နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ - YATHAZONE

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

Knowledge

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။

နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။

ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။

သူဟာ တပြိုင်နက်တည်းပဲ ဒီကစားသမား ဘဝကို စွန့်လွတ်ဖို့ ဆုံးဖြတ် လိုက်သလို ဒီနွားရိုင်းသတ်ပွဲကို ဆန့်ကျင် တိုက်ဖျက်ရေး လှုပ်ရှားသူ အဖြစ်ပါ ဆောင်ရွက် လာတယ် ။

ကျနော်တို့ ဘဝတွေမှာ ဗုံလုံ တစ်လှည့် ငါးပျံ တစ်လှည့် ဆိုသလို ကိုယ့်လက်ထဲ အသာစီး ရတဲ့ အခွင့်အရေး ရလာတဲ့ အခြေ အနေတွေ ရန်ဘက်ကို ကောင်းကောင်းကြီး လက်တုန့် ပြန်နိုင် စရာ အခြေအနေတွေ ရှိလာ တတ်ပါတယ် ။

ဒီအခါမှာ လက်စား ချေလိုက်တာဟာ စိတ်အလို လိုက်လိုက် တာပါ ။ လက်စား မချေပဲ ခွင့်လွှတ် လိုက်တာက စိတ်ကို အောင်မြင်သွားတာ ။ အဟိတ် တိရိစ္ဆာန်ဖြစ်တဲ့ နွားရိုင်းက ကျနော်တို့ အားလုံးကို သင်ကြား ပေးနေတယ် ။

အဲ့ဒီတုန်းက သူ သတ်လိုက်ရင် သူ့ရန်သူ တစ်ယောက် တည်းသေမယ် ။ သူ တစ်ကောင်တော့ ရှင်ကောင်း ရှင်မယ်ပေါ့ ။

ဒါပေမဲ့ ခုလုပ်ရပ်က သူ့မျိုးနွယ်စု အများအပြားကို ရှင်သန်စေတယ်။ သူတို့ ရန်သူ အများအပြားကို ပြောင်းလဲစေတယ်။ တကယ်တမ်း လောကမှာ ခွင့်လွှတ်ခြင်း သာလျှင် အောင်နိုင်ခြင်း အစစ် ဖြစ်ပါတယ်။

Credit – Thorn Nay Soe

Zawgyi

ႏြား႐ိုင္းတစ္ေကာင္ ေပးလိုက္တဲ့ ၿငိမ္းခ်မ္းေရး သင္ခန္းစာ

စပိန္ ႏြား႐ိုင္းသတ္ ကစားသမား အျဖစ္ကေန ႏြား႐ိုင္းသတ္ပြဲ ဆန႔္က်င္ တိုက္ဖ်က္ေရး သမားျဖစ္သြားတဲ့ ျဖစ္ရပ္ ။

ႏြား႐ိုင္း သတ္သမားဟာ ႏြား႐ိုင္းကို လွံခ်က္ မ်ားစြာနဲ႔ ထိုးႏွက္ ထားႏိုင္ေပမယ့္ တခ်ီမွာေတာ့ ႏြား႐ိုင္းက ေသခ်ာေပါက္ ေဝွ႔သတ္ ႏိုင္မဲ့ အေျခ အေနကို ဆိုက္ေရာက္ သြားတယ္။

ဒါေပမယ့္ လွံခ်က္ေတြနဲ႔ အထိနာ ေနတဲ့ ႏြား႐ိုင္းက တရားမွ်တမႈကို ေတာင္းဆိုသလို မ်က္လုံး ခ်င္းဆိုင္ စိုက္ၾကည့္တာက လြဲလို႔ ဘာမွ မလုပ္ခဲ့ တာေၾကာင့္ ကစားသမား အသက္ ခ်မ္းသာရာ ရသြားတယ္ ။

သူဟာ တၿပိဳင္နက္တည္းပဲ ဒီကစားသမား ဘဝကို စြန႔္လြတ္ဖို႔ ဆုံးျဖတ္ လိုက္သလို ဒီႏြား႐ိုင္းသတ္ပြဲကို ဆန႔္က်င္ တိုက္ဖ်က္ေရး လႈပ္ရွားသူ အျဖစ္ပါ ေဆာင္႐ြက္ လာတယ္ ။

က်ေနာ္တို႔ ဘဝေတြမွာ ဗုံလုံ တစ္လွည့္ ငါးပ်ံ တစ္လွည့္ ဆိုသလို ကိုယ့္လက္ထဲ အသာစီး ရတဲ့ အခြင့္အေရး ရလာတဲ့ အေျခ အေနေတြ ရန္ဘက္ကို ေကာင္းေကာင္းႀကီး လက္တုန႔္ ျပန္ႏိုင္ စရာ အေျခအေနေတြ ရွိလာ တတ္ပါတယ္ ။

ဒီအခါမွာ လက္စား ေခ်လိုက္တာဟာ စိတ္အလို လိုက္လိုက္ တာပါ ။ လက္စား မေခ်ပဲ ခြင့္လႊတ္ လိုက္တာက စိတ္ကို ေအာင္ျမင္သြားတာ ။ အဟိတ္ တိရိစာၦန္ျဖစ္တဲ့ ႏြား႐ိုင္းက က်ေနာ္တို႔ အားလုံးကို သင္ၾကား ေပးေနတယ္ ။

အဲ့ဒီတုန္းက သူ သတ္လိုက္ရင္ သူ႔ရန္သူ တစ္ေယာက္ တည္းေသမယ္ ။ သူ တစ္ေကာင္ေတာ့ ရွင္ေကာင္း ရွင္မယ္ေပါ့ ။

ဒါေပမဲ့ ခုလုပ္ရပ္က သူ႔မ်ိဳးႏြယ္စု အမ်ားအျပားကို ရွင္သန္ေစတယ္။ သူတို႔ ရန္သူ အမ်ားအျပားကို ေျပာင္းလဲေစတယ္။ တကယ္တမ္း ေလာကမွာ ခြင့္လႊတ္ျခင္း သာလွ်င္ ေအာင္ႏိုင္ျခင္း အစစ္ ျဖစ္ပါတယ္။

Credit – Thorn Nay Soe

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
တန်ဖိုးချင်းတော့ မတူနိုင်ပါ

တန်ဖိုးချင်းတော့ မတူနိုင်ပါ တစ်ခါတုန်းက သစ်ပင်တွေဟာ စကားပြောတတ်တယ် ဆိုပဲ။ စကား ပြောတတ်တဲ့ သစ်ပင်တွေကို ပန်းပုဆရာ တစ်ယောက်က ပန်းပုထုဖို့ ယူလာ ခဲ့တယ် ။ ခုတ်ထားတဲ့ သစ်သား တုံးတွေကို ပန်းပု ထုတော့ သစ်သားတုံး တစ်တုံးက အထုခံရ ၊ အခုတ်ခံရ ၊ အထွင်းခံရ ၊ အရိုက်ခံရ ၊ အနှက် ခံရတော့ “နာတယ်” ဆိုပြီး အော်တယ် ။ ဒါကြောင့် ပန်းပုဆရာဟာ အဲ့ သစ်သားတုံးကို အသေးစိတ် မွန်းမံ မနေတော့ဘဲ တုံးမောင်းအဖြစ် နဲ့ပဲ ထားခဲ့ လိုက်တော့တယ် ။ နောက် သစ်သားတုံး …