အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး - YATHAZONE


News




ဇဝါဟီရီသည် အာဖဂန်နိုင်ငံ ကဘူးလ်မြို့လယ်က နေအိမ်တစ်ခုမှာ တိုက်ခိုက်ခံရခြင်း ဖြစ်ကာ တစ်ခြားသော ပုန်းအောင်းရာနေအိမ်တွင် ရှိနေခဲ့သော သူ၏မိသားစု အပါအဝင် တစ်ခြားမည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်ခြင်းမရှိဟု ဘိုင်ဒန်ကပြောသည်။




credit source: Mizzima

Unicode

အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး

အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုင်မန် အယ်-ဇာဝါဟီရီသည် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့တွင် အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားလိုက်သည်။

” ဆယ်စုနှစ်တွေနဲ့ ချီပြီး သူဟာ အမေရိကန်တွေကို တိုက်ခိုက်မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူ ဖြစ်တယ်” ဟု ဘိုင်ဒန်က ဩဂုတ် ၁ ရက်နေ့က ပြောကာ ၂၀၀၀ ပြည့်နှစ်က ယူအက်စ်အက်စ်ကိုးလ် တိုက်ခံရမှုနှင့် ကင်ညာနဲ့ တန်ဇနီးယားရှိ ယူအက်စ်သံရုံးများ ၁၉၉၈ ခုနှစ်က ဗုံးဖြင့် တိုက်ခိုက်ခံရမှုများကို ညွှန်းဆိုသွားခဲ့သည်။

ဇဝါဟီရီသည် အာဖဂန်နိုင်ငံ ကဘူးလ်မြို့လယ်က နေအိမ်တစ်ခုမှာ တိုက်ခိုက်ခံရခြင်း ဖြစ်ကာ တစ်ခြားသော ပုန်းအောင်းရာနေအိမ်တွင် ရှိနေခဲ့သော သူ၏မိသားစု အပါအဝင် တစ်ခြားမည်သူတစ်ဥိီးတစ်ယောက်ကိုမှ ထိခိုက်ခြင်းမရှိဟု ဘိုင်ဒန်ကပြောသည်။

၂၀၁၁က အမေရိကန်တပ်များ၏ သတ်ဖြတ်မှုခံခဲ့ရသော အယ်လ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်နောက်ပိုင်း အယ် ဇဝါဟီရီ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး သမ္မတဘိုင်ဒန်က အသေးစိတ် ပြောကြားရာတွင် ဇဝါဟီရီက မကြာသေးခင်က သူ့နောက်လိုက်များကို အမေရိကန်နှင့် မဟာမိတ်များကို တိုက်ခိုက်ရန် ဗီဒီယိုတစ်ခုတွင် ပြောမှုလည်း ပါဝင်သည်။

” တကယ်လို့ ကျနော်တို့ပြည်သူတွေကို ခြိမ်းခြောက်ရင် ဘယ်နေရာမှာပဲ ပုန်းအောင်းနေပါစေ၊ ဘယ်လောက်ပဲ ကြာပါစေ ယူနိုက်တက်စတိတ်အနေနဲ့ ခင်ဗျားကိုရှာပြီး ရှင်းပစ်မယ်ဆိုတာ ဒီညမှာ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိစေလိုက်ပါတယ်” ဟု ဘိုင်ဒန်က ပြောသည်။

မကြာသေးခင်ကမှ အသက် ၇၁ နှစ်ပြည့်သော ဇဝါဟီရီသည် အိုစမာဘင်လာဒင်အသတ်ခံရပြီး ၁၁ နှစ်အကြာမှာ အယ်လ်ကိုင်ဒါးအဖွဲ့ရဲ့ခေါင်းဆောင်အဖြစ်နဲ့ ဆက်ရှိနေခဲ့သည်။ တစ်ခါကတော့ သူသည် ဘင်လာဒါ၏ သမားတော် ဖြစ်ခဲ့ဖူးသည်။

သူ့ကို ဟဲလ်ဖိုင်းယားမစ်ဇိုင်းနှစ်ခုဖြင့် အသေအချာ ချိန်ရွယ်ကာ တိတိကျကျ ပစ်တဲ့တိုက်ခိုက်မှုမှာ သေသွားတာဖြစ်ကြောင်း အမေရိကန်အရာရှိများက ပြောသည်။
credit source: Mizzima

No Comments

Leave a Reply

Your email address will not be published.

News
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး

နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး ကမ္ဘာကြီးမှာ စစ်အေးတိုက်ပွဲ ဖြစ်နေတာကြောင့် နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့် အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး လိုက်ပါတယ်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွေ ချုပ်ဆိုဖို့ ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ကြဖို့ ကမ္ဘာ့ နိုင်ငံခေါင်းဆောင် အသီးသီးကို အန်တိုရီယို ဂူးတားရက်ရှ်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် အဖွဲ့ဝင်များ ညီလာခံကတဆင့် သြဂုတ်လ ၁ရက်၊ မနေ့က တိုက်တွန်း ပြောဆိုလိုက်တာပါ။ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် …

News
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော်

ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကြတ်ဂူတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်း တရားကျင့်ကြံခြင်း အောင်မြင်၍ ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ဂူအတွင်းမှ ပြန်လည်ထွက်ရှိလာခဲ့သည်။ ဆရာတော်ကြီးအား ရဟန်းရှင်လူ တသောင်းကျော်က ကြိုတင်၍ စောင့်ဆိုင်းခဲ့ကြပြီး ဆရာတော်ကြီးမှ မိုင်းကြတ်ဂူတွင် ၅ ရက်တာ ဖူးမျှော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာတော်သည် ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ကာ မိုင်းကြတ်လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်းတရားကျင့်ကြံခဲ့ခြင်းဖြစ်သည်။ မိုင်းကြတ်ဂူအတွင်း သုံးနှစ်သုံးလသုံးရက် တရားကျင့်ကြံခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ပြန်လည်ကြွချီလာပြီး အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ …

News
YBSယာဉ်လိုင်းတချို့၏ ပြောင်းလဲကောက်ခံသွားမည့် ယာဉ်စီးခနှုန်းထားများ

YBSယာဉ်လိုင်းတချို့၏ ပြောင်းလဲကောက်ခံသွားမည့် ယာဉ်စီးခနှုန်းထားများ “YBS – 2” ယုဇနဥယျာဉ်မြို့တော် ⇄ ၄၆လမ်းဆုံ >၂၀၀ကျပ်, ၄၆လမ်းဆုံ ⇄ အောင်မင်္ဂလာအဝေးပြေး >၂၀၀ကျပ်, ယုဇနဥယျာဉ်မြို့တော် ⇄ အောင်မင်္ဂလာအဝေးပြေး >၄၀၀ကျပ် “YBS – 3” ယုဇနဥယျာဉ်မြို့တော် ⇄ စံပြဈေး >၂၀၀ကျပ်, စံပြဈေး ⇄ ဆူးလေ >၂၀၀ကျပ်, ယုဇနဥယျာဉ်မြို့တော် ⇄ ဆူးလေ >၄၀၀ကျပ် “YBS – 4” ရတနာနှင်းဆီအိမ်ရာ ⇄ သာကေတအဝိုင်း >၂၀၀ကျပ်, သာကေတအဝိုင်း ⇄ ဆူးလေ >၂၀၀ကျပ်, ရတနာနှင်းဆီအိမ်ရာ ⇄ ဆူးလေ >၄၀၀ကျပ် “YBS – …