ဘဝမှာ လမ်းပျောက်နေတဲ့ လူငယ်တွေ အပြုလုပ်သင့်ဆုံး အရာ (၄) ခု - YATHAZONE

ဘဝမှာ လမ်းပျောက်နေတဲ့ လူငယ်တွေ အပြုလုပ်သင့်ဆုံး အရာ (၄) ခု

Knowledge

ဘဝမှာ လမ်းပျောက်နေတဲ့ လူငယ်တွေ အပြုလုပ်သင့်ဆုံး အရာ (၄) ခု

လူတိုင်း မဟုတ်ရင်တောင် တစ်ချို့လူတွေ ကတော့ ဘဝကို ဘယ်လို ရှေ့ဆက်ရမလဲ ဆိုပြီး တွေးပူရတဲ့ အခြေအနေတွေ ရှိပါတယ်။

အဲ့အချိန်တွေမှာ ကိုယ့်ရဲ့ အိပ်မက်က ဘာလဲ မသဲကွဲသလို ကိုယ် ဘာဖြစ်ချင်လဲ ဆိုတာကို မသိတော့ တာမျိုး ရှိသလို ကိုယ် ဖြစ်ချင်တဲ့ အရာက လုံးဝ မဖြစ်နိုင်လို့ ဘာဆက်လုပ်ရမှန်း မသိတော့ တာမျိုးတွေ လည်း ရှိနေ ပါတယ်။

ဒီလို လမ်းပျောက်နေတဲ့ လူငယ်တွေ အတွက် အခုလို အရာတွေက အထောက်အကူ ဖြစ်စေဖို့ ဖော်ပြပေးလိုက် ရပါတယ်။

(၁) ကိုယ့်ရဲ့ လက်ရှိအရည်အချင်းနဲ့ ဖြစ်လာနိုင်တဲ့ အရည်အချင်းကို တွေးပါ

လူတိုင်းမှာ အားသန်နေတဲ့ အရည်အချင်းတွေ ရှိပါတယ်။ တစ်ချို့တွေက လက်မှုပစ္စည်း ပြုလုပ်ရာမှာ သင်ယူမြန် သလို တစ်ချို့တော့ အရိပ်ထဲ ထိုင်ပြီး ဦးနှောက်သုံးရတာကို အားသာ ပါတယ်။

ဒါ့အပြင် တစ်ချို့ လက်နဲ့ ပန်းချီ ဆွဲတာကို သဘောကျပြီး တစ်ချို့တော့ ကွန်ပျူတာကိုပဲ အသုံးပြုပြီး ပုံဆွဲ တတ်ကြ ပါတယ်။ ဒီလိုမျိုး ကိုယ့်မှာလည်း ဘယ်အရာကို ဝါသနာပါလဲ။

လက်ရှိမှာ တတ်မြောက် ထားတဲ့ အရည်အချင်းနဲ့ ဒီအရည်အချင်းထက် တိုးတက်လာအောင် ကိုယ် ဘယ်လောက်လေ့လာ နိုင်တယ် ဆိုတာကို သေချာရှာပါ။

(၂) အရည်အချင်းနဲ့ လိုက်ဖက်မယ့် အလုပ်ကို စဉ်းစားပါ

ကိုယ့်ရဲ့ အားသာတဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ အလုပ်ကို အရင်ဆုံး စဉ်းစားလိုက်ပါ။ ဒီအလုပ်က ကိုယ့်အတွက် ဘယ်လောက်ထိ စိတ်ကျေနပ်မှု ရစေသလဲ၊ ကိုယ့်ရဲ့ ရည်မှန်းချက်ကို ဖြစ်စေနို င်သလား ဆိုတာကို တွေးပါ။

လမ်းပျောက်နေတဲ့ အချိန်မှာတော့ ကိုယ့်ရဲ့ အားသာတဲ့ အရည်အချင်းကနေ အလုပ်တစ်ခုကို လုပ်ရင်း ကိုယ် တကယ် ဘာဖြစ်ချင်လဲ ဆိုတာကို တွေ့လာ နိုင်စေ ပါတယ်။

ဒါကြောင့် ကိုယ့်အရည်အချင်းနဲ့ လက်ရှိမှာ ဘာတွေ လုပ်လို့ ရတယ်။ ဒီထက် အရည်အချင်းတွေ ပိုလာတဲ့ အခါမှာ ဘယ်အလုပ်တွေ လုပ်လို့ ရတယ် ဆိုတာကို သတ်မှတ်ထားပါ။

(၃) လုပ်ငန်းခွင်တွေကို ရွေးကြည့်ပါ

ကိုယ်လုပ်လို့ ရမယ့် အလုပ်တွေကို ရွေးပြီးတဲ့ အခါမှာတော့ ကိုယ်က ဘယ်လို နေရာတွေမှာ ရပ်တည်လို့ ရလဲ ဆိုတာကို လိုက်ရှာကြည့်ပါ။ ပန်းချီဆရာ ဆိုရင် ဘယ်လို ရပ်မယ်။

သတင်းထောက် ဆိုရင် ဘယ်မီဒီယာကို ရွေးချယ်သင့်တယ် ဆိုတာတွေအပြင် ဘာသာစကားလေ့လာ သူဆိုရင် တက္ကသိုလ်တွေမှာ ကထိက ပြန်လုပ်တာမျိုး စတဲ့ လုပ်ငန်းခွင် ပုံစံတွေကို ရွေးချယ်ထား နိုင်ပါတယ်။

(၄) စလုပ်ပါ

ဒီလိုမျိုး ကိုယ့်ရဲ့ လက်ရှိ အခြေအနေ ကနေ ဖြစ်နိုင်တဲ့ အရာတွေကို တွေးပြီး အချက်အလက်တွေလည်း ရှာပြီးပြီ ဆိုရင်တော့ စတင် အကောင်အထည် ဖော်သင့်ပါပြီ။

ဒီလိုမျိုး သင် အားသာတဲ့ အရာကို လုပ်ရင်းနဲ့ အဓိပ္ပာယ်ရှိရှိ နေရင်းနဲ့ သင့်ရဲ့ အိပ်မက်က လုပ်နေတဲ့အရာ ဖြစ်နိုင်သလို တခြားတစ်ခု ကိုလည်း ထပ်ရှာတွေ့ဖို့ အခွင့်အရေးလည်း ရလာနိုင် ပါတယ်နော်။

ဘာမှမလုပ်ဘဲ ရပ်နေတာက သင့်ကို ပိုပြီး လမ်းပျောက်စေတာမို့ အခုပဲ စလုပ်လိုက်ပါတော့နော်။creditKham

Zawg yi

ဘဝမွာ လမ္းေပ်ာက္ေနတဲ့ လူငယ္ေတြ အျပဳလုပ္သင့္ဆုံး အရာ (၄) ခု

လူတိုင္း မဟုတ္ရင္ေတာင္ တစ္ခ်ိဳ႕လူေတြ ကေတာ့ ဘဝကို ဘယ္လို ေရွ႕ဆက္ရမလဲ ဆိုၿပီး ေတြးပူရတဲ့ အေျခအေနေတြ ရွိပါတယ္။

အဲ့အခ်ိန္ေတြမွာ ကိုယ့္ရဲ႕ အိပ္မက္က ဘာလဲ မသဲကြဲသလို ကိုယ္ ဘာျဖစ္ခ်င္လဲ ဆိုတာကို မသိေတာ့ တာမ်ိဳး ရွိသလို ကိုယ္ ျဖစ္ခ်င္တဲ့ အရာက လုံးဝ မျဖစ္ႏိုင္လို႔ ဘာဆက္လုပ္ရမွန္း မသိေတာ့ တာမ်ိဳးေတြ လည္း ရွိေန ပါတယ္။

ဒီလို လမ္းေပ်ာက္ေနတဲ့ လူငယ္ေတြ အတြက္ အခုလို အရာေတြက အေထာက္အကူ ျဖစ္ေစဖို႔ ေဖာ္ျပေပးလိုက္ ရပါတယ္။

(၁) ကိုယ့္ရဲ႕ လက္ရွိအရည္အခ်င္းနဲ႔ ျဖစ္လာႏိုင္တဲ့ အရည္အခ်င္းကို ေတြးပါ

လူတိုင္းမွာ အားသန္ေနတဲ့ အရည္အခ်င္းေတြ ရွိပါတယ္။ တစ္ခ်ိဳ႕ေတြက လက္မႈပစၥည္း ျပဳလုပ္ရာမွာ သင္ယူျမန္ သလို တစ္ခ်ိဳ႕ေတာ့ အရိပ္ထဲ ထိုင္ၿပီး ဦးေႏွာက္သုံးရတာကို အားသာ ပါတယ္။

ဒါ့အျပင္ တစ္ခ်ိဳ႕ လက္နဲ႔ ပန္းခ်ီ ဆြဲတာကို သေဘာက်ၿပီး တစ္ခ်ိဳ႕ေတာ့ ကြန္ပ်ဴတာကိုပဲ အသုံးျပဳၿပီး ပုံဆြဲ တတ္ၾက ပါတယ္။ ဒီလိုမ်ိဳး ကိုယ့္မွာလည္း ဘယ္အရာကို ဝါသနာပါလဲ။

လက္ရွိမွာ တတ္ေျမာက္ ထားတဲ့ အရည္အခ်င္းနဲ႔ ဒီအရည္အခ်င္းထက္ တိုးတက္လာေအာင္ ကိုယ္ ဘယ္ေလာက္ေလ့လာ ႏိုင္တယ္ ဆိုတာကို ေသခ်ာရွာပါ။

(၂) အရည္အခ်င္းနဲ႔ လိုက္ဖက္မယ့္ အလုပ္ကို စဥ္းစားပါ

ကိုယ့္ရဲ႕ အားသာတဲ့ အရည္အခ်င္းနဲ႔ ကိုက္ညီတဲ့ အလုပ္ကို အရင္ဆုံး စဥ္းစားလိုက္ပါ။ ဒီအလုပ္က ကိုယ့္အတြက္ ဘယ္ေလာက္ထိ စိတ္ေက်နပ္မႈ ရေစသလဲ၊ ကိုယ့္ရဲ႕ ရည္မွန္းခ်က္ကို ျဖစ္ေစႏို င္သလား ဆိုတာကို ေတြးပါ။

လမ္းေပ်ာက္ေနတဲ့ အခ်ိန္မွာေတာ့ ကိုယ့္ရဲ႕ အားသာတဲ့ အရည္အခ်င္းကေန အလုပ္တစ္ခုကို လုပ္ရင္း ကိုယ္ တကယ္ ဘာျဖစ္ခ်င္လဲ ဆိုတာကို ေတြ႕လာ ႏိုင္ေစ ပါတယ္။

ဒါေၾကာင့္ ကိုယ့္အရည္အခ်င္းနဲ႔ လက္ရွိမွာ ဘာေတြ လုပ္လို႔ ရတယ္။ ဒီထက္ အရည္အခ်င္းေတြ ပိုလာတဲ့ အခါမွာ ဘယ္အလုပ္ေတြ လုပ္လို႔ ရတယ္ ဆိုတာကို သတ္မွတ္ထားပါ။

(၃) လုပ္ငန္းခြင္ေတြကို ေ႐ြးၾကည့္ပါ

ကိုယ္လုပ္လို႔ ရမယ့္ အလုပ္ေတြကို ေ႐ြးၿပီးတဲ့ အခါမွာေတာ့ ကိုယ္က ဘယ္လို ေနရာေတြမွာ ရပ္တည္လို႔ ရလဲ ဆိုတာကို လိုက္ရွာၾကည့္ပါ။ ပန္းခ်ီဆရာ ဆိုရင္ ဘယ္လို ရပ္မယ္။

သတင္းေထာက္ ဆိုရင္ ဘယ္မီဒီယာကို ေ႐ြးခ်ယ္သင့္တယ္ ဆိုတာေတြအျပင္ ဘာသာစကားေလ့လာ သူဆိုရင္ တကၠသိုလ္ေတြမွာ ကထိက ျပန္လုပ္တာမ်ိဳး စတဲ့ လုပ္ငန္းခြင္ ပုံစံေတြကို ေ႐ြးခ်ယ္ထား ႏိုင္ပါတယ္။

(၄) စလုပ္ပါ

ဒီလိုမ်ိဳး ကိုယ့္ရဲ႕ လက္ရွိ အေျခအေန ကေန ျဖစ္ႏိုင္တဲ့ အရာေတြကို ေတြးၿပီး အခ်က္အလက္ေတြလည္း ရွာၿပီးၿပီ ဆိုရင္ေတာ့ စတင္ အေကာင္အထည္ ေဖာ္သင့္ပါၿပီ။

ဒီလိုမ်ိဳး သင္ အားသာတဲ့ အရာကို လုပ္ရင္းနဲ႔ အဓိပၸာယ္ရွိရွိ ေနရင္းနဲ႔ သင့္ရဲ႕ အိပ္မက္က လုပ္ေနတဲ့အရာ ျဖစ္ႏိုင္သလို တျခားတစ္ခု ကိုလည္း ထပ္ရွာေတြ႕ဖို႔ အခြင့္အေရးလည္း ရလာႏိုင္ ပါတယ္ေနာ္။

ဘာမွမလုပ္ဘဲ ရပ္ေနတာက သင့္ကို ပိုၿပီး လမ္းေပ်ာက္ေစတာမို႔ အခုပဲ စလုပ္လိုက္ပါေတာ့ေနာ္။creditKham

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …