စာဖတ်တာ မေ့သွားမယ့် တူတူ ဘာလို့ စာဖတ် ရတာလဲ? - YATHAZONE

စာဖတ်တာ မေ့သွားမယ့် တူတူ ဘာလို့ စာဖတ် ရတာလဲ?

Knowledge

စာဖတ်တာ မေ့သွားမယ့် တူတူ ဘာလို့ စာဖတ် ရတာလဲ?

တစ်နေ့မှာ မြေးအဘိုး နှစ်ယောက် မြစ်ကမ်းဘေးမှာ ထိုင်ပြီး စကားပြော နေ ကြ တယ် ၊

မြေး ဖြစ်သူက အဘိုးကို မေးတယ်…

“ဘိုးဘိုး… ဘိုးဘိုး နေ့တိုင်း စာဖတ်တာ.. ဘယ်လောက် မှတ်မိ သလဲ..။ မေ့သွားမယ့် တူတူ ဘာလို့ စာဖတ် ရ တာ လဲ ”

အဘိုးက မြေးကို ပြုံးပြပြီး ပြော တယ် ။

“ ဟိုးနားက မီးသွေး ထည့်တဲ့ ခြင်းကြား သွားယူခဲ့ ငါ့မြေး ”

မြေးက နားမလည်စွာ နဲ့ ညစ်ပတ် မည်းညစ် နေတဲ့ ခြင်းကြားကို သွားယူ ခဲ့တယ် ။

“ ကဲ.. အဲဒီ ခြင်းကြား နဲ့ မြစ်ထဲက ရေကို ခပ်ခဲ့ ” လို့ အဘိုး ပြောတော့ မြေးက ပို ဇဝေဇဝါ ဖြစ်သွား ပေမယ့် အဘိုး ပြောသလို ခြင်းကြား နဲ့ ရေ သွားခပ် ပါတယ် ။

ခြင်းက ရေ ထည့်မရဘူး ဆိုတာ ကြည့်တာနဲ့ သိသာ နေပါတယ် ။ မြေးက ခြင်းကို ရေထဲ နစ် လိုက် တယ်… မ, လိုက် တယ်.. ရေတစ်စက် မှ ပါ မလာခဲ့ဘူး ။ အဘိုး သူ့ကို ဘာလုပ်ခိုင်းမှန်း သူ နားမလည် ဖြစ် ရ တယ် ။

အဘိုးက ထပ် စမ်းပါဦးလို့ ပြောလို့ သူလည်း ထပ် တလဲလဲ ခြင်းနဲ့ ရေ ခပ်ကြည့် နေ လိုက်တယ် ။ ဒါပေမယ့် ရေတစ်စက် မှ မရခဲ့ဘူး ။

အဲဒီ အချိန်ကျမှ အဘိုးက “ အဲဒီ ခြင်းကို ကြည့် ကြည့် ငါ့မြေး.. နဂိုက ခြင်း နဲ့ တူရဲ့လား ” လို့ မေးတယ် ။

နဂိုက ညစ်ပတ်နေတဲ့ ခြင်းဟာ ရေကြည်ရဲ့ ဆေးကြောမှု ကြောင့် သန့်ရှင်းနေတာ ကို မြေးဖြစ်သူ က တွေ့ လိုက် တယ်။

အဘိုးက ဆက်ပြောပါတယ်…

စာဖတ်တယ် ဆိုတာ ခြင်းကြား နဲ့ ရေ ခပ်နေ သလိုပါပဲ ။ ရေတွေက ခြင်း အကြားထဲ စီးဆင်းသွား ပြီး အပြင်ပန်း ကြည့်ရတာ ဘာမှ မရလိုက်ဘူး ဆိုပေမယ့် မသိ မသာ နဲ့ ခြင်းကို သူ ဆေးကြော ပေးသွား ပါတယ် ။

စာဖတ်တယ် ဆိုတာလည်း ဒီ ခြင်းကြား လိုပဲ လူတွေရဲ့ စိတ်ဝိညာဉ်ကို သန့်ရှင်း ကြည်လင်အောင် ဆေးကြော ပေးတာ နဲ့ အတူတူပါပဲ။ ”

ဒါဟာ စာဖတ်ခြင်း ရဲ့ အကျိုးရလဒ် ဖြစ်တယ် ။ စာအုပ် တစ်အုပ် ဖတ်ပြီးပြီးချင်း အသိ ဉာဏ်ပညာတွေ ရလိုက်တယ် ၊ စိတ်ဓာတ်တွေ တိုးမြင့်လာတယ် ဆိုတာမျိုးက မဖြစ်နိုင်ပါဘူး ။

ဒါပေမယ့် စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်း မသိစိတ်ထဲ ကနေ အသိတစ်ခုခု တော့ ရလိုက်တတ်တယ် ။ အဲဒီ အသိစိတ်က ကိုယ့်ကို မသိမသာ ပြောင်းလဲ နေစေပါတယ်။

တရုတ် စာရေးဆရာတစ်ဦးက ပြောတယ်..

“ စာအုပ်ပေကောင်းတွေ ကျွန်တော် တစ်ခါ ဖတ်တိုင်း သူတို့က ကျွန်တော့်ကို ဆွဲခေါ်သွားတတ်တယ် ။ ကျွန်တော် ပြန်ရောက်လာတဲ့ အခါ ကျွန်တော်နဲ့ အတူ သူတို့ အမြဲ ရှိနေတော့တယ် ”

စာတစ်အုပ် ဖတ်ပြီးတိုင်း စိတ်ဝိညာဉ် ကို တစ်ခါ ဆေးကြော တတ်တယ် ။ ဖတ်ပြီးသမျှ စာတွေ မေ့ကုန် တယ်လို့ ကျွန်မတို့ ထင်တတ် ကြတယ် ။

တကယ်တော့ သူဟာ ကျွန်မတို့ ရဲ့အသိဉာဏ် ထဲမှာ ကိန်းအောင်း နေပြီး ဘဝကို ပြုပြင် ပြောင်းလဲ နေစေခဲ့ပါတယ် ။Credit Yee Min Hlaing

Unicode

စာဖတ္တာ ေမ့သြားမယ့္ တူတူ ဘာလို႔ စာဖတ္ ရတာလဲ?

တစ္ေန႔မွာ ေျမးအဘိုး ႏွစ္ေယာက္ ျမစ္ကမ္းေဘးမွာ ထိုင္ၿပီး စကားေျပာ ေန ၾက တယ္ ၊

ေျမး ျဖစ္သူက အဘိုးကို ေမးတယ္…

“ဘိုးဘိုး… ဘိုးဘိုး ေန႔တိုင္း စာဖတ္တာ.. ဘယ္ေလာက္ မွတ္မိ သလဲ..။ ေမ့သြားမယ့္ တူတူ ဘာလို႔ စာဖတ္ ရ တာ လဲ ”

အဘိုးက ေျမးကို ၿပဳံးျပၿပီး ေျပာ တယ္ ။

“ ဟိုးနားက မီးေသြး ထည့္တဲ့ ျခင္းၾကား သြားယူခဲ့ ငါ့ေျမး ”

ေျမးက နားမလည္စြာ နဲ႔ ညစ္ပတ္ မည္းညစ္ ေနတဲ့ ျခင္းၾကားကို သြားယူ ခဲ့တယ္ ။

“ ကဲ.. အဲဒီ ျခင္းၾကား နဲ႔ ျမစ္ထဲက ေရကို ခပ္ခဲ့ ” လို႔ အဘိုး ေျပာေတာ့ ေျမးက ပို ဇေဝဇဝါ ျဖစ္သြား ေပမယ့္ အဘိုး ေျပာသလို ျခင္းၾကား နဲ႔ ေရ သြားခပ္ ပါတယ္ ။

ျခင္းက ေရ ထည့္မရဘူး ဆိုတာ ၾကည့္တာနဲ႔ သိသာ ေနပါတယ္ ။ ေျမးက ျခင္းကို ေရထဲ နစ္ လိုက္ တယ္… မ, လိုက္ တယ္.. ေရတစ္စက္ မွ ပါ မလာခဲ့ဘူး ။ အဘိုး သူ႔ကို ဘာလုပ္ခိုင္းမွန္း သူ နားမလည္ ျဖစ္ ရ တယ္ ။

အဘိုးက ထပ္ စမ္းပါဦးလို႔ ေျပာလို႔ သူလည္း ထပ္ တလဲလဲ ျခင္းနဲ႔ ေရ ခပ္ၾကည့္ ေန လိုက္တယ္ ။ ဒါေပမယ့္ ေရတစ္စက္ မွ မရခဲ့ဘူး ။

အဲဒီ အခ်ိန္က်မွ အဘိုးက “ အဲဒီ ျခင္းကို ၾကည့္ ၾကည့္ ငါ့ေျမး.. နဂိုက ျခင္း နဲ႔ တူရဲ႕လား ” လို႔ ေမးတယ္ ။

နဂိုက ညစ္ပတ္ေနတဲ့ ျခင္းဟာ ေရၾကည္ရဲ႕ ေဆးေၾကာမႈ ေၾကာင့္ သန႔္ရွင္းေနတာ ကို ေျမးျဖစ္သူ က ေတြ႕ လိုက္ တယ္။

အဘိုးက ဆက္ေျပာပါတယ္…

စာဖတ္တယ္ ဆိုတာ ျခင္းၾကား နဲ႔ ေရ ခပ္ေန သလိုပါပဲ ။ ေရေတြက ျခင္း အၾကားထဲ စီးဆင္းသြား ၿပီး အျပင္ပန္း ၾကည့္ရတာ ဘာမွ မရလိုက္ဘူး ဆိုေပမယ့္ မသိ မသာ နဲ႔ ျခင္းကို သူ ေဆးေၾကာ ေပးသြား ပါတယ္ ။

စာဖတ္တယ္ ဆိုတာလည္း ဒီ ျခင္းၾကား လိုပဲ လူေတြရဲ႕ စိတ္ဝိညာဥ္ကို သန႔္ရွင္း ၾကည္လင္ေအာင္ ေဆးေၾကာ ေပးတာ နဲ႔ အတူတူပါပဲ။ ”

ဒါဟာ စာဖတ္ျခင္း ရဲ႕ အက်ိဳးရလဒ္ ျဖစ္တယ္ ။ စာအုပ္ တစ္အုပ္ ဖတ္ၿပီးၿပီးခ်င္း အသိ ဉာဏ္ပညာေတြ ရလိုက္တယ္ ၊ စိတ္ဓာတ္ေတြ တိုးျမင့္လာတယ္ ဆိုတာမ်ိဳးက မျဖစ္ႏိုင္ပါဘူး ။

ဒါေပမယ့္ စာအုပ္တစ္အုပ္ ဖတ္ၿပီးတိုင္း မသိစိတ္ထဲ ကေန အသိတစ္ခုခု ေတာ့ ရလိုက္တတ္တယ္ ။ အဲဒီ အသိစိတ္က ကိုယ့္ကို မသိမသာ ေျပာင္းလဲ ေနေစပါတယ္။

တ႐ုတ္ စာေရးဆရာတစ္ဦးက ေျပာတယ္..

“ စာအုပ္ေပေကာင္းေတြ ကြၽန္ေတာ္ တစ္ခါ ဖတ္တိုင္း သူတို႔က ကြၽန္ေတာ့္ကို ဆြဲေခၚသြားတတ္တယ္ ။ ကြၽန္ေတာ္ ျပန္ေရာက္လာတဲ့ အခါ ကြၽန္ေတာ္နဲ႔ အတူ သူတို႔ အၿမဲ ရွိေနေတာ့တယ္ ”

စာတစ္အုပ္ ဖတ္ၿပီးတိုင္း စိတ္ဝိညာဥ္ ကို တစ္ခါ ေဆးေၾကာ တတ္တယ္ ။ ဖတ္ၿပီးသမွ် စာေတြ ေမ့ကုန္ တယ္လို႔ ကြၽန္မတို႔ ထင္တတ္ ၾကတယ္ ။

တကယ္ေတာ့ သူဟာ ကြၽန္မတို႔ ရဲ႕အသိဉာဏ္ ထဲမွာ ကိန္းေအာင္း ေနၿပီး ဘဝကို ျပဳျပင္ ေျပာင္းလဲ ေနေစခဲ့ပါတယ္ ။Credit Yee Min Hlaing

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …