သရဏဂုံ သုံးပါး၏ အကျိုးကျေးဇူး ကြီးမားပုံ - YATHAZONE

သရဏဂုံ သုံးပါး၏ အကျိုးကျေးဇူး ကြီးမားပုံ

Religious

သရဏဂုံ သုံးပါး၏ အကျိုးကျေးဇူး ကြီးမားပုံ

ရှေးက… ရောဟဏရွာ လဲမှို့ ကုန်သည်မှာ ဒတ္တ မည်တဲ့ နွားလားကြီး တစ်ကောင်ရှိတယ် ။ ဒီနွားကြီးဟာ အခြား နွားတစ်ကောင်နဲ့ တွဲပြီး လဲမှို့ လှည်းကြီးကို ရုန်းကာ သူ့ သခင်ကို အလုပ်ကျွေး ပြုခဲ့ရှာတယ် ။ တစ်နေ့မှာ ထုံးစံအတိုင်း လဲမှို့ အရောင်းထွက်ကြရာ ရွာအနီး ရွှံ့နွံ ဗွက်ကြီးအတွင်း ဒတ္တကြီးခမျာ နစ်မြုပ် သွားတော့တယ် ။

ချော့လိုက် ခြောက်လိုက်နဲ့ ရုန်းခိုင်းပေမဲ့ ဘယ်လိုမှ မရုန်းနိုင် ရှာပါဘူး ။ ကုန်သည်ကြီး ကတော့ အမျိုးမျိုး ဆဲရေးတိုင်းထွာ ရိုက်နှက် ၍ ဒတ္တကြီးကို ရွှံ့နွံထဲ ပစ်ထားလျက်က အခြားသော နွားတစ်ကောင်ကို အစားထိုးလျက် ခရီးဆက်သွား လေတယ် ။

ဒတ္တကြီးခမျာ အမောဖောက် နေရာက မသေရုံ အားသွင်းလျက် အသက်ကို မျှဉ်းမျှဉ်းရှုကာ ရွှံဗွက်ထဲ ဝပ်နေရှာ ပါတယ် ။ ဒါကိုသိတဲ့ အိုးကုန်သည်ကြီးက အိုးလုပ်ရာမှာ အောက်ခံဖျာအဖြစ် အသုံးပြုဖို့ ဒတ္တကြီးရဲ့ သားရေတွေ ကို အရှင်လတ်လတ် ခွာလှီး ယူသွားပါတော့တယ် ။ ဒီသတင်းကြားတဲ့ စောင်းသမားလေးက စောင်းကြိုး လုပ်ဖို့ ဆိုပြီး သွေးသံရဲရဲ နွားကြီးရဲ့ အသားထဲက အကြောအမျှင် လေးတွေကို ဓားနဲ့ ခွဲပြီး ဆွဲထုတ်ယူ သွားပြန်ပါတယ် ။

မုဆိုးကြီးတစ်ဦးကလည်း သူ့ခွေးတွေ အားပြည့်စေဖို့ နွားကြီးရဲ့ ပေါင်သားတွေ လှီးကာ ကျွေးမွေးပြန် သတဲ့ ။ နွားကြီးဒတ္တ မသေမီကပင် လောကငရဲ ခံနေရရှာပါတယ် ။ အဲဒီအချိန်မှာ ကိဋိဂီရိတောင်ကနေ စူဠတိဿမထေရ်ဟာ မမြင်ရက်၊ ကရုဏာ သက်လေသဖြင့် သပိတ်ဖြင့် ရေကို ယူကာ တိုက်ကျွေးရှာတယ် ။ နွားကြီး အမောသက်သာ လာချိန်မှာတော့….

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ, ဓမ္မံ သရဏံ ဂစ္ဆာမိ, သံဃံ သရဏံ ဂစ္ဆာမိ” …..လို့ … ရွတ်ဖတ်ပေးပြန်ပါတယ် ။

နွားကြီးဟာ စူဠတိဿမထေရ် သရဏဂုံ ရွတ်ဖတ်နေသံကို နာခံလျက် သေသွားတော့ရာ တာဝတိ ံသာနတ်ပြည်မှာ နတ်သားဘ၀ ရောက်သွားပါတော့သတဲ့။ နတ်ဖြစ်သွားတာနဲ့ မိမိ ဘယ်ဘဝက လာခဲ့သလဲ၊ ဘာကြောင့် နတ်ဘဝ ရသလဲဆိုတာ စဉ်းစားကာ နတ်မျက်စိနဲ့ ကြည့်လိုက်တော့ ..…

လူပြည်မှာ သူ့အလောင်းကြီးကို ခွေးစား၊ ကျီးစားရှိနေဆဲကို မြင်ရတယ်။ ရွှံ့နွံဗွက်ထဲနစ်တာကအစ အိုးသည်၊ စောင်းသမား၊ မုဆိုးတို့ နှိပ်စက်ကြပုံအလယ်၊ စူဠတိဿ မထေရ် ကယ်တင်ပုံအဆုံး အလုံးစုံပြန်မြင်လာတယ် ။

ဒါနဲ့ ညရောက်တော့ နတ်တို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ထွန်းတောက်စေလျက်က စူဠတိဿမထေရ်ကို သွားကန်တော့တယ်။ မထေရ်က သိပေမယ့် “သင်ဘယ်သူလဲ” အမေးရှိ တယ်။ “တပည့်တော် နွားဘဝမှ ဖြစ်ရသော ဒတ္တနတ်သားပါ ဘုရား.”…

သင်ငါ့ထံ ဘာကိစ္စ ငါ့ထံလာသလဲ? နတ်သားက” အရှင်ဘုရား သနားသဖြင့် ချီးမြှင့်သော သရဏဂုံ စိတ်တည်သဖြင့် တာဝတိ ံသာရောက်ခဲ့ပုံ၊ အကယ်၍သာ သရဏဂုံသာမက သီလပါ ခံယူခွင့်ပါလျင် အထက် ယာမာ၊ တုသိတာအထိ ရောက်နိုင်ပါ၏ဘုရား” လို့ လျှောက်ကြားကာ ပျောက်သွားပါတော့တယ်။

သရဏဂုံသုံးပါးရဲ့ ဂုဏ်ကျေးဇူးဟာ လူကိုမဆိုထားနှင့် နွားသော်မှ အကျိုးခံစားခွင့်ရပုံကို သီဟိုဠ်ခေတ် သာသနာ ဝင်ဇာတ်လမ်းတစ်ပုဒ်က သက်သေပြနေပါတယ်။ ဗုဒ္ဓဘာသာ ဝင်မှန်သမျှကတော့ သြကာသတစ်ဘဝလုံး ကန်တော့ချိုးဆိုရာတွင် သရဏဂုံဆောက်တည်ပြီး သီလ ခံယူလေ့ ရှိကြပါတယ်။ သရဏဂုံ ဆောက်တည်တယ် ဆိုတာ တစ်နေ့ တစ်ရက်၊ တစ်ထိုင်တည်းကိစ္စ မဟုတ်ပါ ဘူး။ တစ်သံသရာလုံး နိဗ္ဗာန် မရောက်မချင်း သရဏဂုံ ပွားနေရမှာပါ။

ထို့ကြောင့် “ဘုရား, တရား, သံဃာ” ဟူသော သရဏဂုံသုံးပါးအား ဆည်းကပ်ခြင်းအား အစထား၍ တရားဓမ္မတို့ကို ကျင့်ကြံပွားများကာ နိဗ္ဗာန်အား မျက် မှောက်ပြုနိုင်အောင်ကြိုးစားကြပါစို့လို့ တိုက်တွန်းရင်း ကုသိုလ်ယူပါတယ်။ စာပေချစ်သူအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒပြည့်ဝကြပါစေ။

credit.. New Way

Zawgyi

သရဏဂုံ သုံးပါး၏ အက်ိဳးေက်းဇူး ၾကီးမားပုံ

ေရွးက… ေရာဟဏ႐ြာ လဲမႈိ႕ ကုန္သည္မွာ ဒတၱ မည္တဲ့ ႏြားလားႀကီး တစ္ေကာင္ရွိတယ္ ။ ဒီႏြားႀကီးဟာ အျခား ႏြားတစ္ေကာင္နဲ႔ တြဲၿပီး လဲမႈိ႕ လွည္းႀကီးကို ႐ုန္းကာ သူ႔ သခင္ကို အလုပ္ေကြၽး ျပဳခဲ့ရွာတယ္ ။ တစ္ေန႔မွာ ထုံးစံအတိုင္း လဲမႈိ႕ အေရာင္းထြက္ၾကရာ ႐ြာအနီး ႐ႊံ႕ႏြံ ဗြက္ႀကီးအတြင္း ဒတၱႀကီးခမ်ာ နစ္ျမဳပ္ သြားေတာ့တယ္ ။

ေခ်ာ့လိုက္ ေျခာက္လိုက္နဲ႔ ႐ုန္းခိုင္းေပမဲ့ ဘယ္လိုမွ မ႐ုန္းႏိုင္ ရွာပါဘူး ။ ကုန္သည္ႀကီး ကေတာ့ အမ်ိဳးမ်ိဳး ဆဲေရးတိုင္းထြာ ႐ိုက္ႏွက္ ၍ ဒတၱႀကီးကို ႐ႊံ႕ႏြံထဲ ပစ္ထားလ်က္က အျခားေသာ ႏြားတစ္ေကာင္ကို အစားထိုးလ်က္ ခရီးဆက္သြား ေလတယ္ ။

ဒတၱႀကီးခမ်ာ အေမာေဖာက္ ေနရာက မေသ႐ုံ အားသြင္းလ်က္ အသက္ကို မွ်ဥ္းမွ်ဥ္းရႈကာ ႐ႊံဗြက္ထဲ ဝပ္ေနရွာ ပါတယ္ ။ ဒါကိုသိတဲ့ အိုးကုန္သည္ႀကီးက အိုးလုပ္ရာမွာ ေအာက္ခံဖ်ာအျဖစ္ အသုံးျပဳဖို႔ ဒတၱႀကီးရဲ႕ သားေရေတြ ကို အရွင္လတ္လတ္ ခြာလွီး ယူသြားပါေတာ့တယ္ ။ ဒီသတင္းၾကားတဲ့ ေစာင္းသမားေလးက ေစာင္းႀကိဳး လုပ္ဖို႔ ဆိုၿပီး ေသြးသံရဲရဲ ႏြားႀကီးရဲ႕ အသားထဲက အေၾကာအမွ်င္ ေလးေတြကို ဓားနဲ႔ ခြဲၿပီး ဆြဲထုတ္ယူ သြားျပန္ပါတယ္ ။

မုဆိုးႀကီးတစ္ဦးကလည္း သူ႔ေခြးေတြ အားျပည့္ေစဖို႔ ႏြားႀကီးရဲ႕ ေပါင္သားေတြ လွီးကာ ေကြၽးေမြးျပန္ သတဲ့ ။ ႏြားႀကီးဒတၱ မေသမီကပင္ ေလာကငရဲ ခံေနရရွာပါတယ္ ။ အဲဒီအခ်ိန္မွာ ကိဋိဂီရိေတာင္ကေန စူဠတိႆမေထရ္ဟာ မျမင္ရက္၊ က႐ုဏာ သက္ေလသျဖင့္ သပိတ္ျဖင့္ ေရကို ယူကာ တိုက္ေကြၽးရွာတယ္ ။ ႏြားႀကီး အေမာသက္သာ လာခ်ိန္မွာေတာ့….

“ဗုဒၶံ သရဏံ ဂစာၦမိ, ဓမၼံ သရဏံ ဂစာၦမိ, သံဃံ သရဏံ ဂစာၦမိ” …..လို႔ … ႐ြတ္ဖတ္ေပးျပန္ပါတယ္ ။

ႏြားႀကီးဟာ စူဠတိႆမေထရ္ သရဏဂုံ ႐ြတ္ဖတ္ေနသံကို နာခံလ်က္ ေသသြားေတာ့ရာ တာဝတိ ံသာနတ္ျပည္မွာ နတ္သားဘ၀ ေရာက္သြားပါေတာ့သတဲ့။ နတ္ျဖစ္သြားတာနဲ႔ မိမိ ဘယ္ဘဝက လာခဲ့သလဲ၊ ဘာေၾကာင့္ နတ္ဘဝ ရသလဲဆိုတာ စဥ္းစားကာ နတ္မ်က္စိနဲ႔ ၾကည့္လိုက္ေတာ့ ..…

လူျပည္မွာ သူ႔အေလာင္းႀကီးကို ေခြးစား၊ က်ီးစားရွိေနဆဲကို ျမင္ရတယ္။ ႐ႊံ႕ႏြံဗြက္ထဲနစ္တာကအစ အိုးသည္၊ ေစာင္းသမား၊ မုဆိုးတို႔ ႏွိပ္စက္ၾကပုံအလယ္၊ စူဠတိႆ မေထရ္ ကယ္တင္ပုံအဆုံး အလုံးစုံျပန္ျမင္လာတယ္ ။

ဒါနဲ႔ ညေရာက္ေတာ့ နတ္တို႔ရဲ႕ ကိုယ္ေရာင္ကိုယ္ဝါကို ထြန္းေတာက္ေစလ်က္က စူဠတိႆမေထရ္ကို သြားကန္ေတာ့တယ္။ မေထရ္က သိေပမယ့္ “သင္ဘယ္သူလဲ” အေမးရွိ တယ္။ “တပည့္ေတာ္ ႏြားဘဝမွ ျဖစ္ရေသာ ဒတၱနတ္သားပါ ဘုရား.”…

သင္ငါ့ထံ ဘာကိစၥ ငါ့ထံလာသလဲ? နတ္သားက” အရွင္ဘုရား သနားသျဖင့္ ခ်ီးျမႇင့္ေသာ သရဏဂုံ စိတ္တည္သျဖင့္ တာဝတိ ံသာေရာက္ခဲ့ပုံ၊ အကယ္၍သာ သရဏဂုံသာမက သီလပါ ခံယူခြင့္ပါလ်င္ အထက္ ယာမာ၊ တုသိတာအထိ ေရာက္ႏိုင္ပါ၏ဘုရား” လို႔ ေလွ်ာက္ၾကားကာ ေပ်ာက္သြားပါေတာ့တယ္။

သရဏဂုံသုံးပါးရဲ႕ ဂုဏ္ေက်းဇူးဟာ လူကိုမဆိုထားႏွင့္ ႏြားေသာ္မွ အက်ိဳးခံစားခြင့္ရပုံကို သီဟိုဠ္ေခတ္ သာသနာ ဝင္ဇာတ္လမ္းတစ္ပုဒ္က သက္ေသျပေနပါတယ္။ ဗုဒၶဘာသာ ဝင္မွန္သမွ်ကေတာ့ ၾသကာသတစ္ဘဝလုံး ကန္ေတာ့ခ်ိဳးဆိုရာတြင္ သရဏဂုံေဆာက္တည္ၿပီး သီလ ခံယူေလ့ ရွိၾကပါတယ္။ သရဏဂုံ ေဆာက္တည္တယ္ ဆိုတာ တစ္ေန႔ တစ္ရက္၊ တစ္ထိုင္တည္းကိစၥ မဟုတ္ပါ ဘူး။ တစ္သံသရာလုံး နိဗၺာန္ မေရာက္မခ်င္း သရဏဂုံ ပြားေနရမွာပါ။

ထို႔ေၾကာင့္ “ဘုရား, တရား, သံဃာ” ဟူေသာ သရဏဂုံသုံးပါးအား ဆည္းကပ္ျခင္းအား အစထား၍ တရားဓမၼတို႔ကို က်င့္ႀကံပြားမ်ားကာ နိဗၺာန္အား မ်က္ ေမွာက္ျပဳႏိုင္ေအာင္ႀကိဳးစားၾကပါစို႔လို႔ တိုက္တြန္းရင္း ကုသိုလ္ယူပါတယ္။ စာေပခ်စ္သူအေပါင္း စိတ္ခ်မ္းသာ ကိုယ္က်န္းမာၿပီး လိုရာဆႏၵျပည့္ဝၾကပါေစ။

credit.. New Way

No Comments

Leave a Reply

Your email address will not be published.

Religious
သမ္ဗုဒ္ဓေ ဂါထာတော်ကြီး၏ ထူးခြားလေးနက်သော အဓိပ္ပါယ်

သမ္ဗုဒ္ဓေ ဂါထာတော်ကြီး၏ ထူးခြားလေးနက်သော အဓိပ္ပါယ် သမ္ဗုဒ္ဓေ ကျွန်တော် သမ္ဗုဒ္ဓေဂါထာ‌တော်ကို ငယ်ငယ်လေးကတည်းက ရွတ်ဆိုရတာနှစ်သက်ပါတယ်။ အနက်အဓိပ္ပာယ်ကိုသိလာခဲ့တဲ့အချိန်ကျတော့ အနက်အဓိအပ္ပာယ်ပါတွဲပြီး ရွတ်ဖတ်ပူဇော်ဖြစ်လာခဲ့ပါတယ်။ ဒီလိုနေလာရင်းနဲ့ တစ်နေ့ကျတော့ အောက်မှာဖော်ပြထားတဲ့ ဦးပဉ္ဇင်း U Nay Main Da ရဲ့ ပို့ိစ်တစ်ခုကို ဖတ်ဖြစ်ခဲ့ပါတယ်။ သိပ်ကို သဘောကျနှစ်ခြိုက်သွားမိတာမို့ ဓမ္မမိတ်ဆွေတို့ကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီဘဒ္ဒကမ္ဘာကနေ နောက်ပြန်ရေတွက်ရင် ၂၀ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူတယ်။ ဒီပင်္ကရာ ၂ ဆူရှိတယ်၊ လွန်ခဲ့တဲ့ ၂၀သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကပွင့်ခဲ့တဲ့ ဒီပင်္ကရာက အရင်ပွင့်လို့ ပေါရာဏဒီပင်္ကရာလို့ခေါ်ကြတယ်။ အဲဒီပေါရာဏဒီပင်္ကၤရာဘုရားရှင်လက်ထက်မှာ ရဟန်းငယ်တပါးက ဘုရားရှင်ရဲ့ကျောင်းဆောင်တော်မှာ ညဖက်ဆီမီးပူဇော်ဖို့အတွက် မြို့တော်ထဲမှာ ဆီအလှူခံတယ်။ အဲဒါကို …

"ညှဉ်းဆဲသူကား အနာများ"
Religious
“ညှဉ်းဆဲသူကား အနာများ” ဝဋ်ကြွေးကြောက်စရာကောင်းပုံ

“ညှဉ်းဆဲသူကား အနာများ” ဝဋ်ကြွေးကြောက်စရာကောင်းပုံ ကြောက်လန့်ဖွယ်ရာ-ဝဋ်ကြွေးကြမ္မာ မြတ်စွာဘုရား လက်ထက်တော်က သာဝတ္ထိ ပြည်သား တစ်ယောက် မြတ်စွာ ဘုရား သာသနာတော်မှာ ဝင်ပြီ းရဟန်း ပြုပါတယ်။ သူ့နာမည်က အရှင်တိဿလို့ခေါ်ပါတယ်။ရဟန်းပြုပြီးတော့ သီလ၊ သမာဓိ၊ပညာ အကျင့် တွေကို..ကောင်းမွန်စွာ ကျင့်ကြံ ပါတယ်။ နောက်ကာလအတန်ကြာတော့ သူ့မှာ အနာရောဂါတွေပေါ် လာတယ်။ အစမှာတော့ မုန့်ညှင်းစေ့လောက် အဖုလေးတွေ ပေါ်လာတယ်။ နောက် တဖြည်းဖြည်းနဲ့ပဲ ကုလားပဲလုံးလောက် စားတော်ပဲ လုံးလောက် ဆီးစေ့လောက် ဆီးဖြူ သီးလောက် ဥသျှစ်သီးမှည့်လောက် အဖုလုံးကြီးတွေဖြစ်လာပြီး ပေါက်ကွဲ ကြတယ်။ တစ်ကိုယ်လုံးမှာ အပေါက်အပေါက်တွေ ဖြစ်နေတယ်။ အဲဒီလိုဖြစ်ပြီး တစ်ကိုယ်လုံး ပုပ်နေ လို့ …

Religious
“ဝါဆိုသင်္ကန်း လှူဒါန်းလျှင်ရရှိနိုင်သော အကျိုးကျေးဇူးများ”

“ဝါဆိုသင်္ကန်း လှူဒါန်းလျှင်ရရှိနိုင်သော အကျိုးကျေးဇူးများ” အပါယ်လွတ်သော ကုသိုလ်(၇)မျိုး… ၁။ သရဏဂုံကုသိုလ်။ ၂။ ငါးပါးသီလကုသိုလ်။ ၃။ စာရေးတံဆွမ်း။ ၄။ လဆန်းပက္ခ၊ လဆုတ်ပက္ခ၌ လှူဒါန်းသောဆွမ်း။ (တစ်လကို နှစ်ပိုင်းပိုင်းလိုက်ပါ။ ရှေ့ဆယ်ငါးရက်သည် လဆန်းပက္ခဖြစ်၍ နောက် ၁၆ ရက်မှ လကုန်ထိသည် လဆုတ်ပက္ခဖြစ်သည်။) ၅။ ဝါဆိုသင်္ကန်း ၆။ ရေတွင်းရေကန်အလှူ။ ၇။ ကျောင်းအလှူတို့ဖြစ်၏။ ထိုကုသိုလ် ၇ မျိုးထဲမှ တစ်မျိုးမျိုးကိုဖြစ်စေ၊ နှစ်မျိုးဖြစ်စေ၊ ခုနစ်မျိုးလုံးဖြစ်စေ အမြဲ(ဝတ်) ထားပြီး လှူဒါန်းမယ်ဆိုရင် ဂတိမြဲတဲ့ ကုသိုလ်ဖြစ်ပါတယ်။ ၁။ရွှေအဆင်းနှင့်တူသော အဆင်းကိုရရှိခြင်း။ ၂။ မြူကြေးမတင် စင်ကြယ်သောကိုယ်ရှိခြင်း။ ၃။ ခပ်သိမ်းသော အရပ်တို့ကို ထွန်းလင်းတောက်ပသော …