ဂူအတြင္းသုံးႏွစ္ေက်ာ္ၾကာ တရားအားထုတ္ခဲ့သည့္မိုင္းဖုန္းဆရာေတာ္ - YATHAZONE

ဂူအတြင္းသုံးႏွစ္ေက်ာ္ၾကာ တရားအားထုတ္ခဲ့သည့္မိုင္းဖုန္းဆရာေတာ္

News

ဂူအတြင္းသုံးႏွစ္ေက်ာ္ၾကာ တရားအားထုတ္ခဲ့သည့္မိုင္းဖုန္းဆရာေတာ္

မိုင္းဖုန္းဆရာေတာ္ ဘဒၵႏၲ ဉာဏသံဝရ သည္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕နယ္အတြင္းရွိ မိုင္းၾကတ္ဂူတြင္ သုံးႏွစ္၊ သုံးလ၊ သုံးရက္ အဓိဌာန္ဂူေအာင္း တရားက်င့္ႀကံျခင္း ေအာင္ျမင္၍ ယေန႔ ဩဂုတ္လ ၁ ရက္ေန႔တြင္ ဂူအတြင္းမွ ျပန္လည္ထြက္ရွိလာခဲ့သည္။

ဆရာေတာ္ႀကီးအား ရဟန္းရွင္လူ တေသာင္းေက်ာ္က ႀကိဳတင္၍ ေစာင့္ဆိုင္းခဲ့ၾကၿပီး ဆရာေတာ္ႀကီးမွ မိုင္းၾကတ္ဂူတြင္ ၅ ရက္တာ ဖူးေမွ်ာ္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္သည္ ၂၀၁၉ ခုႏွစ္ ဧၿပီလမွ စတင္ကာ မိုင္းၾကတ္လႈိဏ္ဂူထဲတြင္ သုံးႏွစ္၊ သုံးလ၊ သုံးရက္ အဓိဌာန္ဂူေအာင္းတရားက်င့္ႀကံခဲ့ျခင္းျဖစ္သည္။ မိုင္းၾကတ္ဂူအတြင္း သုံးႏွစ္သုံးလသုံးရက္ တရားက်င့္ႀကံခဲ့သည့္ မိုင္းဖုန္းဆရာေတာ္ ဂူအတြင္းမွ ျပန္လည္ႂကြခ်ီလာၿပီး အပူေဇာ္ခံမည္ျဖစ္ေၾကာင္း သိရသည္။

ေက်းဇူးေတာ္ရွင္ အရညဝါသီ ဘႏၵႏၲဉာဏသံဝရ ၊ အဂၢမဟာ ကမၼ႒ာနာစရိယ မိုင္းဖုန္းဆရာေတာ္ႀကီးသည္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕နယ္တြင္းရွိ မိုင္းက်တ္ဂူတြင္ သုံးႏွစ္၊ သုံးလ သုံးရက္ အဓိဌာန္ ဂူေအာင္း တရားက်င့္ႀကံၿပီး ေအာင္ျမင္၍ ဂူတြင္းမွ ထြက္လာမည့္ ဆရာေတာ္ႀကီးကို ရဟန္းရွင္လူ ပရိသတ္လူဦးေရ ေသာင္းေက်ာ္တို႔က ႀကိဳတင္ေစာင့္ဆိုင္းေနေၾကာင္း သိရသည္။

ထိုသို႔ မိုင္းဖုန္းဆရာေတာ္ႀကီးကို ဖူးေမွ်ာ္ႏိုင္ရန္အတြက္ ဇူလိုင္လဆန္းမွစတင္၍ ျမန္မာႏိုင္ငံ အနယ္နယ္ အရပ္ရပ္မွ ဘုရားဖူးမ်ားႏွင့္ ထိုင္းႏိုင္ငံတြင္းရွိ ဘုရားဖူးအမ်ားအျပား လူဦးေရ ေသာင္းေက်ာ္ လာေရာက္ကာ ႀကိဳတင္ေစာင့္ဆိုင္းေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒသတြင္းမီဒီယာမ်ားႏွင့္ ထိုင္းလူမႈကြန္ရက္မ်ား ေဖာ္ျပခ်က္အရ လူဦးေရ တစ္သိန္းေက်ာ္အထိ လာေရာက္မည္ဟု ခန႔္မွန္းထားေၾကာင္း ဆိုၾကသည္။

မိုင္းၾကတ္ဂူ ပတ္ဝန္းက်င္ တစ္ဝိုက္ကိုလည္း သြားလမ္းလာလမ္း အဆင္ေျပေခ်ာေမြ႕ေစရန္ လမ္းခင္းျခင္း၊ ရွင္းလင္းျခင္းမ်ားကို လြန္ခဲ့ေသာ လမ်ားစြာမွပင္ ႀကိဳတင္ေဆာင္႐ြက္ထားရေၾကာင္း သိရသည္။

အဆိုပါ မိုင္းၾကတ္ဂူသည္ ဒုတိယႀကိမ္ေျမာက္ သုံးႏွစ္ သုံးလ သုံးရက္ အဓိဌာန္ဝင္ေသာ ဂူေနရာျဖစ္ၿပီး၊ ဆရာေတာ္သည္ သက္ေတာ္ (၁၁) ႏွစ္အ႐ြယ္မွစတင္၍ ရွင္သာမေဏျပဳခဲ့ေၾကာင္း၊ ဆရာေတာ္သည္ ရွင္သာမေဏဘဝမွာပင္ ဝါတြင္း သုံးလေရာက္တိုင္း သစ္သီးဆြမ္း ဘုဥ္းေပးခဲ့ေၾကာင္း၊ အၿမဲတမ္း ဂူေအာင္းတရားက်င့္ႀကံပါေၾကာင္း၊

တစ္လတစ္ႀကိမ္ မိုင္းဖုန္းဆရာေတာ္ထံ ဝင္ထြက္ေနေသာ လြယ္တိန္းခမ္းဘုရားေက်ာင္း၊ မူဆယ္ၿမိဳ႕မွ ေတာင္တန္းသာသနာျပဳ ဆရာေတာ္ ဦးသုခမိႏၲ (စဝ္စုခမ္း၊ တန႔္ယန္း) ဆရာေတာ္၏ အင္တာဗ်ဴးေျဖၾကားခ်က္အရ သိရသည္။ မိုင္းက်တ္ဂူသည္ မိုင္းဆတ္ၿမိဳ႕နယ္ႏွင့္ မိုင္းပ်ဥ္းၿမိဳ႕ နယ္နိမိတ္နယ္စပ္ေခ်ာင္းျဖစ္ေသာ ေခ်ာင္းအနီးတြင္ တည္ရွိျခင္းျဖစ္သည္။

ဆရာေတာ္ ဂူထြက္မည္ကို လာေရာက္ဖူးေမွ်ာ္ၾကေသာ ပရိသတ္အေပါင္းတို႔ ေနထိုင္စားေသာက္ႏိုင္ရန္ အနယ္နယ္အရပ္ရပ္မွ ေစတနာရွင္မ်ား၏ စတုဒီသာထမင္းေကြၽး ဧည့္႐ုံေပါင္း ၅၀ ေက်ာ္ရွိၿပီး အခမဲ့စနစ္ျဖင့္ မနက္စာ၊ ေန႔လည္စာ၊ ညစာႏွင့္ အဆာေျပစာတို႔ကိုလည္း အခမဲ့စိတ္ႀကိဳက္စားစနစ္ျဖင့္ ေကြၽးေမြးျခင္း ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ အခမဲ့ေဆးကုသခန္းမ်ားကိုလည္း ျပင္ဆင္ထားၿပီး လိုအပ္ေသာ က်န္းမာေရးဝန္ေဆာင္မႈမ်ားလည္း ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။

Source: The Irrawaddy – Burmese, Eleven Media Group, ဓာတ္ပုံ – Sai Win Tip

Unicode

ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော်

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကြတ်ဂူတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်း တရားကျင့်ကြံခြင်း အောင်မြင်၍ ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ဂူအတွင်းမှ ပြန်လည်ထွက်ရှိလာခဲ့သည်။

ဆရာတော်ကြီးအား ရဟန်းရှင်လူ တသောင်းကျော်က ကြိုတင်၍ စောင့်ဆိုင်းခဲ့ကြပြီး ဆရာတော်ကြီးမှ မိုင်းကြတ်ဂူတွင် ၅ ရက်တာ ဖူးမျှော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ဆရာတော်သည် ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ကာ မိုင်းကြတ်လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်းတရားကျင့်ကြံခဲ့ခြင်းဖြစ်သည်။ မိုင်းကြတ်ဂူအတွင်း သုံးနှစ်သုံးလသုံးရက် တရားကျင့်ကြံခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ပြန်လည်ကြွချီလာပြီး အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

ကျေးဇူးတော်ရှင် အရညဝါသီ ဘန္ဒန္တဉာဏသံဝရ ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော်ကြီးသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင်းရှိ မိုင်းကျတ်ဂူတွင် သုံးနှစ်၊ သုံးလ သုံးရက် အဓိဌာန် ဂူအောင်း တရားကျင့်ကြံပြီး အောင်မြင်၍ ဂူတွင်းမှ ထွက်လာမည့် ဆရာတော်ကြီးကို ရဟန်းရှင်လူ ပရိသတ်လူဦးရေ သောင်းကျော်တို့က ကြိုတင်စောင့်ဆိုင်းနေကြောင်း သိရသည်။

ထိုသို့ မိုင်းဖုန်းဆရာတော်ကြီးကို ဖူးမျှော်နိုင်ရန်အတွက် ဇူလိုင်လဆန်းမှစတင်၍ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများနှင့် ထိုင်းနိုင်ငံတွင်းရှိ ဘုရားဖူးအများအပြား လူဦးရေ သောင်းကျော် လာရောက်ကာ ကြိုတင်စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း သိရသည်။

ဒေသတွင်းမီဒီယာများနှင့် ထိုင်းလူမှုကွန်ရက်များ ဖော်ပြချက်အရ လူဦးရေ တစ်သိန်းကျော်အထိ လာရောက်မည်ဟု ခန့်မှန်းထားကြောင်း ဆိုကြသည်။

မိုင်းကြတ်ဂူ ပတ်ဝန်းကျင် တစ်ဝိုက်ကိုလည်း သွားလမ်းလာလမ်း အဆင်ပြေချောမွေ့စေရန် လမ်းခင်းခြင်း၊ ရှင်းလင်းခြင်းများကို လွန်ခဲ့သော လများစွာမှပင် ကြိုတင်ဆောင်ရွက်ထားရကြောင်း သိရသည်။

အဆိုပါ မိုင်းကြတ်ဂူသည် ဒုတိယကြိမ်မြောက် သုံးနှစ် သုံးလ သုံးရက် အဓိဌာန်ဝင်သော ဂူနေရာဖြစ်ပြီး၊ ဆရာတော်သည် သက်တော် (၁၁) နှစ်အရွယ်မှစတင်၍ ရှင်သာမဏေပြုခဲ့ကြောင်း၊ ဆရာတော်သည် ရှင်သာမဏေဘဝမှာပင် ဝါတွင်း သုံးလရောက်တိုင်း သစ်သီးဆွမ်း ဘုဉ်းပေးခဲ့ကြောင်း၊ အမြဲတမ်း ဂူအောင်းတရားကျင့်ကြံပါကြောင်း၊

တစ်လတစ်ကြိမ် မိုင်းဖုန်းဆရာတော်ထံ ဝင်ထွက်နေသော လွယ်တိန်းခမ်းဘုရားကျောင်း၊ မူဆယ်မြို့မှ တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္တ (စဝ်စုခမ်း၊ တန့်ယန်း) ဆရာတော်၏ အင်တာဗျူးဖြေကြားချက်အရ သိရသည်။ မိုင်းကျတ်ဂူသည် မိုင်းဆတ်မြို့နယ်နှင့် မိုင်းပျဉ်းမြို့ နယ်နိမိတ်နယ်စပ်ချောင်းဖြစ်သော ချောင်းအနီးတွင် တည်ရှိခြင်းဖြစ်သည်။

ဆရာတော် ဂူထွက်မည်ကို လာရောက်ဖူးမျှော်ကြသော ပရိသတ်အပေါင်းတို့ နေထိုင်စားသောက်နိုင်ရန် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များ၏ စတုဒီသာထမင်းကျွေး ဧည့်ရုံပေါင်း ၅၀ ကျော်ရှိပြီး အခမဲ့စနစ်ဖြင့် မနက်စာ၊ နေ့လည်စာ၊ ညစာနှင့် အဆာပြေစာတို့ကိုလည်း အခမဲ့စိတ်ကြိုက်စားစနစ်ဖြင့် ကျွေးမွေးခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အခမဲ့ဆေးကုသခန်းများကိုလည်း ပြင်ဆင်ထားပြီး လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများလည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Source: The Irrawaddy – Burmese, Eleven Media Group, ဓာတ်ပုံ – Sai Win Tip

No Comments

Leave a Reply

Your email address will not be published.

News
န်ဴကလီးယား ေဘးဒုကၡဆိုးနဲ႔ အခ်ိန္မေ႐ြး ႀကဳံရမယ့္အႏၲရာယ္ အႀကီးအက်ယ္ ရွိေနတယ္လို႔ ကုလအႀကီးအကဲ သတိေပး

န်ဴကလီးယား ေဘးဒုကၡဆိုးနဲ႔ အခ်ိန္မေ႐ြး ႀကဳံရမယ့္အႏၲရာယ္ အႀကီးအက်ယ္ ရွိေနတယ္လို႔ ကုလအႀကီးအကဲ သတိေပး ကမာၻႀကီးမွာ စစ္ေအးတိုက္ပြဲ ျဖစ္ေနတာေၾကာင့္ န်ဴကလီးယား ေဘးဒုကၡဆိုးနဲ႔ အခ်ိန္မေ႐ြး ႀကဳံရမယ့္ အႏၲရာယ္ အႀကီးအက်ယ္ ရွိေနတယ္လို႔ ကုလသမဂၢ အႀကီးအကဲက သတိေပး လိုက္ပါတယ္။ န်ဴကလီးယားလက္နက္ ဖ်က္သိမ္းေရး စာခ်ဳပ္ေတြ ခ်ဳပ္ဆိုဖို႔ ပိုမိုခိုင္မာတဲ့ အစီအစဥ္ေတြ ခ်မွတ္ လုပ္ေဆာင္ၾကဖို႔ ကမာၻ႔ ႏိုင္ငံေခါင္းေဆာင္ အသီးသီးကို အန္တိုရီယို ဂူးတားရက္ရွ္က နယူးေယာက္ၿမိဳ႕မွာ က်င္းပေနတဲ့ န်ဴကလီးယားလက္နက္ မျပန႔္ပြားေရး သေဘာတူစာခ်ဳပ္ အဖြဲ႕ဝင္မ်ား ညီလာခံကတဆင့္ ၾသဂုတ္လ ၁ရက္၊ မေန႔က တိုက္တြန္း ေျပာဆိုလိုက္တာပါ။ န်ဴကလီးယားလက္နက္ မျပန႔္ပြားေရး သေဘာတူစာခ်ဳပ္ …

News
အေမရိက၏ ဒ႐ုန္းျဖင့္တိုက္ခိုက္မႈတြင္ အယ္လ္ကိုင္းဒါးေခါင္းေဆာင္ ဇဝါဟီရီ ေသဆုံး

အေမရိက၏ ဒ႐ုန္းျဖင့္တိုက္ခိုက္မႈတြင္ အယ္လ္ကိုင္းဒါးေခါင္းေဆာင္ ဇဝါဟီရီ ေသဆုံး အယ္လ္ကိုင္းဒါး ေခါင္းေဆာင္ အိုင္မန္ အယ္-ဇာဝါဟီရီသည္ အေမရိကန္၏ ဒ႐ုန္းျဖင့္ တိုက္ခိုက္မႈတစ္ခုတြင္ ေသဆုံးသြားၿပီ ျဖစ္တဲ့အေၾကာင္း သမၼတဂ်ိဳးဘိုင္ဒန္က တနလၤာေန႔တြင္ အိမ္ျဖဴေတာ္မွေန၍ မိန႔္ခြန္းေျပာၾကားလိုက္သည္။ ” ဆယ္စုႏွစ္ေတြနဲ႔ ခ်ီၿပီး သူဟာ အေမရိကန္ေတြကို တိုက္ခိုက္မႈေတြမွာ ေနာက္ကြယ္ကေန ႀကိဳးကိုင္ခဲ့တဲ့သူ ျဖစ္တယ္” ဟု ဘိုင္ဒန္က ဩဂုတ္ ၁ ရက္ေန႔က ေျပာကာ ၂၀၀၀ ျပည့္ႏွစ္က ယူအက္စ္အက္စ္ကိုးလ္ တိုက္ခံရမႈႏွင့္ ကင္ညာနဲ႔ တန္ဇနီးယားရွိ ယူအက္စ္သံ႐ုံးမ်ား ၁၉၉၈ ခုႏွစ္က ဗုံးျဖင့္ တိုက္ခိုက္ခံရမႈမ်ားကို ၫႊန္းဆိုသြားခဲ့သည္။ ဇဝါဟီရီသည္ အာဖဂန္ႏိုင္ငံ ကဘူးလ္ၿမိဳ႕လယ္က ေနအိမ္တစ္ခုမွာ တိုက္ခိုက္ခံရျခင္း …

News
YBSယာဥ္လိုင္းတခ်ိဳ႕၏ ေျပာင္းလဲေကာက္ခံသြားမည့္ ယာဥ္စီးခႏႈန္းထားမ်ား

YBSယာဥ္လိုင္းတခ်ိဳ႕၏ ေျပာင္းလဲေကာက္ခံသြားမည့္ ယာဥ္စီးခႏႈန္းထားမ်ား “YBS – 2” ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ ⇄ ၄၆လမ္းဆုံ >၂၀၀က်ပ္, ၄၆လမ္းဆုံ ⇄ ေအာင္မဂၤလာအေဝးေျပး >၂၀၀က်ပ္, ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ ⇄ ေအာင္မဂၤလာအေဝးေျပး >၄၀၀က်ပ္ “YBS – 3” ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ ⇄ စံျပေဈး >၂၀၀က်ပ္, စံျပေဈး ⇄ ဆူးေလ >၂၀၀က်ပ္, ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ ⇄ ဆူးေလ >၄၀၀က်ပ္ “YBS – 4” ရတနာႏွင္းဆီအိမ္ရာ ⇄ သာေကတအဝိုင္း >၂၀၀က်ပ္, သာေကတအဝိုင္း ⇄ ဆူးေလ >၂၀၀က်ပ္, ရတနာႏွင္းဆီအိမ္ရာ ⇄ ဆူးေလ >၄၀၀က်ပ္ “YBS – …