ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. - YATHAZONE

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..

Health

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..

စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…!

(၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။

မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။

“အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း ဘာမှမပြောဘူး။ ဆေးရုံတက်မှ သိရတာ”တဲ့။ ဪ ပညာမတတ်၊ အသိဉာဏ်ချို့တဲ့ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေ။

(၂) ဆေးခန်းလာပြတဲ့လူနာတစ်ယောက်။ အသက် ၅၀ကျော်၊ အထက်တန်းပြဆရာမ။

“မျက်နှာကြီးကဖောသွပ်သွပ်ဖြစ်နေတာ တစ်လလောက်ရှိပြီ”တဲ့။ တန်းမေးလိုက်တယ်။ “စပ်ဆေးတွေ သောက်နေလား”ဆိုတော့ အူလည်ချာလည် ပြန်ကြည့်တယ်။ “အင်း”တဲ့။

“အဲ့ဒီဆေးတွေ ခုပါလား၊ ပြ” ဆိုတော့ ထုတ်ပြတယ်။ ထင်တဲ့ အတိုင်းပဲလေ။ “သောက်တာဘယ်လောက်ကြာပြီလဲ”ဆိုတော့ “နှစ်လ ရှိပြီ”တဲ့။

“ဆရာမရယ် စပ်ဆေးတွေက ဒီလောက်အန္တရာယ်များတာ မသိဘူးလားဗျာ” ဆိုတော့ “ဆေးက ကောင်းပါတယ်။ အကိုက်အခဲတွေ သက်သာတယ်။ ခုလာပြတာက မျက်နှာဖောသွပ်သွပ် ဖြစ်နေလို့ လာပြတာ”ဆိုပဲ။

ဪ ရန်ကုန်မြို့လည်ခေါင်က ခေတ်ပညာတတ် တစ်ယောက်ကတောင် ဒီလိုပြန်ဖြေတာ။

(၃) နောက်လူနာ တစ်ယောက်ကတော့ နယ်က အလုပ်လာလုပ်တဲ့ အမျိုးသားတစ်ယောက်။ ပညာတော့ သိပ်မတတ်ဘူး။ အလူမီနီယမ် လုပ်တယ်။ စကားပြော လည်လည်ဝယ်ဝယ်ရှိတယ်။

“ကျနော် ကိုယ်လက်တွေ ကိုက်တယ်ပြောလို့ နယ်ကညီမက လှမ်းပို့ပေးတာဆရာ၊ ကြည့်ရတာ အင်္ဂလိပ်ဆေး တွေပဲ၊ မသင်္ကာလို့ ဆရာ့ကိုလာပြတာ” တဲ့။

ဆေးထုပ်လေးမှာ မြန်မာလို အကိုက်အခဲပျောက် ဘာညာသာရကာဆိုပြီး နာမည်တပ်ထားတယ်။ ဆေးတစ်ထုပ် မှာ ဆေးလုံးလေး ခြောက်လုံးပါတယ်။ သေချာကြည့်တော့ ထင်တဲ့အတိုင်းပဲ။ အကိုက်အခဲပျောက်ဆေးကို သုံးမျိုး၊ စတီးရွိုက်က နှစ်မျိုး၊ အပေါစားအားဆေးလေးက တစ်တောင့်။

“ခင်ဗျား သောက်လိုက်သေးလား”ဆိုတော့ “မသောက်ရဲလို့ ဆရာ့လာပြတာ” တဲ့။ ကဲ အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်တဲ့။ ဉာဏ်ဆိုတာ အတန်းပညာတွေ အများကြီးတတ်တဲ့ ဉာဏ်ပညာကို ပြောတာမဟုတ်ဘူး။ ခုလိုမျိုး ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ကို နည်းနည်းလေး တွေးတောဆင်ခြင်တတ်တဲ့ ဉာဏ်ကို ပြောတာ။

(၄) အမှန်အတိုင်းပြောရရင် လွန်ခဲ့တဲ့ဆယ်နှစ်၊ ကျနော်တို့ဆေးခန်းနဲ့ ဆေးဆိုင်လေးစဖွင့်ဖွင့်ချင်း တုန်းက စပ်ဆေး ရောင်းခဲ့ဖူးတယ်။ ဒါပေမယ့် ကလေးမလေးတွေကို သေသေချာချာ မှာထားတယ်။ စတီးရွိုက်ဆေး၊ ပိုးသတ်ဆေး၊ သွေးကျဆေး၊ ဆီးချိုကျဆေးတွေ လုံးဝမသုံးရဘူး။ ဖြစ်တဲ့ရောဂါနဲ့ တွဲရမယ့်ဆေးစာရင်းကို သေသေချာချာ ရေးမှတ်ပြီး ကပ်ထားခိုင်းတယ်။

ဆေးတွဲကလည်း များများစားစားလည်း မရှိပါဘူး။ ကိုက်ခဲဖျားနာ၊ ချောင်းဆိုးနှာစေး၊ ဗိုက်အောင့်ဗိုက်နာ၊ ဝမ်းပျက်ဝမ်းလျှော စတဲ့ လေးငါးမျိုးလောက်ပါပဲ။ အဲ့ဒါထက်ကျော်ပြီး လုံးဝ မစပ်ပေးရဘူး။ တခြားရောဂါ လက္ခဏာဆို ဆရာဝန်နဲ့ ဝင်ပြခိုင်းတယ်။ လုံးဝလုံးဝကို သံမဏိစည်းမျဉ်း ထုတ်ထားတယ်။

ဒါပေမယ့် မရဘူး။ အပြင်ကနေ နမူနာလာပြတဲ့ ဆေးတွဲလေးတွေကို အတုယူပြီး စပ်ရောင်းကြတယ်။ တကယ်က သူတို့ ပိုက်ဆံရတာလည်း မဟုတ်ဘူး။ ပြောရရင် လက်ယားတာပေါ့။ ဆေးကလည်း အဆင်သင့် ရှိနေတယ်။

စပ်ပေးလိုက်ရင်လည်း ကျေးဇူးအတင် ခံရမယ်ဆိုတော့ စပ်ရောင်းကြတာပေါ့။ အဲ့ဒီကိစ္စ ကျနော်သိတော့ အကြီးအကျယ် ဆူပူသောင်းကျန်းပါတော့တယ်။ အဲ့ဒီနောက်ပိုင်း ဆိုင်မှာ လုံးဝစပ်ဆေး မရောင်းခိုင်းတော့ဘူး။ တကယ်ရောင်းဖြစ်ခဲ့တာလည်း လေးငါးလလောက်ပဲ ကြာခဲ့ပါတယ်။

ခုဆို ဆေးခန်းက ကောင်မလေးတွေက ကျနော်တို့ကနေ လူနာတွေကို ညွှန်ပေးရေးပေးလိုက်တဲ့ဆေးတွေ အလွတ်ကို ရနေပြီ။ ဘယ်ဆေးက ဘာအာနိသင် ရှိတယ်။ အန္တရာယ်ဘယ်လောက်ရှိတယ်ဆိုတာလည်း ကောင်းကောင်း သိနေကြပြီ။ ဒါပေမယ့် စပ်ဆေးဆိုရင်တော့ နိုးပါ။ ကျနော့် ဆေးခန်း၊ ဆေးဆိုင်မှာ စပ်ဆေး လုံးဝမရောင်းပါ။ ရောဂါသက်သာချင်ရင် ဆရာဝန်နဲ့ ဝင်ပြပါ။

တခါတလေ ကိုယ်ရှိနေတဲ့အချိန် ဆေးလာဝယ်တဲ့ သူက ဘာဖြစ်လို့ ညာဖြစ်လို့ ဆေးလေးရောင်းပေးပါ ဆိုတာနဲ့ ကြုံရင်တော့ ဘယ်ဆေးဘယ်ဆေး ပေးလိုက်ဆိုပြီး ရောင်းပေးလိုက်တာတော့ ရှိပါတယ်။ တခါတရံပါ။ ဆေးဈေးပဲ ယူခိုင်းပါတယ်။ ဆေးတွဲပြီး တစ်ခွက် ဘယ်လောက် ဆိုတာမျိုး မယူပါဘူး။

(၅) အဲ့ဒီစပ်ဆေးပြဿနာက တော်တော်ကြီးပါတယ်။

ကြားလိုက်ကြမှာပေါ့။ သက်တမ်းကုန်နေတဲ့ ဆေးတွေကို ဈေးပေါပေါနဲ့ လိုက်ဝယ်၊ ဆေးကဒ်တွေကိုဖောက်၊ ဆေးလုံးတွေကိုတွဲပြီး စပ်ဆေးထုပ်တွေ ထုပ်ရောင်းကြတဲ့အကြောင်း။ တော်တော်ကို ဆိုးပါတယ်။

မသုံးသင့်တဲ့ ဆေးအမျိုးအစားကိုမှ သက်တမ်းက လွန်နေသေး၊ ဘုမသိဘမသိနဲ့ အမျိုးအစားတူ ဆေးတွေကို သုံးလေးလုံး ရောထည့်ပေး၊ စတီးရွိုက်ကိုတော့ အမုန်းကိုသုံးတာ၊ ဒက်ဆာ၊ ပရက်ဒနီစလုံး သုံးလေးလုံးထည့်တာ။ လနဲ့ချီစွဲသောက်ဖို့ မပြောနဲ့ တစ်ခွက်သောက်ပြ၊ ဆယ်သိန်းပေးမယ်ဆိုရင်တောင် မသောက်ပါဘူး။ တကယ်ပါ။

ပြီးတော့ ကျနော့်ဆေးခန်းမှာ သက်တမ်းလွန်နေတဲ့ ဆေးတွေကို ဒီအတိုင်း မပစ်ပါဘူး။ သုံးလေးလစာ စုထားပြီး ပါကင်အထပ်ထပ်နဲ့ လုံလုံခြုံခြုံ ထုပ်ပါတယ်။ ဆေးရုံဆေးခန်းသီးသန့်အမှိုက်သိမ်းကား လာတော့မှ သုံးပြီးသား ဆေးထိုးအပ်ဟောင်းတွေနဲ့ ရောပြီး ပစ်ပါတယ်။ သူတို့ကတော့ အဲ့ဒါတွေကို ရေဝေးသုဿန် မီးသဂြိုလ်စက်ထဲ သွားထည့်ရတယ်လို့တော့ ပြောတာပါပဲ။

(၆) စတီးရွိုက်အကြောင်းလည်း ရေးကြတာများနေပါပြီ။

စတီးရွိုက်ဆိုတာ သုံးတတ်ရင် နတ်ဆေးလိုပါပဲ။ အလာဂျီဖြစ်တာ၊ ရင်ကြပ်ရောဂါ၊ သွေးလေးဘက်နာလိုရောဂါ စတဲ့နေရာတွေမှာ မဖြစ်မနေ သုံးကြရပါတယ်။ တကယ် စွမ်းပါတယ်။ သူ့မှာက ရောင်ရမ်းမှု မှန်သမျှကို အမြန်ဆုံး သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ သောက်မိလို့ အာနိသင်လေးသိတော့ ထပ်သောက်ချင်လာပါတယ်။

အာနိသင်သာ သိတာ၊ ဘေးထွက်ဆိုးကျိုးကိုတော့ မသိကြပါဘူး။ သူက ခန္ဓာကိုယ်ရဲ့ ခုခံအားကို လျှော့ချလိုက်ပါတယ်။ ရောဂါပေါင်းစုံ ဝင်လာပါတယ်။ ပြောရရင်တော့ အရှည်ကြီးပါ။ ရှင်းလေရှုပ်လေ ဖြစ်မှာပါ။

အတိုချုပ်ပြောရရင် သိကြားမင်း ဝရဇိန်လက်နက်နဲ့ ကြမ်းပိုးသတ်သလို ဖြစ်နေပါတယ်။ ကြမ်းပိုးတစ်ကောင်တော့ သေသွားပါရဲ့။ တစ်အိမ်လုံး ပြာကျသွားတဲ့ အဖြစ်မျိုးပါ။

(၇) ရေးချင်တာကတော့ အများကြီးပါ။ စာရှည်ရင် မဖတ်ကြလို့ ဒီလောက်နဲ့ပဲ ဖြတ်ပါမယ်။ ဒီပို့စ်လေးကြောင့် အနည်းဆုံးလူတစ်ယောက်လောက် စပ်ဆေးအန္တရာယ်က လွတ်မြောက်တယ် ဆိုရင်ပဲ ကျေနပ်လှပါပြီ။
Credit – ဥက္ကာကြည်ဝင်း

Zawgyi

ဆရာဝန္ၫႊန္ၾကားခ်က္မပါဘဲ စပ္ေဆးမ်ားကို အသုံးမျပဳသင့္ပါ..

စပ္ေဆးနဲ႔ ပတ္သက္လို႔ လူအေတာ္မ်ားမ်ား မသိေသးတဲ့ အႏၲရာယ္ဆိုးက်ိဳးမ်ား…!

(၁) ေဆးခန္းက ဝန္ထမ္းေကာင္မေလးရဲ႕အေမ တေလာက ဆုံးသြားရွာတယ္။ ဧရာဝတီတိုင္းဘက္က ႐ြာေလး တစ္႐ြာမွာ ေနတာ။ အသက္ ၅၀ မာမာခ်ာခ်ာႀကီး၊ ေန႔တိုင္းလယ္ထဲ ကိုင္းထဲဆင္း အလုပ္လုပ္ေနက်။ ကိုယ္လက္ ေတြ ကိုက္လို႔ဆိုၿပီး စပ္ေဆးေတြ ဝယ္ေသာက္တာ ေဆးက ေသာက္လိုက္တာနဲ႔ ခ်က္ခ်င္းသက္သာတယ္တဲ့။

မနက္တစ္ထုပ္၊ ညတစ္ထုပ္ ေန႔တိုင္း ေသာက္တယ္။ ေျခာက္လေလာက္ၾကာေတာတေရွာင္ေရွာင္ ျဖစ္လာလို႔ ၿမိဳ႕တက္ေဆး႐ုံျပေတာ့ ေသြးတိုး၊ ဆီးခ်ိဳ၊ ေက်ာက္ကပ္ အစုံျဖစ္ေနၿပီ။ မမီေတာ့ဘူး။ ဆုံးသြားရွာတယ္။

“အဲ့ဒီစပ္ေဆးေတြ အႏၲရာယ္ကို နင္မသိဘူးလားဟယ္”လို႔ သူ႔ကို ေငါက္မိတယ္။ “သမီးကိုလည္း ဘာမွမေျပာဘူး။ ေဆး႐ုံတက္မွ သိရတာ”တဲ့။ ဪ ပညာမတတ္၊ အသိဉာဏ္ခ်ိဳ႕တဲ့ျခင္းရဲ႕ ေနာက္ဆက္တြဲျပႆနာေတြ။

(၂) ေဆးခန္းလာျပတဲ့လူနာတစ္ေယာက္။ အသက္ ၅၀ေက်ာ္၊ အထက္တန္းျပဆရာမ။

“မ်က္ႏွာႀကီးကေဖာသြပ္သြပ္ျဖစ္ေနတာ တစ္လေလာက္ရွိၿပီ”တဲ့။ တန္းေမးလိုက္တယ္။ “စပ္ေဆးေတြ ေသာက္ေနလား”ဆိုေတာ့ အူလည္ခ်ာလည္ ျပန္ၾကည့္တယ္။ “အင္း”တဲ့။

“အဲ့ဒီေဆးေတြ ခုပါလား၊ ျပ” ဆိုေတာ့ ထုတ္ျပတယ္။ ထင္တဲ့ အတိုင္းပဲေလ။ “ေသာက္တာဘယ္ေလာက္ၾကာၿပီလဲ”ဆိုေတာ့ “ႏွစ္လ ရွိၿပီ”တဲ့။

“ဆရာမရယ္ စပ္ေဆးေတြက ဒီေလာက္အႏၲရာယ္မ်ားတာ မသိဘူးလားဗ်ာ” ဆိုေတာ့ “ေဆးက ေကာင္းပါတယ္။ အကိုက္အခဲေတြ သက္သာတယ္။ ခုလာျပတာက မ်က္ႏွာေဖာသြပ္သြပ္ ျဖစ္ေနလို႔ လာျပတာ”ဆိုပဲ။

ဪ ရန္ကုန္ၿမိဳ႕လည္ေခါင္က ေခတ္ပညာတတ္ တစ္ေယာက္ကေတာင္ ဒီလိုျပန္ေျဖတာ။

(၃) ေနာက္လူနာ တစ္ေယာက္ကေတာ့ နယ္က အလုပ္လာလုပ္တဲ့ အမ်ိဳးသားတစ္ေယာက္။ ပညာေတာ့ သိပ္မတတ္ဘူး။ အလူမီနီယမ္ လုပ္တယ္။ စကားေျပာ လည္လည္ဝယ္ဝယ္ရွိတယ္။

“က်ေနာ္ ကိုယ္လက္ေတြ ကိုက္တယ္ေျပာလို႔ နယ္ကညီမက လွမ္းပို႔ေပးတာဆရာ၊ ၾကည့္ရတာ အဂၤလိပ္ေဆး ေတြပဲ၊ မသကၤာလို႔ ဆရာ့ကိုလာျပတာ” တဲ့။

ေဆးထုပ္ေလးမွာ ျမန္မာလို အကိုက္အခဲေပ်ာက္ ဘာညာသာရကာဆိုၿပီး နာမည္တပ္ထားတယ္။ ေဆးတစ္ထုပ္ မွာ ေဆးလုံးေလး ေျခာက္လုံးပါတယ္။ ေသခ်ာၾကည့္ေတာ့ ထင္တဲ့အတိုင္းပဲ။ အကိုက္အခဲေပ်ာက္ေဆးကို သုံးမ်ိဳး၊ စတီး႐ြိဳက္က ႏွစ္မ်ိဳး၊ အေပါစားအားေဆးေလးက တစ္ေတာင့္။

“ခင္ဗ်ား ေသာက္လိုက္ေသးလား”ဆိုေတာ့ “မေသာက္ရဲလို႔ ဆရာ့လာျပတာ” တဲ့။ ကဲ အသက္ဉာဏ္ေစာင့္၊ ဥစၥာကံေစာင့္တဲ့။ ဉာဏ္ဆိုတာ အတန္းပညာေတြ အမ်ားႀကီးတတ္တဲ့ ဉာဏ္ပညာကို ေျပာတာမဟုတ္ဘူး။ ခုလိုမ်ိဳး ျဖစ္ႏိုင္၏၊ မျဖစ္ႏိုင္၏ကို နည္းနည္းေလး ေတြးေတာဆင္ျခင္တတ္တဲ့ ဉာဏ္ကို ေျပာတာ။

(၄) အမွန္အတိုင္းေျပာရရင္ လြန္ခဲ့တဲ့ဆယ္ႏွစ္၊ က်ေနာ္တို႔ေဆးခန္းနဲ႔ ေဆးဆိုင္ေလးစဖြင့္ဖြင့္ခ်င္း တုန္းက စပ္ေဆး ေရာင္းခဲ့ဖူးတယ္။ ဒါေပမယ့္ ကေလးမေလးေတြကို ေသေသခ်ာခ်ာ မွာထားတယ္။ စတီး႐ြိဳက္ေဆး၊ ပိုးသတ္ေဆး၊ ေသြးက်ေဆး၊ ဆီးခ်ိဳက်ေဆးေတြ လုံးဝမသုံးရဘူး။ ျဖစ္တဲ့ေရာဂါနဲ႔ တြဲရမယ့္ေဆးစာရင္းကို ေသေသခ်ာခ်ာ ေရးမွတ္ၿပီး ကပ္ထားခိုင္းတယ္။

ေဆးတြဲကလည္း မ်ားမ်ားစားစားလည္း မရွိပါဘူး။ ကိုက္ခဲဖ်ားနာ၊ ေခ်ာင္းဆိုးႏွာေစး၊ ဗိုက္ေအာင့္ဗိုက္နာ၊ ဝမ္းပ်က္ဝမ္းေလွ်ာ စတဲ့ ေလးငါးမ်ိဳးေလာက္ပါပဲ။ အဲ့ဒါထက္ေက်ာ္ၿပီး လုံးဝ မစပ္ေပးရဘူး။ တျခားေရာဂါ လကၡဏာဆို ဆရာဝန္နဲ႔ ဝင္ျပခိုင္းတယ္။ လုံးဝလုံးဝကို သံမဏိစည္းမ်ဥ္း ထုတ္ထားတယ္။

ဒါေပမယ့္ မရဘူး။ အျပင္ကေန နမူနာလာျပတဲ့ ေဆးတြဲေလးေတြကို အတုယူၿပီး စပ္ေရာင္းၾကတယ္။ တကယ္က သူတို႔ ပိုက္ဆံရတာလည္း မဟုတ္ဘူး။ ေျပာရရင္ လက္ယားတာေပါ့။ ေဆးကလည္း အဆင္သင့္ ရွိေနတယ္။

စပ္ေပးလိုက္ရင္လည္း ေက်းဇူးအတင္ ခံရမယ္ဆိုေတာ့ စပ္ေရာင္းၾကတာေပါ့။ အဲ့ဒီကိစၥ က်ေနာ္သိေတာ့ အႀကီးအက်ယ္ ဆူပူေသာင္းက်န္းပါေတာ့တယ္။ အဲ့ဒီေနာက္ပိုင္း ဆိုင္မွာ လုံးဝစပ္ေဆး မေရာင္းခိုင္းေတာ့ဘူး။ တကယ္ေရာင္းျဖစ္ခဲ့တာလည္း ေလးငါးလေလာက္ပဲ ၾကာခဲ့ပါတယ္။

ခုဆို ေဆးခန္းက ေကာင္မေလးေတြက က်ေနာ္တို႔ကေန လူနာေတြကို ၫႊန္ေပးေရးေပးလိုက္တဲ့ေဆးေတြ အလြတ္ကို ရေနၿပီ။ ဘယ္ေဆးက ဘာအာနိသင္ ရွိတယ္။ အႏၲရာယ္ဘယ္ေလာက္ရွိတယ္ဆိုတာလည္း ေကာင္းေကာင္း သိေနၾကၿပီ။ ဒါေပမယ့္ စပ္ေဆးဆိုရင္ေတာ့ ႏိုးပါ။ က်ေနာ့္ ေဆးခန္း၊ ေဆးဆိုင္မွာ စပ္ေဆး လုံးဝမေရာင္းပါ။ ေရာဂါသက္သာခ်င္ရင္ ဆရာဝန္နဲ႔ ဝင္ျပပါ။

တခါတေလ ကိုယ္ရွိေနတဲ့အခ်ိန္ ေဆးလာဝယ္တဲ့ သူက ဘာျဖစ္လို႔ ညာျဖစ္လို႔ ေဆးေလးေရာင္းေပးပါ ဆိုတာနဲ႔ ႀကဳံရင္ေတာ့ ဘယ္ေဆးဘယ္ေဆး ေပးလိုက္ဆိုၿပီး ေရာင္းေပးလိုက္တာေတာ့ ရွိပါတယ္။ တခါတရံပါ။ ေဆးေဈးပဲ ယူခိုင္းပါတယ္။ ေဆးတြဲၿပီး တစ္ခြက္ ဘယ္ေလာက္ ဆိုတာမ်ိဳး မယူပါဘူး။

(၅) အဲ့ဒီစပ္ေဆးျပႆနာက ေတာ္ေတာ္ႀကီးပါတယ္။

ၾကားလိုက္ၾကမွာေပါ့။ သက္တမ္းကုန္ေနတဲ့ ေဆးေတြကို ေဈးေပါေပါနဲ႔ လိုက္ဝယ္၊ ေဆးကဒ္ေတြကိုေဖာက္၊ ေဆးလုံးေတြကိုတြဲၿပီး စပ္ေဆးထုပ္ေတြ ထုပ္ေရာင္းၾကတဲ့အေၾကာင္း။ ေတာ္ေတာ္ကို ဆိုးပါတယ္။

မသုံးသင့္တဲ့ ေဆးအမ်ိဳးအစားကိုမွ သက္တမ္းက လြန္ေနေသး၊ ဘုမသိဘမသိနဲ႔ အမ်ိဳးအစားတူ ေဆးေတြကို သုံးေလးလုံး ေရာထည့္ေပး၊ စတီး႐ြိဳက္ကိုေတာ့ အမုန္းကိုသုံးတာ၊ ဒက္ဆာ၊ ပရက္ဒနီစလုံး သုံးေလးလုံးထည့္တာ။ လနဲ႔ခ်ီစြဲေသာက္ဖို႔ မေျပာနဲ႔ တစ္ခြက္ေသာက္ျပ၊ ဆယ္သိန္းေပးမယ္ဆိုရင္ေတာင္ မေသာက္ပါဘူး။ တကယ္ပါ။

ၿပီးေတာ့ က်ေနာ့္ေဆးခန္းမွာ သက္တမ္းလြန္ေနတဲ့ ေဆးေတြကို ဒီအတိုင္း မပစ္ပါဘူး။ သုံးေလးလစာ စုထားၿပီး ပါကင္အထပ္ထပ္နဲ႔ လုံလုံၿခဳံၿခဳံ ထုပ္ပါတယ္။ ေဆး႐ုံေဆးခန္းသီးသန႔္အမႈိက္သိမ္းကား လာေတာ့မွ သုံးၿပီးသား ေဆးထိုးအပ္ေဟာင္းေတြနဲ႔ ေရာၿပီး ပစ္ပါတယ္။ သူတို႔ကေတာ့ အဲ့ဒါေတြကို ေရေဝးသုႆန္ မီးသၿဂိဳလ္စက္ထဲ သြားထည့္ရတယ္လို႔ေတာ့ ေျပာတာပါပဲ။

(၆) စတီး႐ြိဳက္အေၾကာင္းလည္း ေရးၾကတာမ်ားေနပါၿပီ။

စတီး႐ြိဳက္ဆိုတာ သုံးတတ္ရင္ နတ္ေဆးလိုပါပဲ။ အလာဂ်ီျဖစ္တာ၊ ရင္ၾကပ္ေရာဂါ၊ ေသြးေလးဘက္နာလိုေရာဂါ စတဲ့ေနရာေတြမွာ မျဖစ္မေန သုံးၾကရပါတယ္။ တကယ္ စြမ္းပါတယ္။ သူ႔မွာက ေရာင္ရမ္းမႈ မွန္သမွ်ကို အျမန္ဆုံး သက္သာေစတဲ့ အာနိသင္ရွိပါတယ္။ ေသာက္မိလို႔ အာနိသင္ေလးသိေတာ့ ထပ္ေသာက္ခ်င္လာပါတယ္။

အာနိသင္သာ သိတာ၊ ေဘးထြက္ဆိုးက်ိဳးကိုေတာ့ မသိၾကပါဘူး။ သူက ခႏၶာကိုယ္ရဲ႕ ခုခံအားကို ေလွ်ာ့ခ်လိုက္ပါတယ္။ ေရာဂါေပါင္းစုံ ဝင္လာပါတယ္။ ေျပာရရင္ေတာ့ အရွည္ႀကီးပါ။ ရွင္းေလရႈပ္ေလ ျဖစ္မွာပါ။

အတိုခ်ဳပ္ေျပာရရင္ သိၾကားမင္း ဝရဇိန္လက္နက္နဲ႔ ၾကမ္းပိုးသတ္သလို ျဖစ္ေနပါတယ္။ ၾကမ္းပိုးတစ္ေကာင္ေတာ့ ေသသြားပါရဲ႕။ တစ္အိမ္လုံး ျပာက်သြားတဲ့ အျဖစ္မ်ိဳးပါ။

(၇) ေရးခ်င္တာကေတာ့ အမ်ားႀကီးပါ။ စာရွည္ရင္ မဖတ္ၾကလို႔ ဒီေလာက္နဲ႔ပဲ ျဖတ္ပါမယ္။ ဒီပို႔စ္ေလးေၾကာင့္ အနည္းဆုံးလူတစ္ေယာက္ေလာက္ စပ္ေဆးအႏၲရာယ္က လြတ္ေျမာက္တယ္ ဆိုရင္ပဲ ေက်နပ္လွပါၿပီ။
Credit – ဥကၠာၾကည္ဝင္း

No Comments

Leave a Reply

Your email address will not be published.

Health
ခံတြင္းအနံ႕ဆုိးထြက္တာကို ဒီနည္းလမ္းေတြနဲ႕ ေျဖရွင္းၾကည့္ရေအာင္

ခံတြင္းအနံ႕ဆုိးထြက္တာကို ဒီနည္းလမ္းေတြနဲ႕ ေျဖရွင္းၾကည့္ရေအာင္ အလုပ္မွာ ေက်ာင္းမွာ ေန႔စဥ္ေတြ႕ေနရေသာ သူေတြထဲမွာ အျပင္ပိုင္းလွသေလာက္ စကားေျပာၾကည့္ရင္ ပါးစပ္ကနံတာကို သတိမထားမိၾကေသာသူက ေတာ္ေတာ္မ်ားပါတယ္။ ပါးစပ္နံလိုက္တာလို႔ ေျပာျပန္ရင္လည္း ႐ိုင္းရာက်မွာပါ။ သူမ်ားကို မေျပာခင္ ကိုယ္ကမနံေအာင္ ဘယ္လို လုပ္သင့္သလဲ။ ၁. ေသေသခ်ာခ်ာ ဝါးစားပါ အစားကို စားေသာအခါ ေသေသခ်ာခ်ာ ဝါးစားျခင္းျဖင့္ ပါးစပ္အတြင္းမွာ လိုအပ္ေသာဓါတ္ (သို႔) တံေထြးကို ထြက္ေစပါတယ္။ ခံတြင္းတံေထြး မ်ားမ်ားထြက္ေစျခင္းဟာ ခံတြင္း၏ ေျခာက္ေသြ႕မူကို ကာကြယ္ႏိုင္ၿပီး ပါးစပ္နံတာကိုလည္း ကာကြယ္ႏိုင္ပါသည္။ ပီေကစားရင္လည္း အဆင္ေျပမွာပါ။ ၂. ထမင္းကို ေတာ္႐ုံသာစားပါ ထမင္းကို ဗိုက္အျပည့္ စားေသာအခါ ကိုယ္ခႏၶာအတြင္းမွာ ရွိေသာ အစာအိမ္ …

Health
ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ခႏၶာကိုယ္မွာျဖစ္ေနတဲ့ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္

ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ခႏၶာကိုယ္မွာျဖစ္ေနတဲ့ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္… ေျခေထာက္ေတြက သတိေပးေနေသာ အသက္အႏၲရာယ္ ျဖစ္ေစႏိုင္တဲ့ လကၡဏာရပ္မ်ား ကြၽန္ေတာ္တို႔ရဲ႕ ေျခေထာက္တစ္စုံဟာ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္တစ္ခုလုံးရဲ႕ အေလးခ်ိန္ ကို သယ္ပိုးထားရတဲ့ အဂၤါအစိတ္အပိုင္း တစ္ခုျဖစ္ပါတယ္။ ေျခေထာက္တစ္စုံမွာ ခႏၶာကိုယ္က အ႐ိုးစုစုေပါင္းရဲ႕ ၂၅%ပါဝင္ေနၿပီး အဆစ္ေပါင္း ၃၃ခု၊ အ႐ြတ္ေပါင္း ၁ဝဝ၊ မေရမတြက္ႏိုင္တဲ့ ေသြးေၾကာမွ်င္ေလးေတြနဲ႔ ႂကြက္သားေတြပါဝင္ပါတယ္။ ေျခေထာက္မွာပါဝင္တဲ့ ေသြးေၾကာမွ်င္ေလးေတြဟာ ႏွလုံး၊ ေက်ာ႐ိုးမ၊ ဦးေႏွာက္စတဲ့ အေရးႀကီး အဂၤါေတြနဲ႔ ဆက္ႏႊယ္ေနပါတယ္။ ဒါ့ေၾကာင့္ … ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ကြၽန္ေတာ္တို႔ခႏၶာကိုယ္မွာ ျဖစ္ေနတဲ့က်န္းမာေရး ခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္။ …

Health
ေက်ာက္ကပ္အတြက္ ကမာၻေက်ာ္တဲ့”ေဆး”

ေက်ာက္ကပ္အတြက္ ကမာၻေက်ာ္တဲ့”ေဆး” တ႐ုတ္ျပည္က အသည္းအသန္ဝယ္ယူေနတဲ့ ကဒက္ဥ” ဟာ ေက်ာက္ကပ္ေရာဂါမ်ိဳးစုံကို ၁၀၀% ရာႏုန္းျပည့္ေပ်ာက္ကင္းေစေၾကာင္း သိရပါတယ္။ (ေက်ာက္ကပ္ကင္ဆာေပ်ာက္သူမ်ားလည္းရွိပါေၾကာင္း) ႐ုကၡအမည္အားျဖင့္ Dioscorea wallichi လို႔ေခၚၿပီး တ႐ုတ္ေဆးသုေတသနသိပၸံျဖစ္တဲ့ Shenyang Medical College ကေတာ့ Chinese yam လို႔ေခၚပါတယ္။ တ႐ုတ္ႏိုင္ငံဟာ “ကဒက္ဥ” ကို အမႈန္႔ျပဳလုပ္ၿပီး Capsule ေတာင့္အျဖစ္ ေဆးဝါးထုတ္လုပ္ကာ ကမာၻျဖန္႔ေရာင္းခ်ေနတာ ၾကာပါၿပီတဲ့။ ကဒက္ဥကို ေဒသအလိုက္ အေခၚအေဝၚ ေျပာင္းလဲပါေသးတယ္။ ေဝဒနာရွင္ေတြအတြက္ ဟင္းခ်ိဳ ခ်က္ေသာက္ရပါတယ္။ သုံးလဆက္တိုက္ ေသာက္ေပး စားေပးရမွာပါ။ မိုးရာသီမွာသာ ရႏိုင္တဲ့အတြက္ ပါးပါးလွီး၍ျဖစ္ေစ အေျမႇာင္းလိုက္ စိပ္၍ျဖစ္ေစ အေျခာက္လွန္းၿပီး သိုေလွာင္ထားရမွာပါ။ (ရင့္ေလေကာင္းေလ) …