ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး - YATHAZONE

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

Knowledge

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

( လဲ့လဲ့ – ဧရာဝတီ)
ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။

“ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ ေျဖေဖ်ာ္ပြဲတြင္ ပါဝင္အလုပ္ လုပ္ၾကသူအားလုံး အႏၲရာယ္ကင္းေရးအတြက္ ထို႔သို႔ လမိုင္းပြဲတင္ ဆုေတာင္းမႈ ျပဳရျခင္းျဖစ္သည္။

႐ိုးရာနတ္ဆိုင္းသံႏွင့္အတူ ၎ စိမ္းျပာေရာင္ဝတ္စုံဝတ္ မင္းသမီးက သူ၏ အရပ္ ထက္ ပိုမိုရွည္လ်ားကာ လုံးပတ္ ၅ လက္မခန႔္ရွိ စပါးအုံးေႁမြကို ခါးတြင္ ပတ္ကာ ပရိသတ္ကို ကျပေဖ်ာ္ေျဖေနေလသည္။ မင္းသမီး၏ လက္ထဲမွ ေႁမြသည္ ေခါင္းမွာ ေလထဲတြင္ ယိမ္းႏြဲ႕ လႈပ္ရွားေနကာ ကိုယ္ပိုင္းက မင္းသမီး၏ လက္ကို ပတ္ေခြရန္ ႀကိဳးစားသျဖင့္ ျပန္လည္ေရွာင္တိမ္းကာ ဘယ္ညာယိမ္းၿပီး ကျပပုံက ၾကည့္ရႈသူမ်ားကို သဲထိတ္ရင္ဖို စိတ္လႈပ္ရွားေစသည္။

စပါးအုံးေႁမြသည္ အစာကို ညႇိဳ႕ယူၿပီးမွ သူ၏ႂကြက္သားျဖင့္ အစာကို လိမ္ညစ္ၿပီးေနာက္ အေကာင္လိုက္ မ်ိဳခ် တတ္သည့္ သတၱဝါမ်ိဳးျဖစ္သည္။ ထို႔အျပင္ သူ၏အစြယ္မ်ားက ခ်ိတ္သ႑န္အတက္ငယ္ တခုပါသျဖင့္ စပါးအုံး ေႁမြကိုက္မိပါက ဆြဲျဖဳတ္လိုက္လွ်င္ အသားတခုလုံးပါလာသည္အထိ ခဲထားတတ္သည့္ ေႁမြမ်ိဳးျဖစ္သည္။

အႏၲရာယ္ရွိေသာ ေႁမြႏွင့္ အသက္ ၁၆ႏွစ္အ႐ြယ္မွ စတင္ကျပလာခဲ့သည့္ စိမ္းျပာေရာင္ မင္းသမီး၏ နာမည္မွာ မစိုးစိုးဝင္းျဖစ္သည္။ လုပ္သက္ အႏွစ္ ၂၀ ေက်ာ္လာေသာ္လည္း ေႁမြႏွင့္ ကျပတိုင္းတြင္ စိုးရိမ္ထိတ္လန႔္ ေၾကာက္႐ြံ႕မႈမ်ား ရွိေနဆဲဟု ဆိုသည္။ “ဘယ္ေလာက္ပဲ မေၾကာက္ဘူး ေျပာ၊ ေျပာ ေႁမြနဲ႔ကမယ္လုပ္တိုင္း လက္ဖ်ား၊ ေျခဖ်ားေတြ ေအးတယ္ ” ဟု စိုးစိုးဝင္းက ေျပာျပသည္။

စိုးစိုးဝင္းသည္ ရန္ကုန္တိရစာၦန္႐ုံတြင္ ဘိုးစဥ္ေဘာင္ဆက္ ေနထိုင္ခဲ့ကာ အလုပ္ လုပ္ခဲ့ၾကသူမ်ား ျဖစ္သည္။ ငယ္စဥ္ကတည္းက အကဝါသနာပါေသာ္လည္း ေႁမြေၾကာက္တတ္သူမ်ားထဲတြင္ တဦးအပါအဝင္ျဖစ္သည္ဟု သိရသည္။

အတန္းပညာေလးတန္းအထိသာ သင္ၾကားခဲ့ရသျဖင့္ အလုပ္အကိုင္ရွားပါးမႈႏွင့္ ရန္ကုန္တြင္ ေနရာထိုင္ခင္း လိုအပ္မႈေၾကာင့္ ထိုအလုပ္ကို ေ႐ြးခ်ယ္ခဲ့ရျဖစ္သကဲ့သို႔ စင္ေပၚတက္ ကျပရျခင္းကိုလည္း ဝါသနာပါေသာ ေၾကာင့္ အႏၲရာယ္ရွိသည့္အလုပ္ဟု ဆိုေသာ္လည္း အဆိုပါအလုပ္ကိုသာ ဆက္လက္ လုပ္ကိုင္သြားမည္ဟု ဆိုသည္။

“ က်မက ေလးတန္းမွာ ေက်ာင္းထြက္ၿပီး ဒီတိရစာၦန္႐ုံထဲမွာပဲ အလုပ္လုပ္ခဲ့တာ။ ဒီမွာက အိမ္ခန္းလည္း ေပးထားတယ္။ အလုပ္လည္း ေပးထားတယ္ဆိုေတာ့ စိတ္ ေပါ့ေပါ့ပါးပါးနဲ႔ အလုပ္ လုပ္ႏိုင္တယ္” ဟု ၎က ဆက္ေျပာသည္။ စိုးစိုးဝင္းအပါအဝင္ ရန္ကုန္တိရစာၦန္႐ုံဝင္းအတြင္းရွိ ႀကီးၾကပ္ဝန္ထမ္းမ်ားသည္ ထမင္းစားရိတ္ တေန႔ တေထာင္အပါအဝင္ လစာ ၁၈၅၀၀၀ က်ပ္ ရရွိၿပီး ေနစရာအတြက္ ဝန္ထမ္းလိုင္းခန္းေပးထားသည္။

အႏၲရာယ္ရွိသည့္ တိရိစာၦန္ျဖစ္သည့္ ေႁမြႏွင့္ကျပရသည့္ေန႔တြင္ ၃ မိနစ္စာအတြက္ ေငြက်ပ္ ၅၀၀ က်ပ္သာ ရရွိသည္။ အစိုးရအသိအမွတ္ျပဳလက္မွတ္ရ ေႁမြဆရာက တလလွ်င္ ႏွစ္သိန္း ရရွိသည္။ ဝန္ထမ္းမ်ား၏ က်န္းမာေရး အတြက္ကိုမူ လူမူဖူလုံေရးထံ သြားေရာက္ျပသရသည္။ တပတ္လွ်င္ တရက္ နားခြင့္ရၿပီး ေႁမြႏွင့္ကျပရန္ မရွိသည့္ရက္မ်ားတြင္ စိုးစိုးဝင္းက ရန္ကုန္တိရစာၦန္႐ုံရွိ ငွက္မ်ား ရွိရာ ေနရာကို ႀကီးၾကပ္ေစာင့္ေရွာက္ရသည္။

ေႁမြႏွင့္ကျပရသည့္အလုပ္သည္ သာမာန္ အကဝါသနာပါ႐ုံျဖင့္ အလုပ္လုပ္၍မရပါ။ လြန္စြာ အႏၲရာယ္ႀကီး သည့္အတြက္ မ်ားစြာ သတိထားရသလို အာ႐ုံေထြျပား၍ မရပါ။ အဓိကအခ်က္အေနျဖင့္ အေရွာင္အတိမ္း တတ္ရန္ျဖစ္ၿပီး ေႁမြအေၾကာင္း နားလည္မထားပါက အခ်ိန္မေ႐ြး ေႁမြေပါက္ခံရႏိုင္သည္ဟု သူ၏ အေတြ႕အႀကဳံေပၚ အေျခခံကာ ရွင္းျပသည္။

ရန္ကုန္တိရစာၦန္႐ုံကို ၁၉၆၁ ခုနစ္တြင္ စတင္ထားရွိခဲ့ၿပီး…

တိရစာၦန္႐ုံဖြင့္ၿပီး ၂ ႏွစ္အၾကာတြင္ ေႁမြကပြဲကို စတင္ ေဖ်ာ္ေျဖခဲ့ျခင္း ျဖစ္သည္ဟု သိရသည္။ လက္ရွိတြင္ ရန္ကုန္တိရစာၦန္႐ုံအတြင္း၌ ေႁမြျဖင့္ကျပသူ အမ်ိဳးသမီး ၂ ဦးသာရွိသည္။ယခင္က အမ်ိဳးသမီး ၃ဦးႏွင့္ အမ်ိဳးသားတဦးရွိၿပီး ၎တု႔ိသည္ တပတ္လွ်င္ စေန၊ တနဂၤေႏြ ၂ ရက္သာကျပရသည္။

တရက္ကို ကျပခ်ိန္ ၃ မိနစ္ဟုဆိုေသာ္လည္း အႏၲရာယ္အရွိဆုံး ေႁမြ ၂ေကာင္ျဖင့္ ကျပရသည္။ ေႁမြႏွင့္ လူတြဲၿပီး ကျပရသည့္အလုပ္ကို ယခင္က ေတာင္႐ိုးျပန္ ဆရာခ်စ္၊ အာဇာနည္ စန္းစန္း၊ ေဒၚစန္းနန္း ၾကည္၊ ေဒၚခင္စန္းေဌးတို႔က လက္ဆင့္ကမ္း အေမြေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေႁမြကသူအမ်ိဳးသမီးမ်ားကို အစိုးရအသိအမွတ္ျပဳ ေႁမြပညာရွင္ ဆရာ ဦးတင္စိန္က သင္ျပေပးျခင္းျဖစ္သည္။ စပါးအုံးေႁမြျဖင့္ ကၿပီးေနာက္ ေတာႀကီးေႁမြေဟာက္ႏွင့္ ကျပရန္ ေသတၱာအတြင္းမွ ၃ ေပေက်ာ္ခန႔္ရွိေသာ ေႁမြ ေဟာက္ကို ဆြဲထုတ္လိုက္သည္။ စိုးစိုးဝင္းက တေပအကြာတြင္ ခ်ထားေသာ ေႁမြေဟာက္အၿမီးကို ပုတ္၊ ပုတ္ၿပီး ေႁမြကို စ`ေပးေနသည္။

ေျမေဟာက္က ေဒါသျဖစ္လာသည့္အခါ ပါးပ်ဥ္းေထာင္လာၿပီး စိုးစိုးဝင္းအား ေပါက္ရန္ ရန္မူပါသည္။ စိုးစိုးဝင္း ကလည္း ေႁမြေဟာက္ စိတ္တိုၿပီး တိုက္ခိုက္ရန္ ျပင္ဆင္ခ်ိန္ အလစ္တြင္ နမ္းရန္ ႀကိဳးစားေနသည္။ ေႁမြေဟာက္ က စိတ္တိုၿပီး ေပါက္ရန္ ပါးပ်ဥ္းေထာင္လိုက္ စိုးစိုးဝင္းက ေရွာင္လိုက္ျဖင့္ ေႁမြႏွင့္မင္းသမီးတို႔ တဖက္ႏွင့္တဖက္ အျပန္အလွန္လႈပ္ရွားမႈကို ၾကည့္႐ူသူ ပရိသတ္ ၃ ရာေက်ာ္၏အသံမွာ တိတ္ဆိတ္ကာ ၿငိမ္သက္ေနသည္။

ေႁမြေဒါသျဖစ္ေနခ်ိန္ အလစ္တြင္ နမ္းရသည့္အတြက္ အခန႔္မသင့္ပါက ေႁမြေပါက္ခံရႏိုင္ေၾကာင္း၊ ယခင္က အမ်ိဳးသားတဦးသည္ ကေနရင္း စပါးအုံေႁမြအကိုက္ခံရသည့္အတြက္ အရွက္ကြဲခဲ့ဖူးေၾကာင္း၊ စိုးစိုးဝင္း လည္း ေႁမြသြားျဖင့္ ၂ ႀကိမ္ခန႔္အျခစ္ခံရဖူးသည္ဟု သိရသည္။

“ ေႁမြေဟာက္က အ႐ိုင္းသက္သက္ ကန္ထဲက အေကာင္ေတြကို ဖမ္းၿပီး ကျပရတဲ့အတြက္ အႏၲရာယ္ အရမ္းမ်ားတယ္။ အသိနဲ႔ သတိကေတာ့ အၿမဲထားရတယ္” ဟု စိုးစိုးဝင္းက ၎၏အႏၲရာယ္အေၾကာင္းကို ေျပာျပသည္။ တိရစာၦန္႐ုံတြင္ ကျပေနေသာ ေႁမြမ်ားသည္ အဆိပ္ထုတ္ထားသည့္ ေႁမြမ်ားမဟုတ္ပဲ ကန္အတြင္း ျပသထား သည့္ အဆိပ္ရွိ သတၱဝါမ်ားျဖစ္သည္။ ေႁမြမ်ားသည္ အဆိပ္မၾကာခဏထုတ္ပါက ေသဆုံးလြယ္သည့္ သေဘာ ရွိသည္။

ေႁမြဆိပ္ကလည္း လူ၏တံေတြးကဲ့သို႔ ထုတ္လိုက္တိုင္း ျပန္ထြက္သည့္သေဘာရွိသည္။ ထို႔အျပင္ ေႁမြမ်ားသည္ မ်က္ခြံ၊ နားမပါေသာေၾကာင့္ လူ၏လႈပ္ရွားမႈ အရိပ္ေနာက္ကို လိုက္သည့္အတြက္ လူက ေရွာင္တိမ္းတတ္ရန္ လိုပါသည္။

ေႁမြမ်ားသည္ တေကာင္ႏွင့္ တေကာင္ ဉာဥ္မတူၾကပါ။ ေႁမြမ်ားက ဘယ္ဘက္ကို ေပါက္အားသန္သည့္ ေႁမြရွိ သလို ညာဘက္ကို ေပါက္အားသန္သည့္ ေႁမြလည္း ရွိသည္။ ထို႔ေၾကာင့္ ညာသန္သည့္ေႁမြျဖင့္ ကမည္ဆိုပါ လွ်င္ ကျပမည့္သူသည္ ဘယ္ဘက္ကို တိမ္းေရွာင္ေပးရမည္ျဖစ္သည္။

“ ေႁမြကို စကိုင္ၾကည့္တဲ့ အခ်ိန္က ေပ်ာ့စိစိ ေအးစက္စက္ႀကီးဆိုေတာ့ ေတာ္ေတာ္ေလးကို အသည္းယား ဖို႔ေကာင္းတာ ” ဟု စိုးစိုးဝင္းက သူ၏ပထမဆုံး အေတြ႕အႀကဳံကို ျပန္ေျပာင္းေျပာသည္။ “ေႁမြစကိုင္ကိုင္ခ်င္းတုန္းက ေၾကာက္တယ္။ အခုမေၾကာက္ေတာ့ဘူး။ အယဥ္ေကာင္နဲ႔ စသင္ေပးတာ ” ဟု စိုးစိုးဝင္းကဲ့သို႔ ေႁမြျဖင့္ ကျပေဖ်ာ္ေျဖသည့္ သစ္သစ္လြင္ကလည္း ဆိုသည္။

ရန္ကုန္တိရစာၦန္႐ုံတြင္ ေႁမြေကာင္ေရ တရာေက်ာ္ရွိၿပီး ေႁမြအမ်ိဳးအစားအမ်ိဳးမ်ိဳးရွိေသာ္လည္း ကျပသည့္အခါ ငန္းေတာ္က်ား၊ ေတာႀကီးေႁမြေဟာက္ႏွင့္ စပါးအုံးတို႔ျဖင့္သာ ကျပေလ့ရွိသည္။ ေႁမြျဖင့္ကျပသူမ်ားသည္ အသက္အႏၲရာယ္ျဖင့္ နီးသည့္အလုပ္ျဖစ္ေသာေၾကာင့္ ေႁမြေဆးထိုးထားၾကသည္။ ပုံမွန္အားျဖင့္ မိန္းကေလးမ်ားက ၆ လတႀကိမ္ထိုးရမည္ျဖစ္ေသာ္လည္း စိုးစိုးဝင္းက အႏွစ္ ၂၀ အတြင္း ၂ႀကိမ္သာ ထိုးထားသည္။

ေႁမြေဆးမထိုး ကန္ေတာ့ပြဲအရင္တင္ရၿပီးမွ ေႁမြဆိပ္ထုတ္ပါသည္။

ေႁမြတေကာင္လွ်င္ ေႁမြဆိပ္က သုံးစက္ခန႔္ ထြက္သည္။ ထိုေႁမြဆိပ္ကို လျပည့္ေန႔တြင္ သိဒၵိတင္ၿပီး မွင္ေရျဖင့္ေရာကာ ထိုးရေသာ္လည္း ယခုအခါတြင္ မွင္ရည္ မေရာပဲ အျဖဴထည္သက္သက္သာထိုးသည္။ေႁမြဆိပ္ထိုးရာတြင္ စုတ္ကိုေရေႏြးျဖင့္ျပဳတ္ၿပီးမွ လက္ဆစ္၊ လက္ဖမိုး၊ရင္ဘတ္စသည့္ေနရာမ်ားတြင္ ထိုးရၿပီး ေႁမြဆိပ္ျဖစ္တာေၾကာင့္ ေဆးျပင္းသည့္အတြက္ အျပင္းဖ်ားျခင္း၊ ဝမ္းပ်က္ဝမ္းေလ်ာျခင္း၊ ခ်ိဳင္းေနရာတြင္ အလုံးအက်ိတ္ ထြက္ျခင္းေၾကာင့္ ေႁမြဆိပ္ထိုးျခင္းကို မၾကာခဏ မျပဳလုပ္ၾကျခင္း ျဖစ္သည္ဟု သိရသည္။

ထို႔ေၾကာင့္ ေျမဆိပ္ထိုးသည့္ေန႔တြင္ လြန္စြာနာက်င္ေသာေၾကာင့္ ပါရာစီတေမာေဆးေပးၿပီး နားခြင့္ရက္လည္း ေပးသည္။ “ အဆိပ္မ်ိဳးစုံကို စုတ္နဲ႔ အ႐ိုးေပၚထိုးတာဆိုေတာ့ ဒုတ္ခနဲ၊ ဒုတ္ခနဲ ေပါက္မိတာ အရမ္းနာတယ္။ အဲဒါေၾကာင့္ အခုေနာက္ပိုင္း မထိုးေတာ့တာ ” ဟု သစ္သစ္လြင္က စုတ္ထိုးရာမ်ားကို ျပသသည္။

ေႁမြဆိပ္ထိုးထားျခင္းျဖင့္လည္း ေႁမြကိုက္ခံရပါက ခ်က္ျခင္းမေသႏိုင္ပါ။ ကိုယ္တိုင္ေဖာ္စပ္ထားသည့္ ျမန္မာ တိုင္းရင္းေဆး ေႁမြဆိပ္ေျဖေဆးမ်ားလည္း အၿမဲေဆာင္ထားသကဲ့သို႔ BPIက ထုတ္သည့္ ေႁမြဆိပ္ေျဖေဆးမ်ား လည္း ထားရွိသည္။ အသက္အႏၲရာယ္မွတပါး တျခားကိစၥရပ္မ်ားကို ေဆး႐ုံသို႔ မသြားပဲ မန္းမႈတ္ျခင္း ျဖင့္သာ ကုသသည္ဟု သိရသည္။

“ ဒီမွာအလုပ္လုပ္လာတဲ့တေလွ်ာက္မွာ ေႁမြကိုက္ခံရတာ အႀကိမ္ ၂၀ေက်ာ္တယ္။ ေသလုနီးပါးျဖစ္တာက ၃ႀကိမ္။ ကိုယ့္ကိုယ္ကိုယ္ေတာ့ ယုံတယ္။ ေႁမြကိုက္လို႔ေတာ့ မေသပါဘူး ” ဟု စိုးစိုးဝင္းတို႔၏ဆရာ ေႁမြပညာရွင္၊ တိရစာၦန္ထိန္းသိမ္းေဆးကုဌာနစိတ္ တာဝန္ခံ ဦးစိန္တင္က ေျပာသည္။

ေႁမြႏွင့္ ကမည္ဆိုပါက အဓိကက ရဲရဲဝံ့ဝံ့ရွိရန္ႏွင့္ ဆုံးျဖတ္ခ်က္တိုင္းက လ်င္ျမန္ဖ်တ္လတ္ရန္ လိုၿပီး ေႁမြကိုင္ သည့္ အခ်ိန္တြင္ ကိုယ့္ကိုယ္ကိုယ္ႏွင့္ ေႁမြကလြဲ၍ က်န္သည့္အေရးကိစၥမ်ားအား စိတ္မဝင္စားရပါ။ ေႁမြႏွင့္ကသည့္ အခါတြင္လည္း ၾကည့္႐ူသူ မ်က္စိပႆဒ ျဖစ္ေအာင္ ေခါင္း၊ ခါး၊ ေျခ၊ လက္အခ်ိဳးက်ေအာင္ ကတတ္ရမည္ဟု ၎က ရွင္းျပသည္။

ေႁမြႏွင့္ပတ္သက္ၿပီး ေဆာင္ရန္၊ ေရွာင္ရန္မ်ားကို သီးသန႔္သတ္မွတ္ထားျခင္းမရွိေသာ္လည္း ေႁမြကို မသတ္ရန္၊ ေႁမြသားမစားရန္ႏွင့္ ေႁမြကို ေစာ္ကားမႈမ်ိဳးမျပဳလုပ္ရန္ အဓိကေစာင့္ထိန္းခိုင္းသည္။ ေႁမြက ဘုရားအလုပ္ႏွင့္ နီးစပ္သည့္အတြက္ ငါးပါးသီလၿမဲရန္လည္း လိုအပ္ပါသည္။

ထို႔အျပင္ ေႁမြသမား မွန္ပါလွ်င္ အေမေရယာဥ္နတ္ကို ဦးခိုက္ရသည္။ ေႁမြႏွင့္ကျပခါနီးတြင္ အေမေရယာဥ္အား လက္ဖက္ငါးပုံေပၚတြင္ ၾကက္သြန္ျဖဴေၾကာ္ တခုစီထိုးစိုက္ၿပီး အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ထြန္းကာ ဦးခိုက္ၿပီး ေနာက္ အေမအား ကပ္လႉထားသည့္ ေသာက္ေတာ္ေရအား ေခါင္းကို ပြတ္သပ္ၿပီး အႏၲရာယ္ကင္းေစေရး အတြက္ ဆုေတာင္းမႈျပဳၿပီးမွ ေႁမြႏွင့္ကျပေလ့ရွိသည္။

အႏၲရာယ္ရွိသည့္ ေႁမြမ်ားကို လူတိုင္းက ေၾကာက္ၾကသည္။ အထူးသျဖင့္ အမ်ိဳးသမီးမ်ားက ပို၍ေၾကာက္တတ္ ၾကသည္။ သို႔ေသာ္လည္း ေႁမြႏွင့္ကျပသူမ်ားသည္ အလုပ္အေပၚတြင္ တာဝန္ေက်ခ်င္သည့္အတြက္ ေၾကာက္စိတ္ ကို ေဘးဖယ္ထားသည္ဟု ေႁမြမင္းသမီး စိုးစိုးဝင္းက ေျပာျပပါသည္။

လဲ့လဲ့- ဧရာဝတီကို ေလးစားစြာ ခရက္ဒစ္ေပးပါသည္။ေရွးေခတ္ ေႁမြ ဆရာ/ ဆရာမ ပုံမ်ားကိုျဖည့္စြက္ေဖာ္ျပထားပါသည္။

Unicode

ရန်ကုန်တိရစ္ဆာန်ရုံက မြွေမင်းသမီး

( လဲ့လဲ့ – ဧရာဝတီ)
နှုတ်ခမ်းနီ ရဲရဲ၊ မိတ်ကပ် ခပ်ပါးပါး လိမ်းထားပြီး စိမ်းပြာရောင် ထိုင်မသိမ်းဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးတဦး သည် အုန်းသီး၊ ငှက်ပျောသီး၊ အမွှေးတိုင်၊ ဖယောင်းတိုင်များ ပါသည့် ဘုရားကန်တော့ပွဲရှေ့တွင် မျက်စိမှိတ် အာရုံပြုပြီး ရှိခိုးလျက်ရှိသည်။

“ဥုံ ၊ ထိပ်မှာဘုရား .. …. ” ဟု အစချီပြီး နှုတ်မှ ဖွဖွ ရွတ်ကာ မြန်မာ့ရိုးရာ ယုံကြည်ကိုးကွယ်မှုတွင် ပါဝင်သည့် အမေရေယာဉ်အပါအဝင် ဆိုင်ရာနတ်များအား တိုင်တည်၍ ထပ်မံ ဆုတောင်းမှုပြုနေသည်။ အန္တရာယ်ရှိသည့် မြွေဖြင့် ပြည်သူအများကို ကပြဖျော်ဖြေရမည် ဖြစ်သည့် ၎င်းအပါအဝင် ဖြေဖျော်ပွဲတွင် ပါဝင်အလုပ် လုပ်ကြသူအားလုံး အန္တရာယ်ကင်းရေးအတွက် ထို့သို့ လမိုင်းပွဲတင် ဆုတောင်းမှု ပြုရခြင်းဖြစ်သည်။

ရိုးရာနတ်ဆိုင်းသံနှင့်အတူ ၎င်း စိမ်းပြာရောင်ဝတ်စုံဝတ် မင်းသမီးက သူ၏ အရပ် ထက် ပိုမိုရှည်လျားကာ လုံးပတ် ၅ လက်မခန့်ရှိ စပါးအုံးမြွေကို ခါးတွင် ပတ်ကာ ပရိသတ်ကို ကပြဖျော်ဖြေနေလေသည်။ မင်းသမီး၏ လက်ထဲမှ မြွေသည် ခေါင်းမှာ လေထဲတွင် ယိမ်းနွဲ့ လှုပ်ရှားနေကာ ကိုယ်ပိုင်းက မင်းသမီး၏ လက်ကို ပတ်ခွေရန် ကြိုးစားသဖြင့် ပြန်လည်ရှောင်တိမ်းကာ ဘယ်ညာယိမ်းပြီး ကပြပုံက ကြည့်ရှုသူများကို သဲထိတ်ရင်ဖို စိတ်လှုပ်ရှားစေသည်။

စပါးအုံးမြွေသည် အစာကို ညှို့ယူပြီးမှ သူ၏ကြွက်သားဖြင့် အစာကို လိမ်ညစ်ပြီးနောက် အကောင်လိုက် မျိုချ တတ်သည့် သတ္တဝါမျိုးဖြစ်သည်။ ထို့အပြင် သူ၏အစွယ်များက ချိတ်သဏ္ဍန်အတက်ငယ် တခုပါသဖြင့် စပါးအုံး မြွေကိုက်မိပါက ဆွဲဖြုတ်လိုက်လျှင် အသားတခုလုံးပါလာသည်အထိ ခဲထားတတ်သည့် မြွေမျိုးဖြစ်သည်။

အန္တရာယ်ရှိသော မြွေနှင့် အသက် ၁၆နှစ်အရွယ်မှ စတင်ကပြလာခဲ့သည့် စိမ်းပြာရောင် မင်းသမီး၏ နာမည်မှာ မစိုးစိုးဝင်းဖြစ်သည်။ လုပ်သက် အနှစ် ၂၀ ကျော်လာသော်လည်း မြွေနှင့် ကပြတိုင်းတွင် စိုးရိမ်ထိတ်လန့် ကြောက်ရွံ့မှုများ ရှိနေဆဲဟု ဆိုသည်။ “ဘယ်လောက်ပဲ မကြောက်ဘူး ပြော၊ ပြော မြွေနဲ့ကမယ်လုပ်တိုင်း လက်ဖျား၊ ခြေဖျားတွေ အေးတယ် ” ဟု စိုးစိုးဝင်းက ပြောပြသည်။

စိုးစိုးဝင်းသည် ရန်ကုန်တိရစ္ဆာန်ရုံတွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကာ အလုပ် လုပ်ခဲ့ကြသူများ ဖြစ်သည်။ ငယ်စဉ်ကတည်းက အကဝါသနာပါသော်လည်း မြွေကြောက်တတ်သူများထဲတွင် တဦးအပါအဝင်ဖြစ်သည်ဟု သိရသည်။

အတန်းပညာလေးတန်းအထိသာ သင်ကြားခဲ့ရသဖြင့် အလုပ်အကိုင်ရှားပါးမှုနှင့် ရန်ကုန်တွင် နေရာထိုင်ခင်း လိုအပ်မှုကြောင့် ထိုအလုပ်ကို ရွေးချယ်ခဲ့ရဖြစ်သကဲ့သို့ စင်ပေါ်တက် ကပြရခြင်းကိုလည်း ဝါသနာပါသော ကြောင့် အန္တရာယ်ရှိသည့်အလုပ်ဟု ဆိုသော်လည်း အဆိုပါအလုပ်ကိုသာ ဆက်လက် လုပ်ကိုင်သွားမည်ဟု ဆိုသည်။

“ ကျမက လေးတန်းမှာ ကျောင်းထွက်ပြီး ဒီတိရစ္ဆာန်ရုံထဲမှာပဲ အလုပ်လုပ်ခဲ့တာ။ ဒီမှာက အိမ်ခန်းလည်း ပေးထားတယ်။ အလုပ်လည်း ပေးထားတယ်ဆိုတော့ စိတ် ပေါ့ပေါ့ပါးပါးနဲ့ အလုပ် လုပ်နိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။ စိုးစိုးဝင်းအပါအဝင် ရန်ကုန်တိရစ္ဆာန်ရုံဝင်းအတွင်းရှိ ကြီးကြပ်ဝန်ထမ်းများသည် ထမင်းစားရိတ် တနေ့ တထောင်အပါအဝင် လစာ ၁၈၅၀၀၀ ကျပ် ရရှိပြီး နေစရာအတွက် ဝန်ထမ်းလိုင်းခန်းပေးထားသည်။

အန္တရာယ်ရှိသည့် တိရိစ္ဆာန်ဖြစ်သည့် မြွေနှင့်ကပြရသည့်နေ့တွင် ၃ မိနစ်စာအတွက် ငွေကျပ် ၅၀၀ ကျပ်သာ ရရှိသည်။ အစိုးရအသိအမှတ်ပြုလက်မှတ်ရ မြွေဆရာက တလလျှင် နှစ်သိန်း ရရှိသည်။ ဝန်ထမ်းများ၏ ကျန်းမာရေး အတွက်ကိုမူ လူမူဖူလုံရေးထံ သွားရောက်ပြသရသည်။ တပတ်လျှင် တရက် နားခွင့်ရပြီး မြွေနှင့်ကပြရန် မရှိသည့်ရက်များတွင် စိုးစိုးဝင်းက ရန်ကုန်တိရစ္ဆာန်ရုံရှိ ငှက်များ ရှိရာ နေရာကို ကြီးကြပ်စောင့်ရှောက်ရသည်။

မြွေနှင့်ကပြရသည့်အလုပ်သည် သာမာန် အကဝါသနာပါရုံဖြင့် အလုပ်လုပ်၍မရပါ။ လွန်စွာ အန္တရာယ်ကြီး သည့်အတွက် များစွာ သတိထားရသလို အာရုံထွေပြား၍ မရပါ။ အဓိကအချက်အနေဖြင့် အရှောင်အတိမ်း တတ်ရန်ဖြစ်ပြီး မြွေအကြောင်း နားလည်မထားပါက အချိန်မရွေး မြွေပေါက်ခံရနိုင်သည်ဟု သူ၏ အတွေ့အကြုံပေါ် အခြေခံကာ ရှင်းပြသည်။

ရန်ကုန်တိရစ္ဆာန်ရုံကို ၁၉၆၁ ခုနစ်တွင် စတင်ထားရှိခဲ့ပြီး…

တိရစ္ဆာန်ရုံဖွင့်ပြီး ၂ နှစ်အကြာတွင် မြွေကပွဲကို စတင် ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် ရန်ကုန်တိရစ္ဆာန်ရုံအတွင်း၌ မြွေဖြင့်ကပြသူ အမျိုးသမီး ၂ ဦးသာရှိသည်။ ယခင်က အမျိုးသမီး ၃ဦးနှင့် အမျိုးသားတဦးရှိပြီး ၎င်းတု့ိသည် တပတ်လျှင် စနေ၊ တနင်္ဂနွေ ၂ ရက်သာကပြရသည်။ တရက်ကို ကပြချိန် ၃ မိနစ်ဟုဆိုသော်လည်း အန္တရာယ်အရှိဆုံး မြွေ ၂ကောင်ဖြင့် ကပြရသည်။ မြွေနှင့် လူတွဲပြီး ကပြရသည့်အလုပ်ကို ယခင်က တောင်ရိုးပြန် ဆရာချစ်၊ အာဇာနည် စန်းစန်း၊ ဒေါ်စန်းနန်း ကြည်၊ ဒေါ်ခင်စန်းဌေးတို့က လက်ဆင့်ကမ်း အမွေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြွေကသူအမျိုးသမီးများကို အစိုးရအသိအမှတ်ပြု မြွေပညာရှင် ဆရာ ဦးတင်စိန်က သင်ပြပေးခြင်းဖြစ်သည်။ စပါးအုံးမြွေဖြင့် ကပြီးနောက် တောကြီးမြွေဟောက်နှင့် ကပြရန် သေတ္တာအတွင်းမှ ၃ ပေကျော်ခန့်ရှိသော မြွေ ဟောက်ကို ဆွဲထုတ်လိုက်သည်။ စိုးစိုးဝင်းက တပေအကွာတွင် ချထားသော မြွေဟောက်အမြီးကို ပုတ်၊ ပုတ်ပြီး မြွေကို စ`ပေးနေသည်။

မြေဟောက်က ဒေါသဖြစ်လာသည့်အခါ ပါးပျဉ်းထောင်လာပြီး စိုးစိုးဝင်းအား ပေါက်ရန် ရန်မူပါသည်။ စိုးစိုးဝင်း ကလည်း မြွေဟောက် စိတ်တိုပြီး တိုက်ခိုက်ရန် ပြင်ဆင်ချိန် အလစ်တွင် နမ်းရန် ကြိုးစားနေသည်။ မြွေဟောက် က စိတ်တိုပြီး ပေါက်ရန် ပါးပျဉ်းထောင်လိုက် စိုးစိုးဝင်းက ရှောင်လိုက်ဖြင့် မြွေနှင့်မင်းသမီးတို့ တဖက်နှင့်တဖက် အပြန်အလှန်လှုပ်ရှားမှုကို ကြည့်ရူသူ ပရိသတ် ၃ ရာကျော်၏အသံမှာ တိတ်ဆိတ်ကာ ငြိမ်သက်နေသည်။

မြွေဒေါသဖြစ်နေချိန် အလစ်တွင် နမ်းရသည့်အတွက် အခန့်မသင့်ပါက မြွေပေါက်ခံရနိုင်ကြောင်း၊ ယခင်က အမျိုးသားတဦးသည် ကနေရင်း စပါးအုံမြွေအကိုက်ခံရသည့်အတွက် အရှက်ကွဲခဲ့ဖူးကြောင်း၊ စိုးစိုးဝင်း လည်း မြွေသွားဖြင့် ၂ ကြိမ်ခန့်အခြစ်ခံရဖူးသည်ဟု သိရသည်။

“ မြွေဟောက်က အရိုင်းသက်သက် ကန်ထဲက အကောင်တွေကို ဖမ်းပြီး ကပြရတဲ့အတွက် အန္တရာယ် အရမ်းများတယ်။ အသိနဲ့ သတိကတော့ အမြဲထားရတယ်” ဟု စိုးစိုးဝင်းက ၎င်း၏အန္တရာယ်အကြောင်းကို ပြောပြသည်။ တိရစ္ဆာန်ရုံတွင် ကပြနေသော မြွေများသည် အဆိပ်ထုတ်ထားသည့် မြွေများမဟုတ်ပဲ ကန်အတွင်း ပြသထား သည့် အဆိပ်ရှိ သတ္တဝါများဖြစ်သည်။ မြွေများသည် အဆိပ်မကြာခဏထုတ်ပါက သေဆုံးလွယ်သည့် သဘော ရှိသည်။

မြွေဆိပ်ကလည်း လူ၏တံတွေးကဲ့သို့ ထုတ်လိုက်တိုင်း ပြန်ထွက်သည့်သဘောရှိသည်။ ထို့အပြင် မြွေများသည် မျက်ခွံ၊ နားမပါသောကြောင့် လူ၏လှုပ်ရှားမှု အရိပ်နောက်ကို လိုက်သည့်အတွက် လူက ရှောင်တိမ်းတတ်ရန် လိုပါသည်။

မြွေများသည် တကောင်နှင့် တကောင် ဉာဉ်မတူကြပါ။ မြွေများက ဘယ်ဘက်ကို ပေါက်အားသန်သည့် မြွေရှိ သလို ညာဘက်ကို ပေါက်အားသန်သည့် မြွေလည်း ရှိသည်။ ထို့ကြောင့် ညာသန်သည့်မြွေဖြင့် ကမည်ဆိုပါ လျှင် ကပြမည့်သူသည် ဘယ်ဘက်ကို တိမ်းရှောင်ပေးရမည်ဖြစ်သည်။

“ မြွေကို စကိုင်ကြည့်တဲ့ အချိန်က ပျော့စိစိ အေးစက်စက်ကြီးဆိုတော့ တော်တော်လေးကို အသည်းယား ဖို့ကောင်းတာ ” ဟု စိုးစိုးဝင်းက သူ၏ပထမဆုံး အတွေ့အကြုံကို ပြန်ပြောင်းပြောသည်။ “မြွေစကိုင်ကိုင်ချင်းတုန်းက ကြောက်တယ်။ အခုမကြောက်တော့ဘူး။ အယဉ်ကောင်နဲ့ စသင်ပေးတာ ” ဟု စိုးစိုးဝင်းကဲ့သို့ မြွေဖြင့် ကပြဖျော်ဖြေသည့် သစ်သစ်လွင်ကလည်း ဆိုသည်။

ရန်ကုန်တိရစ္ဆာန်ရုံတွင် မြွေကောင်ရေ တရာကျော်ရှိပြီး မြွေအမျိုးအစားအမျိုးမျိုးရှိသော်လည်း ကပြသည့်အခါ ငန်းတော်ကျား၊ တောကြီးမြွေဟောက်နှင့် စပါးအုံးတို့ဖြင့်သာ ကပြလေ့ရှိသည်။ မြွေဖြင့်ကပြသူများသည် အသက်အန္တရာယ်ဖြင့် နီးသည့်အလုပ်ဖြစ်သောကြောင့် မြွေဆေးထိုးထားကြသည်။ ပုံမှန်အားဖြင့် မိန်းကလေးများက ၆ လတကြိမ်ထိုးရမည်ဖြစ်သော်လည်း စိုးစိုးဝင်းက အနှစ် ၂၀ အတွင်း ၂ကြိမ်သာ ထိုးထားသည်။

မြွေဆေးမထိုး ကန်တော့ပွဲအရင်တင်ရပြီးမှ မြွေဆိပ်ထုတ်ပါသည်။

မြွေတကောင်လျှင် မြွေဆိပ်က သုံးစက်ခန့် ထွက်သည်။ ထိုမြွေဆိပ်ကို လပြည့်နေ့တွင် သိဒ္ဒိတင်ပြီး မှင်ရေဖြင့်ရောကာ ထိုးရသော်လည်း ယခုအခါတွင် မှင်ရည် မရောပဲ အဖြူထည်သက်သက်သာထိုးသည်။မြွေဆိပ်ထိုးရာတွင် စုတ်ကိုရေနွေးဖြင့်ပြုတ်ပြီးမှ လက်ဆစ်၊ လက်ဖမိုး၊ရင်ဘတ်စသည့်နေရာများတွင် ထိုးရပြီး မြွေဆိပ်ဖြစ်တာကြောင့် ဆေးပြင်းသည့်အတွက် အပြင်းဖျားခြင်း၊ ဝမ်းပျက်ဝမ်းလျောခြင်း၊ ချိုင်းနေရာတွင် အလုံးအကျိတ် ထွက်ခြင်းကြောင့် မြွေဆိပ်ထိုးခြင်းကို မကြာခဏ မပြုလုပ်ကြခြင်း ဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် မြေဆိပ်ထိုးသည့်နေ့တွင် လွန်စွာနာကျင်သောကြောင့် ပါရာစီတမောဆေးပေးပြီး နားခွင့်ရက်လည်း ပေးသည်။ “ အဆိပ်မျိုးစုံကို စုတ်နဲ့ အရိုးပေါ်ထိုးတာဆိုတော့ ဒုတ်ခနဲ၊ ဒုတ်ခနဲ ပေါက်မိတာ အရမ်းနာတယ်။ အဲဒါကြောင့် အခုနောက်ပိုင်း မထိုးတော့တာ ” ဟု သစ်သစ်လွင်က စုတ်ထိုးရာများကို ပြသသည်။

မြွေဆိပ်ထိုးထားခြင်းဖြင့်လည်း မြွေကိုက်ခံရပါက ချက်ခြင်းမသေနိုင်ပါ။ ကိုယ်တိုင်ဖော်စပ်ထားသည့် မြန်မာ တိုင်းရင်းဆေး မြွေဆိပ်ဖြေဆေးများလည်း အမြဲဆောင်ထားသကဲ့သို့ BPIက ထုတ်သည့် မြွေဆိပ်ဖြေဆေးများ လည်း ထားရှိသည်။ အသက်အန္တရာယ်မှတပါး တခြားကိစ္စရပ်များကို ဆေးရုံသို့ မသွားပဲ မန်းမှုတ်ခြင်း ဖြင့်သာ ကုသသည်ဟု သိရသည်။

“ ဒီမှာအလုပ်လုပ်လာတဲ့တလျှောက်မှာ မြွေကိုက်ခံရတာ အကြိမ် ၂၀ကျော်တယ်။ သေလုနီးပါးဖြစ်တာက ၃ကြိမ်။ ကိုယ့်ကိုယ်ကိုယ်တော့ ယုံတယ်။ မြွေကိုက်လို့တော့ မသေပါဘူး ” ဟု စိုးစိုးဝင်းတို့၏ဆရာ မြွေပညာရှင်၊ တိရစ္ဆာန်ထိန်းသိမ်းဆေးကုဌာနစိတ် တာဝန်ခံ ဦးစိန်တင်က ပြောသည်။

မြွေနှင့် ကမည်ဆိုပါက အဓိကက ရဲရဲဝံ့ဝံ့ရှိရန်နှင့် ဆုံးဖြတ်ချက်တိုင်းက လျင်မြန်ဖျတ်လတ်ရန် လိုပြီး မြွေကိုင် သည့် အချိန်တွင် ကိုယ့်ကိုယ်ကိုယ်နှင့် မြွေကလွဲ၍ ကျန်သည့်အရေးကိစ္စများအား စိတ်မဝင်စားရပါ။ မြွေနှင့်ကသည့် အခါတွင်လည်း ကြည့်ရူသူ မျက်စိပဿဒ ဖြစ်အောင် ခေါင်း၊ ခါး၊ ခြေ၊ လက်အချိုးကျအောင် ကတတ်ရမည်ဟု ၎င်းက ရှင်းပြသည်။

မြွေနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို သီးသန့်သတ်မှတ်ထားခြင်းမရှိသော်လည်း မြွေကို မသတ်ရန်၊ မြွေသားမစားရန်နှင့် မြွေကို စော်ကားမှုမျိုးမပြုလုပ်ရန် အဓိကစောင့်ထိန်းခိုင်းသည်။ မြွေက ဘုရားအလုပ်နှင့် နီးစပ်သည့်အတွက် ငါးပါးသီလမြဲရန်လည်း လိုအပ်ပါသည်။

ထို့အပြင် မြွေသမား မှန်ပါလျှင် အမေရေယာဉ်နတ်ကို ဦးခိုက်ရသည်။ မြွေနှင့်ကပြခါနီးတွင် အမေရေယာဉ်အား လက်ဖက်ငါးပုံပေါ်တွင် ကြက်သွန်ဖြူကြော် တခုစီထိုးစိုက်ပြီး အမွှေးတိုင်၊ ဖယောင်းတိုင်များ ထွန်းကာ ဦးခိုက်ပြီး နောက် အမေအား ကပ်လှူထားသည့် သောက်တော်ရေအား ခေါင်းကို ပွတ်သပ်ပြီး အန္တရာယ်ကင်းစေရေး အတွက် ဆုတောင်းမှုပြုပြီးမှ မြွေနှင့်ကပြလေ့ရှိသည်။

အန္တရာယ်ရှိသည့် မြွေများကို လူတိုင်းက ကြောက်ကြသည်။ အထူးသဖြင့် အမျိုးသမီးများက ပို၍ကြောက်တတ် ကြသည်။ သို့သော်လည်း မြွေနှင့်ကပြသူများသည် အလုပ်အပေါ်တွင် တာဝန်ကျေချင်သည့်အတွက် ကြောက်စိတ် ကို ဘေးဖယ်ထားသည်ဟု မြွေမင်းသမီး စိုးစိုးဝင်းက ပြောပြပါသည်။

လဲ့လဲ့- ဧရာဝတီကို လေးစားစွာ ခရက်ဒစ်ပေးပါသည်။ရှေးခေတ် မြွေ ဆရာ/ ဆရာမ ပုံများကိုဖြည့်စွက်ဖော်ပြထားပါသည်။

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …

Knowledge
တန်ဖိုးချင်းတော့ မတူနိုင်ပါ

တန်ဖိုးချင်းတော့ မတူနိုင်ပါ တစ်ခါတုန်းက သစ်ပင်တွေဟာ စကားပြောတတ်တယ် ဆိုပဲ။ စကား ပြောတတ်တဲ့ သစ်ပင်တွေကို ပန်းပုဆရာ တစ်ယောက်က ပန်းပုထုဖို့ ယူလာ ခဲ့တယ် ။ ခုတ်ထားတဲ့ သစ်သား တုံးတွေကို ပန်းပု ထုတော့ သစ်သားတုံး တစ်တုံးက အထုခံရ ၊ အခုတ်ခံရ ၊ အထွင်းခံရ ၊ အရိုက်ခံရ ၊ အနှက် ခံရတော့ “နာတယ်” ဆိုပြီး အော်တယ် ။ ဒါကြောင့် ပန်းပုဆရာဟာ အဲ့ သစ်သားတုံးကို အသေးစိတ် မွန်းမံ မနေတော့ဘဲ တုံးမောင်းအဖြစ် နဲ့ပဲ ထားခဲ့ လိုက်တော့တယ် ။ နောက် သစ်သားတုံး …