမင်းအုပ်လာပို့သော အပယ်ရတနာက တွေ့မြင်ခဲ့ရသည်။ နောင် ကျန်စစ်သားမင်းဖြစ်သောအခါ ထိုအရပ်၌ အပယ်ရတနာနှင့် တွေ့ဆုံလေ့ရှိသော နေရာတွင် အပယ်ရတနာဘုရားနှင့် မြွေပါးပျဉ်းအုပ်မိုးပေးရာ နေရာကို နဂါးရုံဘုရားဟူ၍ ဘုရားနှစ်ဆူတည်ဆောက်ထားခဲ့သည်။

အပယ်ရတနာဘုရားသည် ပုဂံခေတ်ဦးပိုင်းလက်ရာဖြစ်၍ အတွင်းနံရံ၌ ဗုဒ္ဓဝင်ဇာတ်တော်များကို နံရံဆေးရေးပန်းချီဖြင့်ရေးဆွဲထားပြီး မွန်ဘာသာဖြင့် စာတန်းများရေးထိုးထားသည်။ နဂါးရုံဘုရားမှာမူ အဝင်ဝတွင် ကျွန်းတုံးကြီးများကို ထုတ်အဖြစ်ကန်ကာ အဖြောင့်ပေါင်းကူးစနစ်(Straight Arch)ဖြင့် တည်ဆောက်ခဲ့သည်။

တစ်မူထူးခြားသော မွန်ဗိသုကာလက်ရာဆန်းများဖြင့် ယှဉ်လျှက် တည်ဆောက်ထားခဲ့သည့် ထိုဘုရားနှစ်ဆူကို မြင်းကပါအရပ်၌ ဖူးတွေ့နိုင်ပါသည်။ အပယ်ရတနာမိဖုရားကြီးသည် နောင်အခါ ဘုန်းတန်ခိုးအာနုဘော်ဖြင့် ပြည့်စုံသော အလောင်းစည်သူမင်းကြီး၏ မယ်တော်ဖြစ်လာမည့် ရွှေအိမ်သည်အမည်ရှိ သမီးတော်တစ်ပါးကို ဖွားမြင်ခဲ့ပါသည်။

ကျန်စစ်သားသည် အနော်ရထာဘုရင်၏ စစ်သူကြီးအဖြစ် အမှု့ထမ်းရွက်ခဲ့ကာ အေဒီ၁၀၅၇ခုနှစ်တွင် ဥဿာပဲခူးကို လာရောက်တိုက်ခိုက်သော ဂျွမ်းစစ်သည်(ကမ္ဘောဒီယားမှ ခမာလူမျိူ းများ)ကို သွားရောက်နှိမ်နင်းပေးခဲ့ရသည်။

စစ်ပွဲအောင်လက်ဆောင်များနှင့်အတူ ပဲခူးဘုရင်၏သမီးတော် မဏိစန္ဒာခင်ဦးကိုပါ ဆက်သလိုက်၏။ လမ်းခရီး၏ မင်းသမီးကို စစ်သူကြီး၄ဦး အလှည့်ကျစောင့်ရှောက်ကြရာ ကျန်စစ်သားစောင့်လှည့်တွင် မဏိစန္ဒာနှင့် ငြိစွန်းခဲ့သည်။

အနော်ရထာမင်း သိသောအခါ အမျက်တော်ရှ၍ အရိန္ဒမာလှံဖြင့်ပစ်ရာ ချည်ထားသောကြိုးကိုထိမှန်၍ လှံကိုကောက်ယူပြီး အသက်လုထွက်ပြေးခဲ့ရသည်။မိတ္ထီလာနယ် ကျောင်းဖြူအရပ်သို့ အသက်ဘေးအတွက် ထွက်ပြေးခိုလှုံရင်း ရှင်မထီးတစ်ပါး၏ တူမဖြစ်သူသမ္ဘူ လနှင့် ရေစက်ဆုံခဲ့ရပြန်သည်။

အနော်ရထာမင်း နတ်ရွာစံသောအခါ သားတော်စောလူးမင်းနန်းတက်၍ ကျန်စစ်သားကို ပြန်လည်အမှု့ထမ်းရန်ခေါ်၏ နန်းတော်သို့မပြန်မီ သမ္ဘူ လကို ပတ္တမြားလက်စွပ်တစ်ကွင်းပေးအပ်ခဲ့ပြီး သားယောင်္ကျားဖွားမြင်ပါက နန်းတော်သို့လိုက်ခဲ့ရန် ကတိစကားထားရှိခဲ့သည်။

အရည်အချင်းမရှိသော စောလူးမင်းသည် နို့စို့ဘက်ငရမန်ကန်းကို မြှောက်စားခဲ့သော်လည်း သစ္စာမရှိသော ငရမန်ကန်း၏ စဉ်းလဲမှု့ကြောင့် စောလူးမင်းအဖမ်းခံရသည်။ ကျန်စစ်သားကြိုးစားကယ်တင်ပါသော်လည်း စောလူးမင်း၏အတွေးတိမ်မှု့ကြောင့် မအောင်မြင်ပဲ ငရမန်ကန်း၏ လုပ်ကြံသတ်ဖြတ်မှု့ကိုသာ ခံရသည်။

ငရမန်ကန်းသည် ပုဂံနေပြည်တော်ကို မသိမ်းပိုက်နိုင်သေးခင် ကျန်စစ်သားသည် ထီးလှိုင်အရပ်၌ လက်နက်လူသူစုဆောင်းရင်းနေထိုင်စဉ် ထီးလှိုင် လေးရွာသူကြီးသမီးအမိမဲ့သူ ခင်တန်နှင့် တွေ့ဆုံပေါင်းသင်းခဲ့၏။ ထိုအနီးဝန်းကျင်အရပ်မှ လူသူလက်နက်တို့ စုစည်းကာ ပုဂံကိုသိမ်းပိုက်ရန် ချီတက်လာသော ငရမန်ကန်း၏ မွန်တပ်ကို ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်။

ကျန်စစ်သားသည် ထီးလှိုင်ရွာ၌ နေထိုင်စဉ်ပင် ခင်တန်ကို ဘိသိတ်ပေးမင်္ဂလာပြုခဲ့ပြီး ပုဂံထီးနန်းကိုသိမ်းပိုက်စိုးစံသောအခါ မိဖုရားအရာမြှောက်စားခဲ့သည်။

ငယ်ပေါင်းဖြစ်သူ အပယ်ရတနာမိဖုရား၊ ထီးလှိုင်ရွာသူကြီးသမီး ခင်တန်မိဖုရားနှင့် ငြိစွန်းရင်း ရှိခဲ့ဖူးသည့် အနော်ရထာနှင့် စောလူမင်းတို့လက်ထက် နန်းမိဖုရားကြီးအပ်နှင်းခံရသူ မွန်မင်းသမီးမဏိစန္ဒာခေါ်ခင်ဦးတို့ကို မိဖုရားကြီးများအဖြစ် ပုဂံထီးနန်းကို စိုးစံခဲ့သည်။

ထိုအခါ ကြောင်းဖြူအရပ်မှ ရှင်မထီး၏တူမသမ္ဘူလမှာ ကျန်စစ်သားနှင့်ရသော အရွယ်ရောက်ပြီဖြစ်သည့် သားဖြစ်သူနှင့်အတူ ကတိအတိုင်း ပုဂံနန်းတော်သို့ လိုက်လာခဲ့သည်။

ထိုအခါမင်းကြီးမှာ အပယ်ရတနာမိဖုရား၏သမီးတော် ရွှေအိမ်သည်မှ ဖွားမြင်သည့် ရင်ခွင်ပိုက်အရွယ်မြေးတော် မဏိစည်သူ(အလောင်းစည်သူ)ကို ထီးနန်းလွှဲအပ်ရန် ဘိသိတ်သွန်းခဲ့ပြီး ဖြစ်သဖြင့်”မြေးကားအရင်း သားကားအဖျားဖြစ်ပေပြီ”ဟုမိန့်တော်မူ၏။

နောက်ကျမှနန်းတော်သို့ ရောက်လာသော သားမိနှစ်ယောက်အဖို့ မင်းကြီးကို အပြစ်မဝင်ခဲ့ကြပေ။ သမ္ဘူ လသည် ဘုရားတရားရိပ်၌ နေထိုင်ကြီးပြင်းခဲ့သူပီပီ နှိမ့်ချသည်းခံ သိမ်မွေ့သူဖြစ်သလို သားဖြစ်သူမှာလည်း အထူးပင် လိမ္မာယဉ်ကျေးကာ တင်းတိမ်ရောင့်ရဲတတ်သူဖြစ်သည်။

မင်းကြီးသည် “တြိလောကဝဋံသကာဒေဝီ”ဘွဲ့ခံ ဦးဆောက်ပန်းအမည်ဖြင့် သမ္ဘူ လကို တော်ဝင်မိဖုရားအရာပေး၍ ကျွန်သုံးရွာအား အပိုင်စားပေးကာ မြှောက်စားခဲ့၏။ သားတော် ရာဇကုမာကိုလည်း ဇေယျခေတ္တရာဟူသော ဘွဲ့ဖြင့် ဓညဝတီနှင့်တောင်စဉ် (၇)ခရိုင်ကိုစားစေခဲ့သည်။

ဘုရင်၏တစ်ဦးတည်းသော သားဖြစ်၍ ထီးနန်းအမွေမမျှော်လင့်ပဲ မိဘကျေးဇူးကို သိတတ်သူဖြစ်၏။

အသက် (၈၁)နှစ်အရွယ်ရှိ ခမည်းတော်ကျန်စစ်သားမင်းကြီး၏ ဘဝနေညိုချိန်တွင် သားတော်ရာဇကုမာရက ကွယ်လွန်ပြီးဖြစ်သည့် မိခင်သမ္ဘူလ၏ လက်ဝတ်ရတနာတို့ဖြင့် ရွှေဆင်းတုတစ်ဆူသွန်းဋ္ဌာပနာလျှက် မြင်းကပါအရပ်တွင် ဂူပြောက်ကြီးဘုရားကိုတည်ဆောက်ကာ ခမည်းတော်မင်းကြီးကိုယ်တိုင် ရေစက်ချစေပြီးကုသိုလ်ဖြစ်စေခဲ့သည်။

မိခင်စားရသောကျွန်သုံးရွာကိုလည်း ဂူပြောက်ကြီးဘုရားအားလှူ ဒါန်းခဲ့ကြောင်း အေဒီ၁၁၁၂တွင် မြစေတီကျောက်စာဖြင့်(ပျု မွန် မြန်မာ ပါဠိ)ဘာသာစကား၄မျိုးရေးထိုးကာ မှတ်တမ်းတင်ခဲ့လေသည်။

ဂူပြောက်ကြီးဘုရားမှာ မြင်ကပါရွာမြစေတီဘုရားအနီးကပ်လျှက် တည်ရှိသည်။ ရာဇကုမာ၏ ကုသိုလ်မှတ်တမ်းဖြစ်သည့် ဂူပြောက်ကြီးဘုရားကျောက်စာတိုင်ကို မြစေတီဘုရားမဟာရာမ်တံတိုင်းကို ပြုပြင်ရာမှ တူးဖော်တွေ့ရှိခဲ့ရသဖြင့် မြစေတီဘုရားရင်ပြင်တော်တွင် ကျောက်စာဂူဖြင့် ထိန်းသိမ်းထားရှိခဲ့ရာမှ မြစေတီကျောက်စာဟု ခေါ်ဝေါ်ခဲ့ကြသည်။

ဂူပြောက်ကြီးဘုရားမှာ မွန်ဗိသုကာလက်ရာဖြစ်ပြီး ပန်တော့အင်္ဂတေလက်ရာအလွန်ကောင်းမွန်ကာ ဂူနံရံရှိ အတွင်းစင်္ကြ ံပတ်လမ်းတစ်လျှောက် ဗုဒ္ဓဝင်ဇာတ်တော်နံရံဆေးရေးပန်းချီများကို ယခုတိုင် အကောင်းအတိုင်းတွေ့မြင်နိုင်သေးသည်။ ဇာတ်ကွက်တို့၏အောက်ခြေတွင် မွန်ဘာသာဖြင့် ရေးသားခဲ့သည်။

ထီးလှိုင်ရှင်ခေါ်ကျန်စစ်သားမင်းသည် အရပ်သားဘဝမှမင်းမှု့ထမ်းဖြစ်လာပြီး ထိုမှတဆင့်ပုဂံထီးနန်းကိုပိုင်စိုးအုပ်ချုပ်ခဲ့သူဖြစ်သည်။

သူ၏ ဘဝတစ်လျှောက်တွင်တွေ့ဆုံခဲ့ရသူ အမျိုးသမီးလေးဦးမှာလည်း နောင်တစ်ချိန်မိဖုရားအရာ နေရာပေးခံရမည်ဟူသော မျှော်လင့်စရာအခြေအနေမရှိပဲ ဒုက္ခနှင့်အခက်အခဲအမျိုးမျိုးအကြားမှ မေတ္တာသက်လျှက်ချစ်ကျွမ်းဝင်ခဲ့ကြသူများ ဖြစ်သလို ချစ်ခြင်းမေတ္တာနှင့် တန်ဖိုးထားလေးစားသောအားဖြင့် တော်ဝင်မိဖုရားကြီးလေးပါးအဖြစ် မြှောက်စားခဲ့သော ဘုရင်လည်းဖြစ်ပေသည်။

ဘုရင်နှင့်အတူ စည်းလုံးညီညွတ်စွာ အနော်ရထာတည်ထောင်ခဲ့သည့်ပထမမြန်မာနိုင်ငံတော်ကြီးကို စုစည်းလျှက်တိုးတက်စည်ပင်ဖွံ့ဖြိုးအောင်ဆောင်ရွက်နိုင်ခဲ့သော ကျန်စစ်သားမင်းကြီးကိုသမိုင်းတစ်ထောင့်တစ်နေရာမှ ထောက်ပံ့ကုညီပေးနိုင်ခဲ့သော မိဖုရားကြီးများဟုဆိုနိုင်ပါလိမ့်မည်။

ဤမိဖုရားကြီး၄ပါးတွင် ငယ်ပေါင်းမိဖုရားကြီးဖြစ်သောအပယ်ရတနာ၌ သမီးတော်ရွှေအိမ်သည်ကိုဖွားမြင်၍ မိဖုရားဦးဆောက်ပန်းခေါ်သမ္ဘူ လ၌ သားတော်ရာဇကုမာကို ဖွားမြင်ခဲ့သည်။ ဥဿာမင်းသမီး မဏိစန္ဒာခေါ် ခင်ဦး နှင့် ထီးလှိုင်ရွာသူကြီးသမီး ခင်တန်မိဖုရားတို့တွင် သားတော်သမီးတော်မထွန်းကားခဲ့ပေ။

အနော်ရထာမင်းကြီးစတင်တည်ဆောက်ခဲ့သော ရွှေစည်ခုံဘုရားကြီးမှာ ကျန်စစ်သားမင်းလက်ထက်မှ အပြီးသတ်တည်ဆောက်ကာ ရေစက်ချနိုင်ခဲ့ရာ ရွှေစည်းခုံဘုရားကြီးပရဝုဏ်အတွင်း အနောက်ဘက်တံခါး၏ မြောက်ဘက်၌ မိဖုရားမဏိစန္ဒာခင်ဦးတည်သောဘုရား(ဘုရားအမှတ်-၁၉) နှင့် မိဖုရားခင်တန်တည်သော ဘုရား(အမှတ်-၁၈)တို့ကို လုံးပတ်တော်ဉာဏ်တော်ပုံစံတူ ဘုရားနှစ်ဆူကိုလည်း ယနေ့တိုင်ဖူးမျှော်တွေ့မြင်နိုင်ပါသည်။

ကျန်စစ်သားမင်းလက်ထက်တွင် ခရစ်နှစ်၁၀၈၈ခုနှစ်တွင် တူရွင်းတောက်ခြေရှိ အမရကန်ခေါ်မြကန်ကိုတူးဖော်ဆည်ဖို့ခဲ့ပြီး ၁၀၉၁ခုနှစ်တွင် ဘုရားရှင်လက်ထက်တော်က ဟိမဝန္တာတောင်တန်းရှိ နန္ဒမူလှိုဏ်ဂူသဏ္ဍာန်ရှိ အာနန္ဒာဂူဘုရားကို တည်ထားကိုးကွယ်ခဲ့သည်။

၁၁၀၂ခုနှစ်မေလ၉ရက်နေ့တွင် နန်းတော်သစ်ကိုအပြီးသတ်တည်ဆောက်နိုင်ခဲ့ပြီး ၁၁၀၆ခုနှစ်တွင်တရုတ်နိုင်ငံသို့ မြန်မာသံအဖွဲ့တစ်ဖွဲ့စေလွှတ်နိုင်ခဲ့သည်။ကျန်စစ်သားသည် အသက်၈၃နှစ်အရွယ် ခရစ်နှစ်-၁၁၁၃ခုနှစ်တွင် နတ်ရွာစံခဲ့လေသည်။

စာကိုး။ ဦးကုလား၏ “မဟာရာဇဝင်ကြီး”(ပတွဲ), “မှန်နန်းမဟာရာဇဝင်တော်ကြီး”(ပတွဲ), ဦးသန်းဆွေ(ရှေး/သု)”ပုဂံစေတီပုထိုးများ”, တင်သန်းယု”မဟေသီဒေဝီဧကရီများ”, တင်နိုင်တိုး”ပုဂံအဘိဓာန်”မူရင်းရေးသားသူကို လေးစားစွာခရက်ဒစ်ပေးပါသည်။

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …