အိပ္ရာဝင္ခိုင္းရခက္တဲ့ ကေလးကိုု ဘယ္လို ျပဳျပင္မလဲဲ - YATHAZONE

အိပ္ရာဝင္ခိုင္းရခက္တဲ့ ကေလးကိုု ဘယ္လို ျပဳျပင္မလဲဲ

အိပ္ရာဝင္ခိုင္းရခက္တဲ့ ကေလးကိုု ဘယ္လို ျပဳျပင္မလဲဲ
Life Style

zawgyi

အိပ္ရာဝင္ခိုင္းရခက္တဲ့ ကေလးကိုု ဘယ္လို ျပဳျပင္မလဲဲ

ကေလးတိုင္းကေလးတိုင္းမွာ ေတာ့ အိပ္ရာဝင္ခိုင္းရခက္ခဲတဲ့ အခ်ိန္ေတြရွိတတ္ၾကတာပါပဲ ။

အိပ္ရာမဝင္ခ်င္ေသးတဲ့ အတြက္ အိပ္ခ်ိန္နီးၿပီ ၊ အိပ္ရာဝင္ရေတာ့မယ္ ဆိုရင္ ေရေလးသြားေသာက္ဦးမယ္ ၊ ပုံျပင္ေလး တစ္ပုဒ္ေလာက္ေတာ့ ထပ္ေျပာျပပါဦး ၊ ရႉးရႉးသြားထပ္ ေပါက္လိုက္ဦးမယ္ စတဲ့အေၾကာင္းျပ ခ်က္မ်ိဳးစုံ နဲ႔ အိပ္ဖို႔အေရး အခ်ိန္ဆြဲ ေနတတ္ၾကပါတယ္ ။

အသက္ ၃ ႏွစ္ေအာက္ ကေလးေတြဟာ အိပ္ဖို႔အေရးကို သိပ္ၿပီး စိတ္ဝင္စားေလ့ ၊ စိတ္ပါေလ့ မရွိၾကဘူး ။ ညဘက္ေတြမွာလည္း မၾကာခဏ ႏိုးလာတတ္ၿပီး ႏိုးတဲ့ အခ်ိန္မွာလည္း သူတို႔ကို ေပြ႕ဖက္ ေခ်ာ့ျမႇဴတာ၊ ဂ႐ုစိုက္တာေတြကို ခံလိုေလ့ရွိပါတယ္ ။

ဘာေၾကာင့္ ျဖစ္ႏိုင္သလဲ

၁။ ကေလးမွာ အေၾကာင္း တစ္ခုခု နဲ႔ ပတ္သက္ၿပီး ပူပန္စိတ္ တစ္ခုခုရွိေနတာ ၊ ဒါမွမဟုတ္ ေလာေလာဆယ္မွာ စိတ္အရမ္း တက္ႂကြေနတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္ ။

၂။ ကေလးက မိဘရဲ႕ဂ႐ုစိုက္ျခင္း ၊ မိဘနဲ႔ အတူရွိေနျခင္း ကို အလြန္အမင္း လိုခ်င္ေနတာေၾကာင့္ ျဖစ္ႏိုင္တယ္ ။ အိပ္ရာထဲဝင္ရတဲ့အခါ မိဘ နဲ႔ ခြဲရၿပီး မိဘ နဲ႔ ေဝးကြာသြားတယ္ လို႔ ခံစား ရႏိုင္ပါတယ္ ။ ( ကြၽန္ေတာ္ တို႔ဆီမွာေတာ့ ကေလးက မိဘေတြ နဲ႔ အတူအိပ္တာဆိုေတာ့ သိပ္ျပႆနာ မရွိဘူးလို႔ ထင္တယ္ ။ )

၃။ ကေလးမိဘက ကေလးအိပ္ခ်ိန္ နဲ႔ ပတ္သက္ၿပီး စိုးရိမ္ႀကီးလြန္းေနတာ ၊ စိတ္ပူလြန္းေန တာလည္း ျဖစ္ႏိုင္ တယ္ ။

၄။ မိဘေတြက ကေလး ရဲ႕အိပ္ခ်ိန္ နဲ႔ ပတ္သက္ၿပီး စည္းကမ္း ၾကပ္မတ္မႈ မရွိလို႔လည္း ျဖစ္ႏိုင္ပါတယ္ ။

၅။ ကေလးက ေန႔လည္ ပိုင္းသိပ္ထား တုန္းက အၾကာႀကီး အိပ္ထားလို႔ အိပ္ေရးဝၿပီး ညပိုင္းမွာ လန္းဆန္းေန တာလည္း ျဖစ္ႏိုင္ပါတယ္ ။

၆။ ကေလးက သူ႔အတြက္ အိပ္ဖို႔ အဆင္သင့္ မျဖစ္ေသးတဲ့ အေျခအေန ၊ အိပ္ရာဝင္ၿပီ ဆိုလည္း အိပ္မေပ်ာ္ႏိုင္ ေသးတဲ့အေျခအေန ျဖစ္ေန တာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္ ။

လူႀကီးေတြ လိုပါပဲ ၊ ကေလးေတြမွာ လည္း အိပ္ခ်င္စိတ္ နဲ႔ အိပ္ဖို႔ လိုအပ္ တဲ့အခ်ိန္ေတြဟာ တစ္ခါ နဲ႔ တစ္ခါ မတူႏိုင္ပါဘူး ။

၇။ ကေလးက တစ္ေယာက္တည္း အိပ္ရတဲ့အခါ အရမ္း အထီးက်န္ခံစား ၿပီး မိဘရဲ႕ အားေပး ႏွစ္သိမ့္မႈကိုလို ခ်င္ေနတာေၾကာင့္လည္း ျဖစ္ႏိုင္ပါ တယ္။

အဲဒီလို မျဖစ္ေအာင္ ဘယ္လို ပ်ိဳးေထာင္ ၾကမလဲ……

၁။ ကေလးအတြက္ အိပ္ရာဝင္ဖို႔ အိပ္ရာထဖို႔ ပုံမွန္အခ်ိန္ကေလး သပ္မွတ္ထားေပးရမယ္ ။ ည ဘယ္ အခ်ိန္ေရာက္ၿပီဆိုတာနဲ႔ ဘာလုပ္ မယ္၊ ဘာၿပီးရင္ ဘာလုပ္မယ္၊ ၿပီး ရင္ အိပ္ရဝင္ရမယ္ စသည္ျဖင့္ေပါ့ ။

ည ၈ နာရီခြဲတာနဲ႔ ႏို႔ေသာက္မယ္၊ သြားတိုက္မယ္၊ ညဝတ္အက်ႌလဲမယ္၊ ၿပီးရင္ အိပ္ရာထဲဝင္ရမယ္၊ ပုံျပင္ တစ္ပုဒ္နားေထာင္ၿပီးရင္ အိပ္ရမယ္ အဲဒီလိုအေလ့အထမ်ိဳးေပါ့ ။

၂။ အိပ္ရာဝင္ရမယ့္အခ်ိန္ကို တိတိက်က်သတ္မွတ္ၿပီး ေသေသ ခ်ာခ်ာလိုက္နာေစသင့္ပါတယ္ ။ ကေလးက မအိပ္ခ်င္ေသးဘူးလို႔ ေျပာရင္ေတာင္ အိပ္ရာထဲမွာပဲ အိပ္ေပ်ာ္သြားတဲ့အထိ ၿငိမ္ၿငိမ္ဆိတ္ဆိတ္ ကေလး နားနားေနေနေနခိုင္းရမယ္ ။

၃။ ကိုယ္က အလုပ္ျပန္လာတာ ေနာက္က်တယ္ဆိုရင္ေတာ့ ကေလး ရဲ႕ အိပ္ရာဝင္ခ်ိန္ကို ေနာက္နည္းနည္း ဆုတ္ႏိုင္ပါတယ္ ။ ဒါမွလည္း ကေလးက ကိုယ္နဲ႔ အတူတူေနဖို႔၊ ကိုယ္နဲ႔ အတူတူကစားဖို႔ အခ်ိန္ပိုရ ႏိုင္မွာပါ။

၄။ အိပ္ခ်ိန္နီးၿပီဆိုတာနဲ႔ ၅ မိနစ္ ၁၀ မိနစ္ေလာက္အလိုကတည္းက အိပ္ခ်ိန္နီးလာၿပီးေနာ္ ဆိုတာ ကေလးကို သတိေပးထားသင့္တယ္။

၅။ ကေလးရဲ႕ အိပ္ခ်ိန္မတိုင္မီ တစ္နာရီေလာက္အတြင္းမွာ ကေလး ကို ေအးေဆးၿငိမ္သက္ၿပီး သက္ေသာင့္သက္သာ ျဖစ္ေစမယ့္ လုပ္ငန္းေဆာင္တာမ်ိဳးေတြပဲ လုပ္ကိုင္ေစသင့္တယ္ ။

ဥပမာ – စာဖတ္တာမ်ိဳး ၊ ပုံျပင္ေျပာတာမ်ိဳးေပါ့ ။ အိပ္ရာဝင္ခါနီး ေရေႏြးေႏြးေလးနဲ႔ ေရခ်ိဳးေပးတာ ၊ အိပ္ရာဝင္ခါနီး သြားရည္စာမုန႔္ တစ္ခုခုေကြၽးတာမ်ိဳးက ကေလးရဲ႕ အိပ္ရာဝင္လိုစိတ္ကို အေထာက္အကူျပဳေပးႏိုင္ပါတယ္ ။

၆။ ကေလးရဲ႕ အိပ္ခ်ိန္ကို ေပ်ာ္႐ႊင္ ၾကည္ႏူးစရာ၊ ခ်စ္ခင္ႏွစ္သက္စရာ၊ စိတ္လက္ေအးခ်မ္းၿပီး သက္ေသာင့္ သက္သာစရာ ျဖစ္ေနေစသင့္ပါ တယ္။ ဥပမာ – အိပ္ရာဝင္ခါနီး ပုံျပင္ေျပာျပတာ၊ အိပ္ခါနီးဘုရား အတူတူရွိခိုးတာ၊ အိပ္ရာဝင္သီခ်င္း ေတြဆိုျပတာ စတာေတြနဲ႔ ဖန္တီးေပး လို႔ ရပါတယ္။

၇။ ကေလးအတြက္ အိပ္ရာထဲမွာ စိတ္လုံၿခဳံမႈျဖစ္ေစတဲ့ အရာဝတၳဳ တစ္ခုခုလည္း ကေလးကို ေပးထား သင့္ပါတယ္။ ဥပမာ – ေစာင္လိုမ်ိဳး၊ အ႐ုပ္ဖက္လုံးလိုမ်ိဳး တစ္ခုခုေပါ့။ အဲလိုေပးထားျခင္းအားျဖင့္ ကေလး ကို ျမန္ျမန္အိပ္ေပ်ာ္သြား ေစပါတယ္။

၈။ အိပ္ရာမဝင္ခင္ ကေလးနဲ႔ ကစား တာ၊ ပုံျပင္ေျပာတာ စတာေတြလုပ္ ေနစဥ္မွာလည္း ကေလးကို ေသေသခ်ာခ်ာဂ႐ုစိုက္ေပးဖို႔ ၊ ခ်စ္ခင္ယုယမႈ ေတြ အမ်ားႀကီးေပးဖို႔လိုပါတယ္ ။ ဒါမွ ကေလးအတြက္ စိတ္ေက်နပ္မႈ ေတြရၿပီး ေကာင္းေကာင္း အိပ္ေပ်ာ္ေစပါတယ္ ။

၉။ ေန႔စဥ္ ကိုယ္လက္လႈပ္ရွားမႈေတြ ရွိေအာင္၊ လုပ္ျဖစ္ေအာင္ ေလ့က်င့္ ေပးထားသင့္ပါတယ္။

အဲဒီလို ကေလးတစ္ေယာက္ရွိရင္ ဘာေတြလိုက္နာလုပ္ေဆာင္ရမလဲ

၁။ ကေလး အိပ္ရာထဲဝင္ၿပီးမွ ျပန္ထြက္လာတာ နဲ႔ အိပ္ရာထဲခ်က္ခ်င္း ျပန္ဝင္ခိုင္းရမယ္ ။

၂။ ကေလးရဲ႕ ေန႔လည္ပိုင္းအိပ္တဲ့ အခ်ိန္မွာ လိုအပ္သေလာက္ပဲ အိပ္ေစသင့္တယ္ ။ လိုအပ္ရင္ ေန႔လည္ပိုင္း အိပ္ခ်ိန္ကို ေလွ်ာ့သင့္တယ္ ။ ဒါမွမဟုတ္ရင္ေတာ့ ညပိုင္း အိပ္ရာဝင္ခ်ိန္ကို ေနာက္ဆုတ္ ေပးသင့္တယ္ ။

၃။ ကေလးက ညအေမွာင္ကို ေၾကာက္တတ္တယ္ဆိုရင္ ကေလးနဲ႔ အဲဒီအေၾကာင္း ေဆြးေႏြး ၾကည့္သင့္တယ္ ။ ေၾကာက္စရာမလိုေၾကာင္း ရွင္းျပရမယ္၊ ႏွစ္သိမ့္အားေပးတာ ေတြ လုပ္ေပးရမယ္ ။

ကေလးရဲ႕ အိပ္ခန္းမွာ မီးမွိန္မွိန္ေလး ထြန္းထားေပးတာမ်ိဳး လုပ္ႏိုင္တယ္။ (မီးဖြင့္ ၿပီးအိပ္ေစတာမ်ိဳးကေတာ့ မလုပ္သင့္ဘူး ။ ေမွာင္တဲ့အခန္းထဲမွာအိပ္တာက ပိုၿပီး အိပ္ေရးဝေစတယ္ ။ ) ကေလးရဲ႕ အိပ္ခန္းတံခါးကို ဖြင့္ထားေပးတာမ်ိဳး လည္း လုပ္ႏိုင္ပါတယ္ ။

၄။ ကေလးကို ေန႔တိုင္း အခ်ိန္မွန္ အိပ္ရာဝင္တိုင္း ဆုေပးတာ၊ အခြင့္အေရး တစ္ခုခုေပးတာမ်ိဳး လုပ္ႏိုင္ တယ္။ ဥပမာ – ကားခ်ပ္တစ္ခု ထားၿပီး အိပ္ရာပုံမွန္ဝင္တဲ့ရက္တိုင္း ၾကယ္ပြင့္ကေလးတစ္ပြင့္ ကပ္ေပး တာ (အမွတ္တစ္မွတ္ေပးတာ) ၊ ၾကယ္ပြင့္ ဘယ္ႏွစ္ပြင့္ရရင္ အ႐ုပ္ တစ္ခု ဝယ္ေပးတာ၊ ကစားကြင္းလိုက္ပို႔ေပးတာမ်ိဳးေပါ့ ။ အဲဒီလိုနည္း နဲ႔ ေလ့က်င့္ေပးႏိုင္တယ္ ။

၅။ ကေလးနဲ႔ အခ်ိန္ကိုက္အိပ္ရာ

ဝင္တမ္းကစားနည္းနဲ႔လည္း ေလ့က်င့္ေပး ႏိုင္ပါတယ္ ။ အခ်ိန္ ၁၅ မိနစ္ေလာက္ နာရီသတ္မွတ္ ေပးၿပီး အခ်ိန္စတာနဲ႔ ညဝတ္အက်ႌလဲတာ၊ ႏို႔ေသာက္တာ၊ အဆာေျပစားတာ၊ သြားတိုက္တာ၊ ရႉးေပါက္တာေတြ အခ်ိန္မီၿပီးေအာင္လုပ္ၿပီး အိပ္ရာထဲ ေရာက္ေအာင္ဝင္တဲ့ကစားနည္းမ်ိဳး ေပါ့ ။ ညအိပ္ရာဝင္ခါနီးတိုင္း အဲဒီ ကစားနည္းကစားရင္း အိပ္ရာဝင္ ခိုင္းႏိုင္ပါတယ္။

ဘာေတြမလုပ္ရဘူးလဲ

၁။ ကေလးကို အိပ္ရာမဝင္ခင္ သရဲ ကားၾကည့္တယ္ ၊ ထိတ္လန႔္စရာ ေကာင္းတဲ့ဇာတ္ကားမ်ိဳး ၾကည့္တာ ကို ခြင့္မျပဳသင့္ဘူး ။ အိပ္ရာမဝင္ခင္ အခ်ိန္မ်ိဳးမွာ အရမ္းတက္ႂကြလႈပ္ ရွားရတဲ့ကစားနည္းမ်ိဳး မကစားေစသင့္ဘူး ။

၂။ ကေလးကို ခ်က္ခ်င္း အိပ္ေပ်ာ္ေအာင္အိပ္ ဆိုၿပီး အတင္းတြန္းအိပ္ ေစတာမ်ိဳး မလုပ္သင့္ဘူး။

၃။ ကေလးကို အေၾကာင္းတစ္ခုခု ေၾကာင့္ အျပစ္ေပးတဲ့နည္းလမ္းေတြ ထဲမွာ ေစာေစာ အိပ္ရာဝင္ေစတာမ်ိဳး မပါရဘူး။ ကေလးကို ေစာေစာ အိပ္ရာဝင္ေစတာ ဟာ အျပစ္ေပးနည္း တစ္ခုမျဖစ္ရဘူး ။

၄။ မအိပ္လို႔ဆိုၿပီး ကေလးကိုေျခာက္လွန႔္တာ ၊ ေဝဖန္တာ ၊ ( တင္ပါးကို လက္ဝါးနဲ႔ ) ႐ိုက္တာမ်ိဳးေတြလည္း မလုပ္ရဘူး ။

၅။ ကေလးကို သူ႔အိပ္ခ်ိန္ သူ႔ဖာသူ စီမံခန႔္ခြဲတာမ်ိဳး မလုပ္ခိုင္းသင့္ဘူး။ ( ကေလးရဲ႕အိပ္ခ်ိန္ကိုေတာ့ မိဘကပဲ ၾကည့္ရႈစီမံေပးသင့္တယ္ ။ )

credit to original writer

unicode

အိပ်ရာဝင်ခိုင်းရခက်တဲ့ ကလေးကို ဘယ်လို ပြုပြင်မလဲ

ကလေးတိုင်းကလေးတိုင်းမှာ တော့ အိပ်ရာဝင်ခိုင်းရခက်ခဲတဲ့ အချိန်တွေရှိတတ်ကြတာပါပဲ ။

အိပ်ရာမဝင်ချင်သေးတဲ့ အတွက် အိပ်ချိန်နီးပြီ ၊ အိပ်ရာဝင်ရတော့မယ် ဆိုရင် ရေလေးသွားသောက်ဦးမယ် ၊ ပုံပြင်လေး တစ်ပုဒ်လောက်တော့ ထပ်ပြောပြပါဦး ၊ ရှူးရှူးသွားထပ် ပေါက်လိုက်ဦးမယ် စတဲ့အကြောင်းပြ ချက်မျိုးစုံ နဲ့ အိပ်ဖို့အရေး အချိန်ဆွဲ နေတတ်ကြပါတယ် ။

အသက် ၃ နှစ်အောက် ကလေးတွေဟာ အိပ်ဖို့အရေးကို သိပ်ပြီး စိတ်ဝင်စားလေ့ ၊ စိတ်ပါလေ့ မရှိကြဘူး ။ ညဘက်တွေမှာလည်း မကြာခဏ နိုးလာတတ်ပြီး နိုးတဲ့ အချိန်မှာလည်း သူတို့ကို ပွေ့ဖက် ချော့မြှူတာ၊ ဂရုစိုက်တာတွေကို ခံလိုလေ့ရှိပါတယ် ။

ဘာကြောင့် ဖြစ်နိုင်သလဲ

၁။ ကလေးမှာ အကြောင်း တစ်ခုခု နဲ့ ပတ်သက်ပြီး ပူပန်စိတ် တစ်ခုခုရှိနေတာ ၊ ဒါမှမဟုတ် လောလောဆယ်မှာ စိတ်အရမ်း တက်ကြွနေတာကြောင့် ဖြစ်နိုင်ပါတယ် ။

၂။ ကလေးက မိဘရဲ့ဂရုစိုက်ခြင်း ၊ မိဘနဲ့ အတူရှိနေခြင်း ကို အလွန်အမင်း လိုချင်နေတာကြောင့် ဖြစ်နိုင်တယ် ။ အိပ်ရာထဲဝင်ရတဲ့အခါ မိဘ နဲ့ ခွဲရပြီး မိဘ နဲ့ ဝေးကွာသွားတယ် လို့ ခံစား ရနိုင်ပါတယ် ။ ( ကျွန်တော် တို့ဆီမှာတော့ ကလေးက မိဘတွေ နဲ့ အတူအိပ်တာဆိုတော့ သိပ်ပြဿနာ မရှိဘူးလို့ ထင်တယ် ။ )

၃။ ကလေးမိဘက ကလေးအိပ်ချိန် နဲ့ ပတ်သက်ပြီး စိုးရိမ်ကြီးလွန်းနေတာ ၊ စိတ်ပူလွန်းနေ တာလည်း ဖြစ်နိုင် တယ် ။

၄။ မိဘတွေက ကလေး ရဲ့အိပ်ချိန် နဲ့ ပတ်သက်ပြီး စည်းကမ်း ကြပ်မတ်မှု မရှိလို့လည်း ဖြစ်နိုင်ပါတယ် ။

၅။ ကလေးက နေ့လည် ပိုင်းသိပ်ထား တုန်းက အကြာကြီး အိပ်ထားလို့ အိပ်ရေးဝပြီး ညပိုင်းမှာ လန်းဆန်းနေ တာလည်း ဖြစ်နိုင်ပါတယ် ။

၆။ ကလေးက သူ့အတွက် အိပ်ဖို့ အဆင်သင့် မဖြစ်သေးတဲ့ အခြေအနေ ၊ အိပ်ရာဝင်ပြီ ဆိုလည်း အိပ်မပျော်နိုင် သေးတဲ့အခြေအနေ ဖြစ်နေ တာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

လူကြီးတွေ လိုပါပဲ ၊ ကလေးတွေမှာ လည်း အိပ်ချင်စိတ် နဲ့ အိပ်ဖို့ လိုအပ် တဲ့အချိန်တွေဟာ တစ်ခါ နဲ့ တစ်ခါ မတူနိုင်ပါဘူး ။

၇။ ကလေးက တစ်ယောက်တည်း အိပ်ရတဲ့အခါ အရမ်း အထီးကျန်ခံစား ပြီး မိဘရဲ့ အားပေး နှစ်သိမ့်မှုကိုလို ချင်နေတာကြောင့်လည်း ဖြစ်နိုင်ပါ တယ်။

အဲဒီလို မဖြစ်အောင် ဘယ်လို ပျိုးထောင် ကြမလဲ……

၁။ ကလေးအတွက် အိပ်ရာဝင်ဖို့ အိပ်ရာထဖို့ ပုံမှန်အချိန်ကလေး သပ်မှတ်ထားပေးရမယ် ။ ည ဘယ် အချိန်ရောက်ပြီဆိုတာနဲ့ ဘာလုပ် မယ်၊ ဘာပြီးရင် ဘာလုပ်မယ်၊ ပြီး ရင် အိပ်ရဝင်ရမယ် စသည်ဖြင့်ပေါ့ ။

ည ၈ နာရီခွဲတာနဲ့ နို့သောက်မယ်၊ သွားတိုက်မယ်၊ ညဝတ်အင်္ကျီလဲမယ်၊ ပြီးရင် အိပ်ရာထဲဝင်ရမယ်၊ ပုံပြင် တစ်ပုဒ်နားထောင်ပြီးရင် အိပ်ရမယ် အဲဒီလိုအလေ့အထမျိုးပေါ့ ။

၂။ အိပ်ရာဝင်ရမယ့်အချိန်ကို တိတိကျကျသတ်မှတ်ပြီး သေသေ ချာချာလိုက်နာစေသင့်ပါတယ် ။ ကလေးက မအိပ်ချင်သေးဘူးလို့ ပြောရင်တောင် အိပ်ရာထဲမှာပဲ အိပ်ပျော်သွားတဲ့အထိ ငြိမ်ငြိမ်ဆိတ်ဆိတ် ကလေး နားနားနေနေနေခိုင်းရမယ် ။

၃။ ကိုယ်က အလုပ်ပြန်လာတာ နောက်ကျတယ်ဆိုရင်တော့ ကလေး ရဲ့ အိပ်ရာဝင်ချိန်ကို နောက်နည်းနည်း ဆုတ်နိုင်ပါတယ် ။ ဒါမှလည်း ကလေးက ကိုယ်နဲ့ အတူတူနေဖို့၊ ကိုယ်နဲ့ အတူတူကစားဖို့ အချိန်ပိုရ နိုင်မှာပါ။

၄။ အိပ်ချိန်နီးပြီဆိုတာနဲ့ ၅ မိနစ် ၁၀ မိနစ်လောက်အလိုကတည်းက အိပ်ချိန်နီးလာပြီးနော် ဆိုတာ ကလေးကို သတိပေးထားသင့်တယ်။

၅။ ကလေးရဲ့ အိပ်ချိန်မတိုင်မီ တစ်နာရီလောက်အတွင်းမှာ ကလေး ကို အေးဆေးငြိမ်သက်ပြီး သက်သောင့်သက်သာ ဖြစ်စေမယ့် လုပ်ငန်းဆောင်တာမျိုးတွေပဲ လုပ်ကိုင်စေသင့်တယ် ။

ဥပမာ – စာဖတ်တာမျိုး ၊ ပုံပြင်ပြောတာမျိုးပေါ့ ။ အိပ်ရာဝင်ခါနီး ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာ ၊ အိပ်ရာဝင်ခါနီး သွားရည်စာမုန့် တစ်ခုခုကျွေးတာမျိုးက ကလေးရဲ့ အိပ်ရာဝင်လိုစိတ်ကို အထောက်အကူပြုပေးနိုင်ပါတယ် ။

၆။ ကလေးရဲ့ အိပ်ချိန်ကို ပျော်ရွှင် ကြည်နူးစရာ၊ ချစ်ခင်နှစ်သက်စရာ၊ စိတ်လက်အေးချမ်းပြီး သက်သောင့် သက်သာစရာ ဖြစ်နေစေသင့်ပါ တယ်။ ဥပမာ – အိပ်ရာဝင်ခါနီး ပုံပြင်ပြောပြတာ၊ အိပ်ခါနီးဘုရား အတူတူရှိခိုးတာ၊ အိပ်ရာဝင်သီချင်း တွေဆိုပြတာ စတာတွေနဲ့ ဖန်တီးပေး လို့ ရပါတယ်။

၇။ ကလေးအတွက် အိပ်ရာထဲမှာ စိတ်လုံခြုံမှုဖြစ်စေတဲ့ အရာဝတ္ထု တစ်ခုခုလည်း ကလေးကို ပေးထား သင့်ပါတယ်။ ဥပမာ – စောင်လိုမျိုး၊ အရုပ်ဖက်လုံးလိုမျိုး တစ်ခုခုပေါ့။ အဲလိုပေးထားခြင်းအားဖြင့် ကလေး ကို မြန်မြန်အိပ်ပျော်သွား စေပါတယ်။

၈။ အိပ်ရာမဝင်ခင် ကလေးနဲ့ ကစား တာ၊ ပုံပြင်ပြောတာ စတာတွေလုပ် နေစဉ်မှာလည်း ကလေးကို သေသေချာချာဂရုစိုက်ပေးဖို့ ၊ ချစ်ခင်ယုယမှု တွေ အများကြီးပေးဖို့လိုပါတယ် ။ ဒါမှ ကလေးအတွက် စိတ်ကျေနပ်မှု တွေရပြီး ကောင်းကောင်း အိပ်ပျော်စေပါတယ် ။

၉။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုတွေ ရှိအောင်၊ လုပ်ဖြစ်အောင် လေ့ကျင့် ပေးထားသင့်ပါတယ်။

အဲဒီလို ကလေးတစ်ယောက်ရှိရင် ဘာတွေလိုက်နာလုပ်ဆောင်ရမလဲ

၁။ ကလေး အိပ်ရာထဲဝင်ပြီးမှ ပြန်ထွက်လာတာ နဲ့ အိပ်ရာထဲချက်ချင်း ပြန်ဝင်ခိုင်းရမယ် ။

၂။ ကလေးရဲ့ နေ့လည်ပိုင်းအိပ်တဲ့ အချိန်မှာ လိုအပ်သလောက်ပဲ အိပ်စေသင့်တယ် ။ လိုအပ်ရင် နေ့လည်ပိုင်း အိပ်ချိန်ကို လျှော့သင့်တယ် ။ ဒါမှမဟုတ်ရင်တော့ ညပိုင်း အိပ်ရာဝင်ချိန်ကို နောက်ဆုတ် ပေးသင့်တယ် ။

၃။ ကလေးက ညအမှောင်ကို ကြောက်တတ်တယ်ဆိုရင် ကလေးနဲ့ အဲဒီအကြောင်း ဆွေးနွေး ကြည့်သင့်တယ် ။ ကြောက်စရာမလိုကြောင်း ရှင်းပြရမယ်၊ နှစ်သိမ့်အားပေးတာ တွေ လုပ်ပေးရမယ် ။

ကလေးရဲ့ အိပ်ခန်းမှာ မီးမှိန်မှိန်လေး ထွန်းထားပေးတာမျိုး လုပ်နိုင်တယ်။ (မီးဖွင့် ပြီးအိပ်စေတာမျိုးကတော့ မလုပ်သင့်ဘူး ။ မှောင်တဲ့အခန်းထဲမှာအိပ်တာက ပိုပြီး အိပ်ရေးဝစေတယ် ။ ) ကလေးရဲ့ အိပ်ခန်းတံခါးကို ဖွင့်ထားပေးတာမျိုး လည်း လုပ်နိုင်ပါတယ် ။

၄။ ကလေးကို နေ့တိုင်း အချိန်မှန် အိပ်ရာဝင်တိုင်း ဆုပေးတာ၊ အခွင့်အရေး တစ်ခုခုပေးတာမျိုး လုပ်နိုင် တယ်။ ဥပမာ – ကားချပ်တစ်ခု ထားပြီး အိပ်ရာပုံမှန်ဝင်တဲ့ရက်တိုင်း ကြယ်ပွင့်ကလေးတစ်ပွင့် ကပ်ပေး တာ (အမှတ်တစ်မှတ်ပေးတာ) ၊ ကြယ်ပွင့် ဘယ်နှစ်ပွင့်ရရင် အရုပ် တစ်ခု ဝယ်ပေးတာ၊ ကစားကွင်းလိုက်ပို့ပေးတာမျိုးပေါ့ ။ အဲဒီလိုနည်း နဲ့ လေ့ကျင့်ပေးနိုင်တယ် ။

၅။ ကလေးနဲ့ အချိန်ကိုက်အိပ်ရာ

ဝင်တမ်းကစားနည်းနဲ့လည်း လေ့ကျင့်ပေး နိုင်ပါတယ် ။ အချိန် ၁၅ မိနစ်လောက် နာရီသတ်မှတ် ပေးပြီး အချိန်စတာနဲ့ ညဝတ်အင်္ကျီလဲတာ၊ နို့သောက်တာ၊ အဆာပြေစားတာ၊ သွားတိုက်တာ၊ ရှူးပေါက်တာတွေ အချိန်မီပြီးအောင်လုပ်ပြီး အိပ်ရာထဲ ရောက်အောင်ဝင်တဲ့ကစားနည်းမျိုး ပေါ့ ။ ညအိပ်ရာဝင်ခါနီးတိုင်း အဲဒီ ကစားနည်းကစားရင်း အိပ်ရာဝင် ခိုင်းနိုင်ပါတယ်။

ဘာတွေမလုပ်ရဘူးလဲ

၁။ ကလေးကို အိပ်ရာမဝင်ခင် သရဲ ကားကြည့်တယ် ၊ ထိတ်လန့်စရာ ကောင်းတဲ့ဇာတ်ကားမျိုး ကြည့်တာ ကို ခွင့်မပြုသင့်ဘူး ။ အိပ်ရာမဝင်ခင် အချိန်မျိုးမှာ အရမ်းတက်ကြွလှုပ် ရှားရတဲ့ကစားနည်းမျိုး မကစားစေသင့်ဘူး ။

၂။ ကလေးကို ချက်ချင်း အိပ်ပျော်အောင်အိပ် ဆိုပြီး အတင်းတွန်းအိပ် စေတာမျိုး မလုပ်သင့်ဘူး။

၃။ ကလေးကို အကြောင်းတစ်ခုခု ကြောင့် အပြစ်ပေးတဲ့နည်းလမ်းတွေ ထဲမှာ စောစော အိပ်ရာဝင်စေတာမျိုး မပါရဘူး။ ကလေးကို စောစော အိပ်ရာဝင်စေတာ ဟာ အပြစ်ပေးနည်း တစ်ခုမဖြစ်ရဘူး ။

၄။ မအိပ်လို့ဆိုပြီး ကလေးကိုခြောက်လှန့်တာ ၊ ဝေဖန်တာ ၊ ( တင်ပါးကို လက်ဝါးနဲ့ ) ရိုက်တာမျိုးတွေလည်း မလုပ်ရဘူး ။

၅။ ကလေးကို သူ့အိပ်ချိန် သူ့ဖာသူ စီမံခန့်ခွဲတာမျိုး မလုပ်ခိုင်းသင့်ဘူး။ ( ကလေးရဲ့အိပ်ချိန်ကိုတော့ မိဘကပဲ ကြည့်ရှုစီမံပေးသင့်တယ် ။

credit to original writer

No Comments

Leave a Reply

Your email address will not be published.

Life Style
ကြၽန္မ.. သားေလးေတြ သမီးေလးေတြအတြက္ အေဖ ေခၚခ ေပးေနတာပါ။

ကြၽန္မ.. သားေလးေတြ သမီးေလးေတြအတြက္ အေဖ ေခၚခ ေပးေနတာပါ။ ရပ္ကြက္တစ္ခုမွာ.. ကိုထြန္းနဲ႔ မၾကည္ျပာ ဆိုတဲ့ လင္မယားမွာ သားသမီး သုံးေယာက္ေမြးဖြားထားတယ္ ေပါ့..။ ကိုထြန္းဟာ အရက္ေက်းကြၽန္ ျဖစ္သြားၿပီ ။အရက္ကလႊဲလို႔ .. သူ႔ဘဝမွာ ဘာမွမရွိ၊ မၾကည္ျပာကိုလဲ သူဂ႐ုမစိုက္ေတာ့ ! သားသမီးသုံးေယာက္ကိုလဲ.. စိတ္မဝင္စားေတာ့.. သူသိတာက ..မၾကည္ျပာဆီကရမဲ့ .. အရက္ဖိုးမနက္ ၂၀၀ ။ ေန႔လည္ ၂၀၀ ။ ညေန ၂၀၀ဒါပဲ.. သူ သိေတာ့တယ္။ မၾကည္ျပာကေတာ့ .. ေခါင္း ႐ြက္ဗ်တ္ထိုးေဈးသည္ဘဝနဲ႔ မိသားစုကို ဦးေဆာင္ၿပီးကေလးေတြ စားစရိတ္ ေက်ာင္းစရိတ္ အျပင္ကိုထြန္းအတြက္ အရက္ဖိုးကိုပါ ေန႔စဥ္ …

Life Style
ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်…

ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်… သင့်ကလေးက ယခင်က လိမ္မာယဉ်ကျေးသူဖြစ်ပြီး တဖြည်းဖြည်း ရိုင်းပျလာတယ် ဆိုရင်တော့ လျစ်လျူရှုမထားသင့်ပါဘူး။ အဲဒါကြောင့် ကလေးတွေကို ရိုင်းပျသူတစ်ယောက် ဖြစ်သွားစေတဲ့ အကြောင်းအရင်းတွေထဲက အချက်အချို့ကို ဖော်ပြပေးပါမယ်နော်။ ၁။ လူကြီးသူမတွေနဲ့ တွေ့ချိန် နည်းပါးခြင်း သင်က အလုပ်များသူ ဖြစ်တာကြောင့် ကလေးကို တစ်ယောက်တည်း ထားထားတဲ့အချိန်တွေ များရင်များနေပါလိမ့်မယ်။ ကလေးတွေကို လိမ္မာယဉ်ကျေးသူ ဖြစ်လာစေဖို့အတွက် ငယ်စဉ်ကတည်းက ပြောပြထားပေးဖို့ လိုပါတယ်။ သင်က အချိန်မပေးနိုင်တဲ့အခါ ဦးလေးတွေ၊ အဒေါ်တွေ၊ အဘိုးတွေ၊ အဘွားတွေနဲ့ အပ်နှံထားတာက ကလေးကို ဆိုဆုံးမဖို့ အချိန်တွေ ပိုရစေပါတယ်။ တစ်ယောက်တည်း အထီးကျန်တဲ့ကလေးက …

Life Style
မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး

မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး မှတ်လော့… မိန်းမ ဟူသည်မှာ … စိတ်ကောက်ရင် . . . အရင် ချော့ပါ . .။ ပြီးတော့မှ ဘာလို့ ကောက်တာလည်းဆိုတာ မေးပါ …။ (၁) စိတ်ကောက်ရခြင်း အကြောင်းများမှာ — — (၂) စိတ်ကောက်ချိန်တန်လို့ ကောက်တာပါ … (၃) စိတ်ကောက်သင့်သည် ထင်လို့ ကောက်တာပါ… (၄) စိတ်မကောက်ရတာ ကြာလို့ ကောက်တာပါ … (၅) အချော့ခံချင်လို့ ကောက်တာပါ … (၆) ဘယ်လောက် ချစ်သေးလည်း စမ်းချင်လို့ …