လူတိုင္းရဲ႕ စိတ္အလုိက်အတုိင္း ေနထုိင္ဖုိ႕ဆုိတာ မျဖစ္နိဳင္ပါဘူး - YATHAZONE

လူတိုင္းရဲ႕ စိတ္အလုိက်အတုိင္း ေနထုိင္ဖုိ႕ဆုိတာ မျဖစ္နိဳင္ပါဘူး

Knowledge

လူတိုင္းရဲ႕ စိတ္အလုိက်အတုိင္း ေနထုိင္ဖုိ႕ဆုိတာ မျဖစ္နိဳင္ပါဘူး

ဘီလ္ဟာ အသက္ ၄၀အ႐ြယ္ လူႀကီးတစ္ေယာက္ ျဖစ္ပါတယ္။ သူေနထိုင္ရာ ႐ြာကေလးကေန ၿမိဳ႕ေပၚကို တက္ၿပီး ပိတ္စေတြေရာင္းတဲ့ လူႀကီးတစ္ေယာက္ပါ။ သူ႔ရဲ႕အဝတ္စေတြပါတဲ့ အထုပ္ကို အၿမဲတမ္း သူ႔ျမည္းရဲ႕ ေက်ာေပၚတင္သြားၿပီး ၿမိဳ႕ေဈးကို သြားေရာင္းရပါတယ္။

သူ႔မွာ အသက္ ၁၅ႏွစ္ခန႔္ရွိတဲ့ သားတစ္ေယာက္လည္း ရွိပါေသးတယ္။ သူ႔သားေလးဟာ သူ႔ကို လိုက္ၿပီး ေဈးကူေရာင္းေပးတတ္ပါတယ္။ ဘီလ္ရဲ႕ ျမည္းဟာ သူ႔ရဲ႕ အဝတ္ထုပ္ကို သယ္သြားရၿပီး အျပန္ခ်ိန္မွာေတာ့ ဘီလ္က သူ႔ရဲ႕ အဝတ္ထုပ္ကို ကုန္ေအာင္ ေရာင္းလိုက္ႏိုင္ပါတယ္။

ဘီလ္တို႔ သားအဖေတြဟာ ေပ်ာ္ၿပီး အိမ္ကို ျပန္လာခဲ့ၾကပါတယ္။ သူတို႔အိမ္ကိုျပန္လာတဲ့ လမ္းတစ္ေလွ်ာက္မွာ ျမည္းနဲ႔အတူ သူတို႔သားအဖဟာ လမ္းေလွ်ာက္ရင္း ျပန္လာခဲ့ပါတယ္။ လမ္းမွာ အျခားလူ ၂ေယာက္ကို ေတြ႕ပါတယ္။

ထိုလူ၂ေယာက္က ဘီလ္တို႔သားအဖကို ၾကည့္ၿပီး သူတို႔အခ်င္းခ်င္း ေျပာၾကပါတယ္။ “ဒီသားအဖဟာ အင္မတန္ တုံးအလိုက္တာ။ ျမည္းတစ္ေကာင္ပါတာကို ေကာင္းေကာင္းအသုံးမခ်ဘူး။ ျမည္းနဲ႔အတူ လမ္းေလွ်ာက္ျပန္လာသတဲ့။” လို႔ေျပာပါတယ္။

ထိုစကားကို ဘီလ္တို႔သားအဖ ၾကားတဲ့အခါမွာေတာ့ ဘီလ္ရဲ႕သားက သူ႔အေဖကို ေျပာပါတယ္။ “အေဖ…..အေဖပဲ ျမည္းကိုစီးၿပီး လာခဲ့လိုက္ပါ။” သားျဖစ္သူရဲ႕စကားကို လက္ခံၿပီး ဘီလ္က ျမည္းေပၚစီးလိုက္လာပါတယ္။ မၾကာခင္မွာပဲ လူႀကီးတစ္ေယာက္က ျမည္းစီးလာတာကို ျမင္လိုက္ရၿပီး ထိုလူႀကီးက ဘီလ္တို႔သားအဖကို လွမ္းေအာ္ေျပာလိုက္ပါတယ္။

“ေဟ့……မင္းရဲ႕သားကိုလည္း ငဲ့ပါအုံး။ မင္းသားကို ၾကည့္ရတာ အင္မတန္ေမာေနပုံရတယ္။ သူ႔ကိုပဲ ျမည္းစီးခိုင္းလိုက္ပါလား။ မင္းက အေဖျဖစ္ၿပီး လမ္းေလွ်ာက္ခဲ့ပါလား” လို႔ ေျပာျပန္ပါတယ္။ ဘီလ္ကထိုစကားကို ၾကားတဲ့အခါ သူ႔သားကို “ဟုတ္တယ္.. သားေရ သားပဲျမည္းစီးလာခဲ့ပါေတာ့ အေဖလမ္းေလွ်ာက္လိုက္မယ္” ဆိုၿပီး ျမည္းကို သူ႔သားကို စီးခိုင္းရျပန္ပါတယ္။

လမ္းတစ္ဝက္ေလာက္ အေရာက္မွာပဲ ေနာက္ထပ္လူစိမ္းတစ္ေယာက္နဲ႔ ေတြ႕ျပန္ပါတယ္။ ထိုလူစိမ္းက ေအာ္ျပန္ပါတယ္။ “ဟဲ့….ေကာင္ေလး မင္းက မသိတတ္လိုက္တာ၊ မင္းအေဖက အသက္ႀကီးေနၿပီေလ။ မင္းေနာက္ကေန ထိုင္လိုက္ခိုင္းလိုက္ပါလား” လို႔ ေျပာခံရျပန္ပါတယ္။ အဲဒါနဲ႔ပဲ ဘီလ္နဲ႔သူ႔သားဟာ ႏွစ္ေယာက္လုံးျမည္းေပၚက လိုက္ပါဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။

ေနာက္ထပ္ေနရာတစ္ခုအေရာက္မွာ အျခားလူတစ္ေယာက္နဲ႔ ေတြ႕ျပန္ပါတယ္။ ထိုလူက “ မင္းတို႔သားအဖက အၾကင္နာတရား ေခါင္းပါးလွခ်ည္လား၊ ျမည္းတစ္ေကာင္ကို ႏွစ္ေယာက္လုံး ဝိုင္းစီးၾကတယ္ဆိုေတာ့ ျမည္းကို အေသသတ္ေနတာလား” လို႔ အေမးခံရျပန္ပါတယ္။ အဲဒါနဲ႔… ဘီလ္နဲ႔သူ႔သားဟာ ထိုစကားေၾကာင့္ ဘာမွထပ္မေျပာႏိုင္ၾကေတာ့ပါဘူး။

ဒီပုံျပင္ေလးက လူတိုင္းသိၿပီးသားျဖစ္ၾကမွာပါ။ ကြၽန္ေတာ္တို႔ရဲ႕ဘဝမွာ အျခားသူေတြရဲ႕အထင္ျမင္ကိုနားေထာင္ၿပီး ဘယ္လိုမွ ဆုံးျဖတ္လို႔ မျဖစ္ပါဘူး။ လူတိုင္းရဲ႕စိတ္ေက်နပ္မႈအရ လိုက္ၿပီး ေနထိုင္မယ္ဆိုရင္ ကိုယ့္ဘဝကိုယ္ ျဖစ္ခ်င္တာေတာင္ ဘာမွန္းသိႏိုင္မွာ မဟုတ္ေတာ့ပါဘူး။

လူတိုင္းက ဘဝျဖတ္သန္းပုံ မတူညီတဲ့အတြက္ အေတြ႕အႀကဳံျခင္း မတူသလို၊ အေတြးအေခၚျခင္းလည္း တူခ်င္မွ တူၾကမွာပါ။ အျမင္ျခင္းလည္း တူခ်င္မွ တူၾကမွာျဖစ္ပါတယ္။ အဲဒါေၾကာင့္ လူတိုင္းေက်နပ္ေအာင္ ႀကိဳးစားေနလို႔ကေတာ့ မျဖစ္ႏိုင္ပါဘူးလို႔ ေျပာခ်င္တာပါပဲ…။

#Credit_BAWA101#ျပန္လည္မွ်ေဝပါသည္။

Unicode

လူတိုင်းရဲ့ စိတ်အလိုကျအတိုင်း နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး

ဘီလ်ဟာ အသက် ၄၀အရွယ် လူကြီးတစ်ယောက် ဖြစ်ပါတယ်။ သူနေထိုင်ရာ ရွာကလေးကနေ မြို့ပေါ်ကို တက်ပြီး ပိတ်စတွေရောင်းတဲ့ လူကြီးတစ်ယောက်ပါ။ သူ့ရဲ့အဝတ်စတွေပါတဲ့ အထုပ်ကို အမြဲတမ်း သူ့မြည်းရဲ့ ကျောပေါ်တင်သွားပြီး မြို့ဈေးကို သွားရောင်းရပါတယ်။

သူ့မှာ အသက် ၁၅နှစ်ခန့်ရှိတဲ့ သားတစ်ယောက်လည်း ရှိပါသေးတယ်။ သူ့သားလေးဟာ သူ့ကို လိုက်ပြီး ဈေးကူရောင်းပေးတတ်ပါတယ်။ ဘီလ်ရဲ့ မြည်းဟာ သူ့ရဲ့ အဝတ်ထုပ်ကို သယ်သွားရပြီး အပြန်ချိန်မှာတော့ ဘီလ်က သူ့ရဲ့ အဝတ်ထုပ်ကို ကုန်အောင် ရောင်းလိုက်နိုင်ပါတယ်။

ဘီလ်တို့ သားအဖတွေဟာ ပျော်ပြီး အိမ်ကို ပြန်လာခဲ့ကြပါတယ်။ သူတို့အိမ်ကိုပြန်လာတဲ့ လမ်းတစ်လျှောက်မှာ မြည်းနဲ့အတူ သူတို့သားအဖဟာ လမ်းလျှောက်ရင်း ပြန်လာခဲ့ပါတယ်။ လမ်းမှာ အခြားလူ ၂ယောက်ကို တွေ့ပါတယ်။

ထိုလူ၂ယောက်က ဘီလ်တို့သားအဖကို ကြည့်ပြီး သူတို့အချင်းချင်း ပြောကြပါတယ်။ “ဒီသားအဖဟာ အင်မတန် တုံးအလိုက်တာ။ မြည်းတစ်ကောင်ပါတာကို ကောင်းကောင်းအသုံးမချဘူး။ မြည်းနဲ့အတူ လမ်းလျှောက်ပြန်လာသတဲ့။” လို့ပြောပါတယ်။

ထိုစကားကို ဘီလ်တို့သားအဖ ကြားတဲ့အခါမှာတော့ ဘီလ်ရဲ့သားက သူ့အဖေကို ပြောပါတယ်။ “အဖေ…..အဖေပဲ မြည်းကိုစီးပြီး လာခဲ့လိုက်ပါ။” သားဖြစ်သူရဲ့စကားကို လက်ခံပြီး ဘီလ်က မြည်းပေါ်စီးလိုက်လာပါတယ်။ မကြာခင်မှာပဲ လူကြီးတစ်ယောက်က မြည်းစီးလာတာကို မြင်လိုက်ရပြီး ထိုလူကြီးက ဘီလ်တို့သားအဖကို လှမ်းအော်ပြောလိုက်ပါတယ်။

“ဟေ့……မင်းရဲ့သားကိုလည်း ငဲ့ပါအုံး။ မင်းသားကို ကြည့်ရတာ အင်မတန်မောနေပုံရတယ်။ သူ့ကိုပဲ မြည်းစီးခိုင်းလိုက်ပါလား။ မင်းက အဖေဖြစ်ပြီး လမ်းလျှောက်ခဲ့ပါလား” လို့ ပြောပြန်ပါတယ်။ ဘီလ်ကထိုစကားကို ကြားတဲ့အခါ သူ့သားကို “ဟုတ်တယ်.. သားရေ သားပဲမြည်းစီးလာခဲ့ပါတော့ အဖေလမ်းလျှောက်လိုက်မယ်” ဆိုပြီး မြည်းကို သူ့သားကို စီးခိုင်းရပြန်ပါတယ်။

လမ်းတစ်ဝက်လောက် အရောက်မှာပဲ နောက်ထပ်လူစိမ်းတစ်ယောက်နဲ့ တွေ့ပြန်ပါတယ်။ ထိုလူစိမ်းက အော်ပြန်ပါတယ်။ “ဟဲ့….ကောင်လေး မင်းက မသိတတ်လိုက်တာ၊ မင်းအဖေက အသက်ကြီးနေပြီလေ။ မင်းနောက်ကနေ ထိုင်လိုက်ခိုင်းလိုက်ပါလား” လို့ ပြောခံရပြန်ပါတယ်။ အဲဒါနဲ့ပဲ ဘီလ်နဲ့သူ့သားဟာ နှစ်ယောက်လုံးမြည်းပေါ်က လိုက်ပါဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

နောက်ထပ်နေရာတစ်ခုအရောက်မှာ အခြားလူတစ်ယောက်နဲ့ တွေ့ပြန်ပါတယ်။ ထိုလူက “ မင်းတို့သားအဖက အကြင်နာတရား ခေါင်းပါးလှချည်လား၊ မြည်းတစ်ကောင်ကို နှစ်ယောက်လုံး ဝိုင်းစီးကြတယ်ဆိုတော့ မြည်းကို အသေသတ်နေတာလား” လို့ အမေးခံရပြန်ပါတယ်။ အဲဒါနဲ့… ဘီလ်နဲ့သူ့သားဟာ ထိုစကားကြောင့် ဘာမှထပ်မပြောနိုင်ကြတော့ပါဘူး။

ဒီပုံပြင်လေးက လူတိုင်းသိပြီးသားဖြစ်ကြမှာပါ။ ကျွန်တော်တို့ရဲ့ဘဝမှာ အခြားသူတွေရဲ့အထင်မြင်ကိုနားထောင်ပြီး ဘယ်လိုမှ ဆုံးဖြတ်လို့ မဖြစ်ပါဘူး။ လူတိုင်းရဲ့စိတ်ကျေနပ်မှုအရ လိုက်ပြီး နေထိုင်မယ်ဆိုရင် ကိုယ့်ဘဝကိုယ် ဖြစ်ချင်တာတောင် ဘာမှန်းသိနိုင်မှာ မဟုတ်တော့ပါဘူး။

လူတိုင်းက ဘဝဖြတ်သန်းပုံ မတူညီတဲ့အတွက် အတွေ့အကြုံခြင်း မတူသလို၊ အတွေးအခေါ်ခြင်းလည်း တူချင်မှ တူကြမှာပါ။ အမြင်ခြင်းလည်း တူချင်မှ တူကြမှာဖြစ်ပါတယ်။ အဲဒါကြောင့် လူတိုင်းကျေနပ်အောင် ကြိုးစားနေလို့ကတော့ မဖြစ်နိုင်ပါဘူးလို့ ပြောချင်တာပါပဲ…။

#Credit_BAWA101#ပြန်လည်မျှဝေပါသည်။

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …