" မဖတ်ဘဲ ကျော်သွားရင်တော့ သင် ... ဘာမှ သိလိုက်မှာ မဟုတ်ပါဘူး " ( လောကကြီးက သင်ပေးမဲ့ လူတွေအကြောင်း ) - YATHAZONE
” မဖတ်ဘဲ ကျော်သွားရင်တော့ သင် … ဘာမှ သိလိုက်မှာ မဟုတ်ပါဘူး ” ( လောကကြီးက သင်ပေးမဲ့ လူတွေအကြောင်း )
" မဖတ်ဘဲ ကျော်သွားရင်တော့ သင် ... ဘာမှ သိလိုက်မှာ မဟုတ်ပါဘူး " ( လောကကြီးက သင်ပေးမဲ့ လူတွေအကြောင်း )
ဗဟုသုတ
zawgyi
unicode
” မဖတ်ဘဲ ကျော်သွားရင်တော့ သင် … ဘာမှ သိလိုက်မှာ မဟုတ်ပါဘူး “
ကိုယ့်လက်ထဲမှာ ပိုက်ဆံတစ်ပြားမှ မရှိတဲ့အခါ …လောကကြီး ကသင့်ကို လူတွေအကြောင်း သင်ပေးသွားပါ လိမ့်မယ် ။ ။.
သင်ဆုံးရှုံးမှုတွေ နဲ့ ရင်ဆိုင်ရပြီး ဆင်းရဲမွဲတေ နေတဲ့အခိုက်မှာ … စစ်မှန်ပါတယ်ဆိုတဲ့ မိတ်ဆွေတွေဆိုတာ ခင်မင်လှပါတယ်ဆိုတဲ့ မိတ်ဆွေတွေ ဆိုတာ စာနာပါတယ်ဆိုတဲ့ မိတ်ဆွေတွေ ဆိုတာ ဘယ်လိုမျိုးလဲ သင့်ကို သင်ကြားပေးပါလိမ့်မယ် ။
အဆင်ပြေနေတဲ့အချိန်. .. လက်ခုပ်ဝိုင်းတီးပေးတဲ့ မိတ်ဆွေထက် အဆင်မပြေတဲ့အခါ နှစ်သိမ့်စကားတစ်ခွန်းပြောပေးတဲ့ မိတ်ဆွေက ပိုတန်ဖိုးရှိပါတယ် ။ ပြဿနာတိုင်းက သင့်ကို … အဆုံးသတ်ဖို့ဖြစ်စေတာမဟုတ်ဘူး ….. ။ တကယ်တော့သင့်ကို လမ်းညွှန်ပေးတဲ့ အရာတွေပါ ။
အဆိုးတွေ အားလုံးက သင့်ကို. .. အရှုံးပေးဖို့ ဖြစ်စေတာမဟုတ်ဘူး … ။ တကယ်တော့သင့်ကို အကောင်းဖက် ဘယ်လိုသွားရမလဲ သင်ပြပေးနေကြ တာပါ ။
ရုန်းကန်မှုအားလုံးက သင့်ကို စိတ်ဓါတ်ကျစေဖို့ ဖြစ်စေတာမဟုတ်ဘူး ။ တကယ်တော့သင့်ကို အောင်မြင်ခြင်းကို ဘယ်လို ယူရမလဲ သင်ပြပေးနေကြတာပါ ။လွယ်လွယ် အရှုံးမပေးတတ်ဘူးဆို အရာရာ သင့်လက်ထဲမှာ ပါပဲ ။
သူတစ်ပါးရဲ့လုပ်ရပ်ကြောင့် ကိုယ်ထိခိုက်ရပေမယ့်… ကိုယ့်လုပ်ရပ်ကြောင့် သူတစ်ပါးကို မထိခိုက်စေနဲ့ ။ သူတစ်ပါး စကားကြောင့် ကိုယ်စိတ်ဆင်းရဲရပေမယ့် … ကိုယ့်စကားတစ်ခွန်းကြောင့် သူတစ်ပါး စိတ်မဆင်းရဲစေနဲ့ ။ သူတစ်ပါး ကြောင့် ကိုယ်မျက်ရည်ကျရပေမယ့် … ကိုယ့်ကြောင့် … သူတစ်ပါးမျက်ရည်မကျစေနဲ့ ။
လောကကြီးမှာ လူတွေအားလုံးက အမြင့်ကိုရောက်ဖို့ လှေကားတွေကိုနင်းတက်ကြတယ် ။ ဒါပေမယ့် အဲ့ဒီလှေကားတွေကို
ကျေးဇူးတင်ရကောင်းမှန်း မသိကြဘူး ။
အမြင့်မှာ ပျံသန်းနေတဲ့စွန်ဟာ သူ့ကို ကြိုးနဲ့ချီပြီး မြေပြင်ကနေ ရစ်ဘီးလေးကိုင်လို့ မျှော်ကြည့်နေသူကို မေ့နေတတ်တယ် ။ ကိုယ့် ဘဝရဲ့ တန်ဖိုး ကိုယ်ဘယ်လို ဖြစ်လာသလဲဆိုတာ ဘယ်နေရာ ရောက်ရောက် … ဘယ်အခြေအနေမှာ ဖြစ်ဖြစ် … မမေ့ဖို့အရေး အကြီးဆုံးပါပဲ … ။ ။
သုညဆိုတာ သူ့ဘာသာနေရင်တော့ … တန်ဖိုးမရှိဘူး ထင်ကြလိမ့်မယ် ။ ဒါပေမယ့် သူ့ရှေ့က ဂဏန်းတွေကိုတော့ တန်ဖိုးအမြင့်ဆုံးရောက်အောင် မြှင့်တင်ပေးနိုင်ပါတယ် ။
credit too original writer
No Comments
Leave a Reply
Your email address will not be published.
တစ်လမှာ ၂ ကြိမ်သာ လုပ်ခွင့်ရှိတဲ့ သောကကင်းစင်ငွေဝင်ငွေပွားအစီရင်
ဗဟုသုတ
တစ်လမှာ ၂ ကြိမ်သာ လုပ်ခွင့်ရှိတဲ့ သောကကင်းစင်ငွေဝင်ငွေပွားအစီရင်
တစ်လမှာ ၂ ကြိမ်သာ လုပ်ခွင့်ရှိတဲ့ သောကကင်းစင်ငွေဝင်ငွေပွားအစီရင် သောကကင်းစင်ငွေဝင်အစီရင် ယုံကြည်စွာလုပ်ဆောင်ပါက အကျိုးထူးများသည် သောကကင်းစင်ငွေဝင်ငွေပွားအစီရင် ယုံကြည်စွာလုပ်ဆောင်ပါက အကျိုးထူးများသည်မိတ်ဆွေများ မင်္ဂလာပါ ခင်ဗျားယခု ဆရာတင်ပေးမည့်အစီရင်လေးက မိမိရည်မှန်းစီမံထားသည့်အလုပ်ကိစ္စများလုပ်ချင်တိုင်းမလုပ်နိုင် ဖြစ်ချင်တာမဖြစ်နိုင်ဖြစ်နေတာတွေကတစ်မျိုးလုပ်ချင်နေတာတွေက တစ်မျိုးအလွဲ့လွဲ့အချော်ချော်ဖြစ်နေကြသည့်ကာလအတောအတွင်းမှာ စိတ်ရှုပ် စိတ်နှောက်ယှက်ဖြစ်နေခြင်းငွေကြေးပူပင်သောကဖြစ်နေခြင်းဟူသမျှ ကာကွယ်ကင်းစင်စေဖို့ရန်နှင့် ငွေဝင်ငွေပွားစေမည့် ရိုးရှင်းလွယ်ကူသောအစီရင်လေးကိုဒါနပြုပါတယ် ရရက်သားသမီး မည်သူမဆို လုပ်နိုင်ပါတယ် ခင်ဗျားပန်းကန်ပြားမှာ ပိုက်ဆံ ၁၁ဝဝကျပ်တင်ပါပိုက်ဆံပေါ်မှာ သံပုရာသီးစစ်စစ်၂ လုံး နှင့် ရေဖြည့်ထားသော ဖန်ခွက်တင်ထားပါ အိမ်ဘုရားမှာ တနင်္လာနေ့ တစ်ညထားပြီးလျှင် နောက်နေ့ အင်္ဂါနေ့ နံက်( ၇ )နာရီမှ ( ၇ )နာရီခွဲအတွင်းသံပုရာသီးတစ်လုံးကို ၄စိပ်စိပ်ပြီး အိမ်ခြံ တိုက်ခန်း ထောင့် ၄ထောင့်မှာ တစ်စိပ်စီ …
မင်းကွန်းဆရာတော်ဘုရားရဲ့ ကမ္ဘာကအသိအမှတ်ပြုလောက်ရအောင် မှတ်ဉာဏ်ကောင်းပုံ
ဗဟုသုတ
မင်းကွန်းဆရာတော်ဘုရားရဲ့ ကမ္ဘာကအသိအမှတ်ပြုလောက်ရအောင် မှတ်ဉာဏ်ကောင်းပုံ
မင်းကွန်းဆရာတော်ဘုရားရဲ့ ကမ္ဘာကအသိအမှတ်ပြုလောက်ရအောင် မှတ်ဉာဏ်ကောင်းပုံ ကျနော်တို့ မြန်မာပြည်ထဲမှာ ဂုဏ်ယူစရာ၊အတုယူစရာ အများကြီးရှိပါတယ်။ ကျနော်တစ်ခု တင်ပြပါ့မယ်။(တခြားဘာသာဝင်များလည်း ဗဟုသုတ အနေဖြင့်ပဲ ဖတ်ပေးပေါ့နော် အားလုံးပဲ မင်းကွန်းဆရာတော်ဘုရားကို သိကြမှာပါ။ မင်းကွန်းဆရာတော်ဘုရားဟာ ဉာဏ်အလွန်ကောင်းပါတယ်။ကမ္ဘာပေါ်မှာ အခက်ခဲဆုံး စာမေးပွဲဖြစ်တဲ့ တိပိဋကဓရရွေးချယ်ရေး စာမေးပွဲ မှာ (ရေးဖြေ) – သီလက္ခန္ခဝဂ် – ၉၃-မှတ် မဟာဝဂ် – ၉၇-မှတ် ပါတိကဝဂ် – ၉၇-မှတ် ပါရာဇိကဏ် – ၈၉-မှတ် ပါစိတ်ပါဠိတော် – ၉၉-မှတ် မဟာဝဂ္ဂပါဠိတော် – ၉၂-မှတ် စူဠဝဂ္ဂပါဠိတော် – ၉၈-မှတ် ပရိဝါပါဠိတျော – ၁၀၀-မွတ် ဖြင့် ဂုဏ်ထူးဖြင့် …