Health

ဆံပင်တွေက မကြာခဏ ကျွတ်ပြီး ဆံပင်နှစ်ခွထွက်လို့ စိတ်ညစ်နေတဲ့မိန်းကလေးများအတွက်

ဆံပင်တွေက မကြာခဏ ကျွတ်ပြီး ဆံပင်နှစ်ခွထွက်လို့ စိတ်ညစ်နေတဲ့မိန်းကလေးများအတွက် “နက်မှောင်သေချာဆံကေသာ” ဆံပင်ကနီကြန်ကြန်ဖြစ်၊ဆံပင်တွေကမကြာခဏကျွတ်၊ဆံပင်နှစ်ခွက ထွက်သေး အမျိုးသမီးတို့၏ ဆန္ဒမှာဆံကေသာအလှသည်က ပသာဒမဟုတ်ပါလား။ ဒီလိုကြီးဆိုစိတ်မညစ်ပါနဲ့လွယ်ကူသောနည်းလမ်းလေးစမ်းကြည့်ကြပါစို့ကျား/မ မရွေးမခက်ခဲသောနည်းလေးပါ။ မြင်းခွာရွက် (၅)ကျပ်သား ကြိတ်မှန်ရွက်(၅)ကျပ်သား ကွမ်းရွက်(၅)ကျပ်သား အညီအမျှ သတ္တုရည်စိမ်းညှစ်ယူပြီး ပုလင်းလေးတွင် ရောကာထည့်ပြီးရေပါ အသင့်တင့်အောင်ထည့်၍ ခေါင်းကို မကြာခဏလိမ်းပေးခြင်းဖြစ်ပါသည်။ ဆံပင်စလေးများကိုပါ စိုရွဲအောင်လိမ်းပေးပါ။ ဆံပင်ကျွတ်ခြင်းကင်းဝေးပြီးဆံပင်နီကြန်မှုမရှိတော့ပါ ။ နက်မှောင်သောဆံကေသာကိုပြန်လည်ရရှိ ပိုင်ဆိုင်သူများဖြစ်လာပါလိမ့်မည်။ ဦးရေလည်းအေးမြကာ စိတ်ကြည်လင်ခြင်းကိုလည်း ပေးမည်မို့ မုဒိတာပွားလိုက်ရပါသည်။ စာကိုးနက္ခတ္တရောင်ခြည်အမှတ်(၃၇၁) ဆံပင်မကျွတ် ပိုမိုနက်လိုပါသလား မှ ရဲမျိုးသူ(ဗောဓိမြိုင်) ဆံပင်တွေက မကြာခဏ ကျွတ်ပြီး ဆံပင်နှစ်ခွထွက်လို့ စိတ်ညစ်နေတဲ့မိန်းကလေးများအတွက် “နက်မှောင်သေချာဆံကေသာ” ဆံပင်ကနီကြန်ကြန်ဖြစ်၊ဆံပင်တွေကမကြာခဏကျွတ်၊ဆံပင်နှစ်ခွက ထွက်သေး အမျိုးသမီးတို့၏ ဆန္ဒမှာဆံကေသာအလှသည်က ပသာဒမဟုတ်ပါလား။ …

Knowledge

စကားကြီး (၄) ခွန်းမပေါက်ကြားစေနဲ့..

စကားကြီး (၄) ခွန်းမပေါက်ကြားစေနဲ့.. ရှေးတုန်းကတိုင်းပြည် တစ်ပြည်မှာမင်းလုပ် အုပ်ချုပ်နေတဲ့ ဘုရင်ကြီး တစ်ပါးဟာ တစ်နေ့ မှာသူဆင်းရဲတစ်ယောက် အယောင်ဆောင်ရုပ် ဖျက်ပြီး တိုင်းပြည် အခြေအနေလေ့လာဖို့ မင်းနေပြည် က တိတ်တဆိတ်ထွက်ခဲ့ပါတယ်။သူ ပထမဆုံး ရောက်ခဲ့တဲ့နေရာက အလွန် ဆင်းရဲတဲ့ အဖိုးအို လင်မယား နေတဲ့တဲအိမ်အ စုတ်ကလေးဆီကိုပါ။ အဖိုးအိုလင်မယားဟာပင်ပမ်းဆင်းရဲစွာနဲ့ ယာခင်းထဲမှာ စိုက်ပျိုးလုပ်ကိုင် စားသောက် နေရတာအယောင်ဆောင်ဘုရင်ကြီးတွေ့ရပါ တယ် ။ဒီမှာတစ်ညအိပ် တည်းဖို့ခွင့်တောင်း တော့ အဖိုးအို လင်မယား ကခွင့်ပြု ပြီးလိုလေး မရှိအောင်လဲရှိတာလေးနဲ့ဧည့်ခံကျွေးမွေးကြ ပါတယ်။ လူဆင်းရဲပေမယ့်စေတနာမဆင်းရဲ တဲ့ အဖိုးအို လင်မယား ကို အယောင် ဆောင် ဘုရင်ကြီး စိတ်ထဲကြိတ်ပြီး ကျေ …

Knowledge

“အကောင်းမြင်တတ်သူ”

“အကောင်းမြင်တတ်သူ” ရှေးရှေးတုန်းကပေါ့.. မျက်လုံးတစ်ဖက်ကန်းပြီး .. ခြေတစ်ချောင်း မရှိတဲ့ .. သူဋ္ဌေးကြီးတစ်ယောက် ရှိသတဲ့။ တစ်နေ့မှာ သူဋ္ဌေးကြီးဟာ .. အတော်ဆုံးပန်းချီဆရာတွေကို ခေါ်ပြီး .. သူ့ရဲ့ပုံတူ ပန်းချီကားကို အလှဆုံးနဲ့ .. အကောင်းဆုံးဖြစ်အောင် .. ရေးဆွဲဖို့ ပြောသတဲ့။ ပန်းချီဆရာတွေလည်း .. မျက်စိတစ်ဖက်လပ်.. ခြေတစ်ချောင်းမရှိတဲ့သူရဲ့ပုံတူကို.. အလှဆုံးဖြစ်အောင် ရွေးဆွဲဖို့ဆိုတော့ .. လက်တွန့် နှုတ်ဆိတ်နေကြတာပေါ့…။ အဲဒီမှာပဲ ပန်းချီဆရာတစ်ယောက်ဟာ .. သူဋ္ဌေးကြီးရဲ့ပုံတူပန်းချီကားကို .. အလှဆုံး ၊ အကောင်းဆုံးဖြစ်အောင်.. ရွေးဆွဲဖို့ ကတိပြုလိုက်ပါသတဲ့…။ ပြီးတော့ ပန်းချီဆရာ ဟာ .. ပုံတူပန်းချီကားကို .. စတင် ရေးဆွဲပါတော့တယ်။ …

Knowledge

သူတို့ မင်းအနားက ထွက်သွားလို့ တစ်ယောက်ထဲကျန်ခဲ့ရတယ်ဆိုပြီး ဝမ်းနည်းနေတာလား

သူတို့ မင်းအနားက ထွက်သွားလို့ တစ်ယောက်ထဲကျန်ခဲ့ရတယ်ဆိုပြီး ဝမ်းနည်းနေတာလား သူတို့အနားမှာရှိ့တော့ရော မင်းအပေါ်မှာ မင်း ကောင်းပေးသလောက် သူတို့ပြန်ကောင်းပေးခဲ့လို့လား မင်းအပေါ်မကောင်းတဲ့သူတွေနဲ့ အ တူ နေ ရ တာ နဲ့ စာ ရင် တစ်ယောက်ထဲနေရတာက ပိုပြီးလွတ်လပ်တယ်.” သူတို့ မင်းကို မချစ်တော့လို့ ခံစားနေရတာလား တော်စမ်းပါကွာ… အချစ်က ဘဝမဟုတ်ဘူး ။ သူတို့ ပါးစပ်က ချစ်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းကြားရဖို့အရေး မင်းဘဝမှာ ဘာတွေဘယ်လောက်ထိ့ ပေးဆပ်ခဲ့ရပြီးပြီလဲ….. မြဲမြဲ မှတ်ထားပါ လူတချို့ဟာ…. မင်းကိုအသုံးချလို့ဝသွားပြီးဆိုရင် မင်းကဘဲ သူတို့အပေါ်မှာ အမှားကြီးကျူးလွန်ခဲ့သလိုမျိုးပုံစံတွေနဲ့ မင်းအနားကတဖြေးဖြေး ထွက်ခွာသွ့ားကြလိမ့်မယ်…. စဉ်းစားပါ….? တစ်ကြိမ်လောက် ပျော်ရွှင်ရဖို့အရေး အကြိမ်တရာမက ငိုကြွေးပေးခဲ့ရတာတွေ …

Health

(သွေးတိုးသမားများအတွက်) သံပုရာသီး

(သွေးတိုးသမားများအတွက်) သံပုရာသီး သွေတိုး ရောဂါ ရှိသူများ သွေးတိုးပြီး ခေါင်းမူး လာပါက သဘာဝ နည်းများဖြင့် သွေးတိုးရောဂါ သက်သာသွားအောင် ပြုလုပ် နိုင်ကြပါတယ်။ ၁။ ဒန့်သလွန် ရွက်ကို ရေစင်အောင် ဆေးပြီး ထောင်းလိုက်ပါ အရည်ညှစ် ယူပြီး လ္ဘက်ရည်ဇွန်း ၂ ဇွန်းခန့်ကိုသောက်လိုက်ပါ။ သွေးတိုး ချက်ခြင်း သက်သာသွား စေပါသည်။ ၂။ သံပုရာသီးကို ခွဲလိုက်ပါ အထဲမှာ အစေ့များကို ၅ စေ့ခန့် ဝါးစားလိုက်ပါ။ သွေးတိုး ချက်ခြင်း သက်သာသွားပါလိမ့်သည်။ ၃။ သံပုရာသီး ချက်ချင်း မရနိုင် ပါက သံပရာပင်၏အခေါက်ကို ဆေးကြောပြီး ရေနှင့် သွေးပြီး သောက်နိုင်ပါသည်။ …

Health

ဆေးဖက်ဝင် ပူစီနံရဲ့ ပျောက်ကင်းနှိုင်သော ရာဂါ ( ၆ ) မျိုး

ဆေးဖက်ဝင် ပူစီနံရဲ့ ပျောက်ကင်းနှိုင်သော ရာဂါ ( ၆ ) မျိုး ပူစီနံရွက်ဟာ ပရုတ်အုပ်စုဝင် အပင်တစ်မျိုးဖြစ်ပြီး အနံ့သင်းပျံ့မှု၊ နွေးထွေးစေမှုနဲ့ အနည်းငယ်ခါးသက်တဲ့ အရသာရှိပါတယ်။ အခြားဟင်းချက်စရာ အရွက်တွေနဲ့ မတူတာက ပူစီနံကို ဟင်းခတ် အမွှေးအကြိုင် အပြင် ဆေးအဖြစ်လည်း အသုံးပြုလို့ ရပါတယ်။ ၁။ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို သေစေပါတယ်။နောက်ပြီး ကပ်ပါးပိုး ကြောင့်ဖြစ်တဲ့ ယောနိရောင်ရမ်းခြင်း၊ ပါးစပ်အနာပေါက်ခြင်းတွေကို သက်သာ စေပါတယ်။ ၂။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက် အိုမင်းရင့်ရော်ခြင်း ကနေ ကာကွယ်ပေးပါတယ်။ ၃။ ဗီတာမင်အေ၊ သံဓာတ်နဲ့ မက်ဂနီ ဆီယမ်တွေကြွယ်ဝစွာပါဝင်တဲ့အတွက် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ၄။ ဗီတာမင်စီဓာတ် …

Knowledge

အသိဉာဏ်နဲ့ယှဉ်ပြီး ယုံကြည်ဖို့တော့ လိုပါတယ်

အသိဉာဏ်နဲ့ယှဉ်ပြီး ယုံကြည်ဖို့တော့ လိုပါတယ် မိကျောင်းထီးတစ်ကောင်ဟာ အမြဲတမ်း အစာရှာထွက်လေ့ရှိပြီး သူအစာရှာထွက်တဲ့မြစ်ကမ်းနားက ရေသဖန်းပင်ပေါ်မှာ မျောက်တစ်ကောင် နဲ့ မိတ်ဆွေဖြစ်နေကြပါသတဲ့။ မျောက်ဟာ အစာရှာပြီး မြစ်ကမ်းနားမှာ အနားယူလေ့ရှိတဲ့မိကျောင်းကို သူနေထိုင်ရာ သဖန်းပင်ပေါ်က သဖန်းသီးတွေကို မိကျောင်းအတွက်ခူးပြီးခြွေချပေးလေ့ရှိပါတယ်။ မျောက်ခြွေချပေးတဲ့သဖန်းသီးတွေကို မိကျောင်းက ကျောပေါ်တင်သွားပြီး သူ့ရဲ့မယားဖြစ်သူ မိကျောင်းမကို ကျွေးလေ့ရှိပါတယ်။ မိကျောင်းမဟာ သဖန်းသီးတွေကို စားတိုင်း ချိုလိုက်တာ…ဆိုပြီး အမြဲချီး ကျူးလေ့ရှိပါတယ်။ တစ်နေ့မှာတော့ မိကျောင်းမဟာ မိကျောင်းထီးကိုပြောပါတယ်။ “ ရှင်ယူလာတဲ့သဖန်းသီးတွေက ချိုလိုက်တာနော်….ဒါပေ မယ့် ဒါလေးတွေကို စားရတာနဲ့တင် မတင်းတိမ်နိုင်ဘူး။ သဖန်းပင်ပေါ်က သဖန်းသီးတွေကို နေ့တိုင်းစားနေတဲ့မျောက်ရဲ့အသည်းက ပိုတောင်ချိုအုံးမှာ။ ကျုပ်ကို သဖန်းပင်ပေါ်က မျောက်အသည်းစားရအောင် ယူလာခဲ့ပေးပါလား” ဆိုပြီး …

Health

ဂေါက်ရောဂါ ဝေဒနာရှင်များအတွက် ခွေးတောက်နှင့် သနပ်ခါး

ဂေါက်ရောဂါ ဝေဒနာရှင်များအတွက် ခွေးတောက်နှင့် သနပ်ခါး နှစ်ရှည်လများ ဒူး၊ခါး၊လက် နာကျင် ကိုက်ခဲနေတဲ့ ဝေဒနာကို ပျောက်ကင်းသွားတဲ့ ဂွေးတောက်ရွက်နှင့် သနပ်ခါး အစွမ်း အမျိုးသမီးများ အဖြစ်များလေ့ရှိတဲ့ ဒူး ခါး လက်တို့ နာကျင်ကိုက်ခဲခြင်း ဝေဒနာဆိုးကို သက်သာပျောက်ကင်းစေမယ့် ကိုယ်တွေ့ ဆေးနည်းကောင်းလေး ဖြစ်ပါတယ်။ ဂွေးတောက်ရွက် အနည်းငယ်ကိုထောင်း ထွက်လာတဲ့ အရည်နဲ့ သနပ်ခါးကို သွေး ဒူးကနေစပြီး ခြေဖြားအထိ လိမ်းရခြင်း ဖြစ်ပါတယ်။ ရောဂါ အနုအရင့် အလိုက် နေ့စဉ် ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ရာဝင်တစ်ကြိမ် ပုံမှန် လိမ်းပေးမယ်ဆို့ သိသိသာသာပျောက်ကင်းလာပါလိမ့်မယ်။ ကိုနိုင်ဆိုသူ ရဲ့ ဇနီးဖြစ်သူဟာ တစ်နေကုန်မိုးမိပြီး ဒူးအဆစ်ရောင်ပြီး ကိုက်ခဲသွားပါတယ်။ ဆေးပေါင်းစုံလိမ်း …

Knowledge

သားမိုက် ရဲ့အိမ်ပြန်ချိန် (အရမ်းကောင်းတဲ့ စာလေးပါ)

သားမိုက် ရဲ့အိမ်ပြန်ချိန် (အရမ်းကောင်းတဲ့ စာလေးပါ) ဧည့်ကြိုဌာနရှေ့တွင် အဘိုးအို တစ်ယောက်က လာရပ်လိုက်ပြီး “မစ္စတာ တာနာကာနဲ့တွေ့ချင်လို့ပါ” ဟုပြောလိုက်သည်။ “မစ္စတာ တာနာကာနဲ့ ဘယ်လို ပတ်သက်ပါသလဲ။ ကြိုတင်တွေ့ခွင့်တောင်းထားပါသလား” “ဦးက မစ္စတာ တာနာကာရဲ့ အဖေပါ” “သြော် … ခေတ္တစောင့်ပါရှင်။ ဆက်သွယ်ကြည့်ပါ့မယ်” ဧည့်ခန်းကြီး က ကြီးကျယ်လှသည်။ လူတွေကလည်း ဝင်ထွက်သွားလာ။ ကုမ္ပဏီကြီးကလည်း အကြီးကြီးဖြစ် နေသဖြင့် ပီတိတွေဖြစ်နေသည်။ ဘေးမှ သူ့လို ထိုင်စောင့်နေသူ တစ်ဦးအား “ဒီကုမ္ပဏီမှာ ကျွန်တော့်သား အလုပ်လုပ်နေတာ” ဟု ဂုဏ်ယူပီတိဖြစ်စွာ ပြောလိုက်သည်။ မကြာမီ ဧည့်ကြို ကောင်မလေးကရောက်လာပြီး “ဦးရှင့် … မစ္စတာ တာနာနဲ့ …

Health

အမျိုးသမီးများ မီးယပ် သွေးဆုံးခြင်း အတွက် ဆေးနည်း

အမျိုးသမီးများ မီးယပ် သွေးဆုံးခြင်း အတွက် ဆေးနည်း ယောကျ်ားတေဇော၊ မိန်းမအာပေါဆိုသော တိုင်းရင်းဆေးပညာ၏ ဝေါ်ဟာရရှိ၏။ အမျိုးသားတို့က တေဇောဓာတ်လွန်ကဲတတ်ကြပြီး အမျိုးသမီးတို့က အာပေါဓာတ်နှင့် ပထဝီဓာတ်များ လွန်ကဲလေ့ ရှိသည်ဟုဆို၏။ အမျိုးသမီးတို့သည် မီးယပ်သွေးတည်းဟူသော အာပေါဓာတ်ယိုစီးမှုကြောင့် ရုပ်သဏ္ဍာန်လှပမှုတွင် ရင်နှင့်တင်စသည်ဖြင့် ရုပ်ကိုရှေ့ဆောင်ခြင်းဖြစ်လေသည်။ အမျိုးသမီးများ၏ ကျန်းမာရေးသည် မီးယပ်သွေးနှင့် သက်ဆိုင်နေတတ်ပေသည်။ ထိုကြောင့်လည်း မီးယပ်သွေးလစဉ်မှန်မှန် ဆင်းသက်စေရန် အမျိုးသမီးများ စောင့်ရှောက်သင့်လှ၏။အမျိုးသမီးများသည် အဓိကအားဖြင့် မီးယပ်သွေးမမှန်ခြင်းမှ စကာ မီးယပ်ရောဂါအမျိုးမျိုးကို ခံစားကြရသည်။ အမျိုးသမီးအများစု ခံစားရတတ်သော မီးယပ်သွေးဆုံးခြင်းနှင့်ပတ်သက်ပြီး တင်ပြရပါလျှင် သွေးဆုံးချိန်နီးသည်အချိန် ကြားကာလမျိုးတွင် ရောဂါ၏ မာယာကစတင်တတ်လေသည်။ ချမ်းလိုက်၊ပူလိုက်ဖြစ်၏။ ခေါင်းကိုက်ခြင်း၊နှလုံးတုန်၊ မောပန်းခြင်းလည်းဖြစ်၏။ထိုမျှမက ခြေဖျား၊လက်ဖျားတို့အေးပြီး စိတ်မငြိမ်သက်ဖြစ်ရကာ စားမကောင်းအိပ်မပျော်စုံလင်လှပေသည်။ …