တန်ဖိုးချင်းတော့ မတူနိုင်ပါ - YATHAZONE

တန်ဖိုးချင်းတော့ မတူနိုင်ပါ

Knowledge

တန်ဖိုးချင်းတော့ မတူနိုင်ပါ

တစ်ခါတုန်းက သစ်ပင်တွေဟာ စကားပြောတတ်တယ် ဆိုပဲ။

စကား ပြောတတ်တဲ့ သစ်ပင်တွေကို ပန်းပုဆရာ တစ်ယောက်က ပန်းပုထုဖို့ ယူလာ ခဲ့တယ် ။

ခုတ်ထားတဲ့ သစ်သား တုံးတွေကို ပန်းပု ထုတော့ သစ်သားတုံး တစ်တုံးက အထုခံရ ၊ အခုတ်ခံရ ၊ အထွင်းခံရ ၊ အရိုက်ခံရ ၊ အနှက် ခံရတော့ “နာတယ်” ဆိုပြီး အော်တယ် ။

ဒါကြောင့် ပန်းပုဆရာဟာ အဲ့ သစ်သားတုံးကို အသေးစိတ် မွန်းမံ မနေတော့ဘဲ တုံးမောင်းအဖြစ် နဲ့ပဲ ထားခဲ့ လိုက်တော့တယ် ။

နောက် သစ်သားတုံး တစ်တုံးကျတော့ ဘယ်လောက် နာပေမယ့် သူ မအော်ဘဲ ကြိတ်မှိတ် သည်းခံ ပြီးတော့ နေခဲ့ လိုက်တယ်။ ပန်းပုဆရာက အဲဒီ သစ်တုံးကို ကျတော့ လူသားတွေ အပူဇော်ခံမယ့် နတ်ဘုရား ရုပ်တုအဖြစ် ထုခဲ့ လိုက်တယ်။

လူသားတွေက တုံးမောင်းကို ခေါက်ပြီး နတ်ဘုရား ရုပ်တုကို ပူဇော်တဲ့ အခါကျတော့ တုံးမောင်း ဖြစ်နေတဲ့ သစ်သားက အသည်းအသည် ငိုကြွေးတယ် ။

သူတို့ဟာ အစ ပထမတုန်းက သစ်ပင်တွေ အတူတူ ဖြစ်ပါရဲ့နဲ့ ခုကျမှ သူကျ အခေါက် ခံရပြီး ဟိုသစ်သားတုံး ကျတော့ အပူဇော် ခံရတယ် ဆိုပြီး မကျေမနပ် ဖြစ်သွားတယ် ။

ဒါနဲ့ ပန်းပုဆရာကို ဘက်လိုက်တယ် ဆိုပြီး စွပ်စွဲ လိုက်တယ်။ ဒီအချိန်မှာ နတ်ဘုရားရုပ်တုအဖြစ် ထုခံလိုက်ရတဲ့ သစ်သားက သူ့ကို ပြောတယ် ။”မင်းကမှ သည်းမခံတာကိုး” ဟုတ်ပါတယ် ။

လူသား တွေလည်း ကိုယ်ပိုင် လမ်းကြောင်း ပေါ်ကိုတော့ သွားနေခဲ့ ကြတာချင်း တူပါတယ် ။ ဒါပေမဲ့ အချို့က အောင်မြင်ကြတယ် ။ တချို့က ဘာမှ မဖြစ်ထွန်းကြဘူး ။ တချို့က ဖြစ်တော့ ဖြစ်ထွန်းပါရဲ့၊ ဒါပေမဲ့ အကျိုး ဖြစ်ထွန်းမှု အားနည်း ကြရတယ် ။

ဒါဟာ ဘာကြောင့် ဖြစ်ရ တာလဲလို့ ဆန်းစစ်ကြည့်တော့ ခုနက ပြောတဲ့ လောကဓံရဲ့ ရိုက်ပုတ်မှုဒဏ်ကို အလူးအလဲ ခံရတဲ့ အခါမှာ သည်းခံနိုင်မှု ၊ သည်းမခံနိုင်မှု အပေါ်မှာ မူတည် ပြီးတော့ အကျိုးရလဒ် တွေလည်း ကွာခြား သွားတာမျိုး ဖြစ်ပါတယ် ။

ကဲ…စာဖတ်သူရော၊ သစ်သားချင်း အတူတူ ဘယ်လို ပုံစံမျိုး ဖြစ်ချင်ပါသလဲ ???

မောင်မင်းစိုး၏ လူငယ်နဲ့ လူလည် စာအုပ်မှ ကူးယူဖော်ပြပါသည် ။

Zawgyi

တန္ဖိုးခ်င္းေတာ့ မတူႏိုင္ပါ

တစ္ခါတုန္းက သစ္ပင္ေတြဟာ စကားေျပာတတ္တယ္ ဆိုပဲ။

စကား ေျပာတတ္တဲ့ သစ္ပင္ေတြကို ပန္းပုဆရာ တစ္ေယာက္က ပန္းပုထုဖို႔ ယူလာ ခဲ့တယ္ ။

ခုတ္ထားတဲ့ သစ္သား တုံးေတြကို ပန္းပု ထုေတာ့ သစ္သားတုံး တစ္တုံးက အထုခံရ ၊ အခုတ္ခံရ ၊ အထြင္းခံရ ၊ အ႐ိုက္ခံရ ၊ အႏွက္ ခံရေတာ့ “နာတယ္” ဆိုၿပီး ေအာ္တယ္ ။

ဒါေၾကာင့္ ပန္းပုဆရာဟာ အဲ့ သစ္သားတုံးကို အေသးစိတ္ မြန္းမံ မေနေတာ့ဘဲ တုံးေမာင္းအျဖစ္ နဲ႔ပဲ ထားခဲ့ လိုက္ေတာ့တယ္ ။

ေနာက္ သစ္သားတုံး တစ္တုံးက်ေတာ့ ဘယ္ေလာက္ နာေပမယ့္ သူ မေအာ္ဘဲ ႀကိတ္မွိတ္ သည္းခံ ၿပီးေတာ့ ေနခဲ့ လိုက္တယ္။ ပန္းပုဆရာက အဲဒီ သစ္တုံးကို က်ေတာ့ လူသားေတြ အပူေဇာ္ခံမယ့္ နတ္ဘုရား ႐ုပ္တုအျဖစ္ ထုခဲ့ လိုက္တယ္။

လူသားေတြက တုံးေမာင္းကို ေခါက္ၿပီး နတ္ဘုရား ႐ုပ္တုကို ပူေဇာ္တဲ့ အခါက်ေတာ့ တုံးေမာင္း ျဖစ္ေနတဲ့ သစ္သားက အသည္းအသည္ ငိုေႂကြးတယ္ ။

သူတို႔ဟာ အစ ပထမတုန္းက သစ္ပင္ေတြ အတူတူ ျဖစ္ပါရဲ႕နဲ႔ ခုက်မွ သူက် အေခါက္ ခံရၿပီး ဟိုသစ္သားတုံး က်ေတာ့ အပူေဇာ္ ခံရတယ္ ဆိုၿပီး မေက်မနပ္ ျဖစ္သြားတယ္ ။

ဒါနဲ႔ ပန္းပုဆရာကို ဘက္လိုက္တယ္ ဆိုၿပီး စြပ္စြဲ လိုက္တယ္။ ဒီအခ်ိန္မွာ နတ္ဘုရား႐ုပ္တုအျဖစ္ ထုခံလိုက္ရတဲ့ သစ္သားက သူ႔ကို ေျပာတယ္ ။”မင္းကမွ သည္းမခံတာကိုး” ဟုတ္ပါတယ္ ။

လူသား ေတြလည္း ကိုယ္ပိုင္ လမ္းေၾကာင္း ေပၚကိုေတာ့ သြားေနခဲ့ ၾကတာခ်င္း တူပါတယ္ ။

ဒါေပမဲ့ အခ်ိဳ႕က ေအာင္ျမင္ၾကတယ္ ။ တခ်ိဳ႕က ဘာမွ မျဖစ္ထြန္းၾကဘူး ။ တခ်ိဳ႕က ျဖစ္ေတာ့ ျဖစ္ထြန္းပါရဲ႕၊ ဒါေပမဲ့ အက်ိဳး ျဖစ္ထြန္းမႈ အားနည္း ၾကရတယ္ ။

ဒါဟာ ဘာေၾကာင့္ ျဖစ္ရ တာလဲလို႔ ဆန္းစစ္ၾကည့္ေတာ့ ခုနက ေျပာတဲ့ ေလာကဓံရဲ႕ ႐ိုက္ပုတ္မႈဒဏ္ကို အလူးအလဲ ခံရတဲ့ အခါမွာ သည္းခံႏိုင္မႈ ၊ သည္းမခံႏိုင္မႈ အေပၚမွာ မူတည္ ၿပီးေတာ့ အက်ိဳးရလဒ္ ေတြလည္း ကြာျခား သြားတာမ်ိဳး ျဖစ္ပါတယ္ ။

ကဲ…စာဖတ္သူေရာ၊ သစ္သားခ်င္း အတူတူ ဘယ္လို ပုံစံမ်ိဳး ျဖစ္ခ်င္ပါသလဲ ???

ေမာင္မင္းစိုး၏ လူငယ္နဲ႔ လူလည္ စာအုပ္မွ ကူးယူေဖာ္ျပပါသည္ ။

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …