Knowledge

စကားကြီး (၄) ခွန်းမပေါက်ကြားစေနဲ့..

စကားကြီး (၄) ခွန်းမပေါက်ကြားစေနဲ့.. ရှေးတုန်းကတိုင်းပြည် တစ်ပြည်မှာမင်းလုပ် အုပ်ချုပ်နေတဲ့ ဘုရင်ကြီး တစ်ပါးဟာ တစ်နေ့ မှာသူဆင်းရဲတစ်ယောက် အယောင်ဆောင်ရုပ် ဖျက်ပြီး တိုင်းပြည် အခြေအနေလေ့လာဖို့ မင်းနေပြည် က တိတ်တဆိတ်ထွက်ခဲ့ပါတယ်။သူ ပထမဆုံး ရောက်ခဲ့တဲ့နေရာက အလွန် ဆင်းရဲတဲ့ အဖိုးအို လင်မယား နေတဲ့တဲအိမ်အ စုတ်ကလေးဆီကိုပါ။ အဖိုးအိုလင်မယားဟာပင်ပမ်းဆင်းရဲစွာနဲ့ ယာခင်းထဲမှာ စိုက်ပျိုးလုပ်ကိုင် စားသောက် နေရတာအယောင်ဆောင်ဘုရင်ကြီးတွေ့ရပါ တယ် ။ဒီမှာတစ်ညအိပ် တည်းဖို့ခွင့်တောင်း တော့ အဖိုးအို လင်မယား ကခွင့်ပြု ပြီးလိုလေး မရှိအောင်လဲရှိတာလေးနဲ့ဧည့်ခံကျွေးမွေးကြ ပါတယ်။ လူဆင်းရဲပေမယ့်စေတနာမဆင်းရဲ တဲ့ အဖိုးအို လင်မယား ကို အယောင် ဆောင် ဘုရင်ကြီး စိတ်ထဲကြိတ်ပြီး ကျေ …

Knowledge

“အကောင်းမြင်တတ်သူ”

“အကောင်းမြင်တတ်သူ” ရှေးရှေးတုန်းကပေါ့.. မျက်လုံးတစ်ဖက်ကန်းပြီး .. ခြေတစ်ချောင်း မရှိတဲ့ .. သူဋ္ဌေးကြီးတစ်ယောက် ရှိသတဲ့။ တစ်နေ့မှာ သူဋ္ဌေးကြီးဟာ .. အတော်ဆုံးပန်းချီဆရာတွေကို ခေါ်ပြီး .. သူ့ရဲ့ပုံတူ ပန်းချီကားကို အလှဆုံးနဲ့ .. အကောင်းဆုံးဖြစ်အောင် .. ရေးဆွဲဖို့ ပြောသတဲ့။ ပန်းချီဆရာတွေလည်း .. မျက်စိတစ်ဖက်လပ်.. ခြေတစ်ချောင်းမရှိတဲ့သူရဲ့ပုံတူကို.. အလှဆုံးဖြစ်အောင် ရွေးဆွဲဖို့ဆိုတော့ .. လက်တွန့် နှုတ်ဆိတ်နေကြတာပေါ့…။ အဲဒီမှာပဲ ပန်းချီဆရာတစ်ယောက်ဟာ .. သူဋ္ဌေးကြီးရဲ့ပုံတူပန်းချီကားကို .. အလှဆုံး ၊ အကောင်းဆုံးဖြစ်အောင်.. ရွေးဆွဲဖို့ ကတိပြုလိုက်ပါသတဲ့…။ ပြီးတော့ ပန်းချီဆရာ ဟာ .. ပုံတူပန်းချီကားကို .. စတင် ရေးဆွဲပါတော့တယ်။ …

Knowledge

သူတို့ မင်းအနားက ထွက်သွားလို့ တစ်ယောက်ထဲကျန်ခဲ့ရတယ်ဆိုပြီး ဝမ်းနည်းနေတာလား

သူတို့ မင်းအနားက ထွက်သွားလို့ တစ်ယောက်ထဲကျန်ခဲ့ရတယ်ဆိုပြီး ဝမ်းနည်းနေတာလား သူတို့အနားမှာရှိ့တော့ရော မင်းအပေါ်မှာ မင်း ကောင်းပေးသလောက် သူတို့ပြန်ကောင်းပေးခဲ့လို့လား မင်းအပေါ်မကောင်းတဲ့သူတွေနဲ့ အ တူ နေ ရ တာ နဲ့ စာ ရင် တစ်ယောက်ထဲနေရတာက ပိုပြီးလွတ်လပ်တယ်.” သူတို့ မင်းကို မချစ်တော့လို့ ခံစားနေရတာလား တော်စမ်းပါကွာ… အချစ်က ဘဝမဟုတ်ဘူး ။ သူတို့ ပါးစပ်က ချစ်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းကြားရဖို့အရေး မင်းဘဝမှာ ဘာတွေဘယ်လောက်ထိ့ ပေးဆပ်ခဲ့ရပြီးပြီလဲ….. မြဲမြဲ မှတ်ထားပါ လူတချို့ဟာ…. မင်းကိုအသုံးချလို့ဝသွားပြီးဆိုရင် မင်းကဘဲ သူတို့အပေါ်မှာ အမှားကြီးကျူးလွန်ခဲ့သလိုမျိုးပုံစံတွေနဲ့ မင်းအနားကတဖြေးဖြေး ထွက်ခွာသွ့ားကြလိမ့်မယ်…. စဉ်းစားပါ….? တစ်ကြိမ်လောက် ပျော်ရွှင်ရဖို့အရေး အကြိမ်တရာမက ငိုကြွေးပေးခဲ့ရတာတွေ …

စီးပွားရေးလုပ်တဲ့အခါ မုဆိုးတစ်ဦးလို ကျင့်ကြံပါ
Knowledge

စီးပွားရေးလုပ်တဲ့အခါ မုဆိုးတစ်ဦးလို ကျင့်ကြံပါ

စီးပွားရေးလုပ်တဲ့အခါ မုဆိုးတစ်ဦးလို ကျင့်ကြံပါ တစ်ခါက စီးပွားရေးလုပ်ရတာ အဆင်မပြေလို့ စိတ်ညစ်နေတဲ့ လူငယ်လေးတစ်ယောက်ရှိတယ်။ ထိုစိတ်ညစ်မှုတွေကို ဖြေဖြောက်ဖို့ သူ့အိမ်ရဲ့ မနီးမဝေးမှာရှိတဲ့ တောအုပ်လေးနားက စမ်းချောင်းလေးဘေးမှာ အေးအေးဆေးဆေး စိတ်ဖြေရင်း နည်းလမ်းသစ်တွေကို စဉ်းစားနေခဲ့တယ်။ အဲ့လိုနေ့စဉ် ထိုင်စဉ်းစားနေခဲ့တဲ့ နေ့ရက်တိုင်းမှာ သူ့နံဘေးကနေ မုဆိုးကြီးတစ်ဦးက တောကောင်တွေ တစ်နေ့တစ်မျိုး ရ,ရလာကာ ဖြတ်သွားလေ့ရှိတာကို သတိထားမိတယ်။ ဒါနဲ့တစ်ရက်တော့ ဗဟုသုတလည်းရအောင်ဆိုကာ မုဆိုးကြီးကို သားကောင်တွေ တစ်နေ့တစ်မျိုး ဘယ်လိုရအောင်လုပ်လဲ မေးကြည့်ခဲ့တယ်။ မုဆိုးကြီးကလည်း အသက်ဝါကြီးသူဆိုတော့ ‌လူ့လောကရဲ့ အတွေ့အကြုံများ အတော်အသင့်ရှိနေခဲ့ပြီ။ ဒါကြောင့် လူငယ်လေး စကားပြောတဲ့အခါမှာ “ငါလည်း မင်းကို သတိထားမိပါတယ်။ ဘာကြောင့် ဒီနေရာမှာ လာလာပြီး ထိုင်နေတာလဲလို့” …

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံး အစဉ်အလာ စကားများ ၂
Knowledge

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံး အစဉ်အလာ စကားများ ၂

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံး အစဉ်အလာ စကားများ ၂ ၁ ။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂ ။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃ ။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄ ။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅ ။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆ ။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ …

Knowledge

အသိဉာဏ်နဲ့ယှဉ်ပြီး ယုံကြည်ဖို့တော့ လိုပါတယ်

အသိဉာဏ်နဲ့ယှဉ်ပြီး ယုံကြည်ဖို့တော့ လိုပါတယ် မိကျောင်းထီးတစ်ကောင်ဟာ အမြဲတမ်း အစာရှာထွက်လေ့ရှိပြီး သူအစာရှာထွက်တဲ့မြစ်ကမ်းနားက ရေသဖန်းပင်ပေါ်မှာ မျောက်တစ်ကောင် နဲ့ မိတ်ဆွေဖြစ်နေကြပါသတဲ့။ မျောက်ဟာ အစာရှာပြီး မြစ်ကမ်းနားမှာ အနားယူလေ့ရှိတဲ့မိကျောင်းကို သူနေထိုင်ရာ သဖန်းပင်ပေါ်က သဖန်းသီးတွေကို မိကျောင်းအတွက်ခူးပြီးခြွေချပေးလေ့ရှိပါတယ်။ မျောက်ခြွေချပေးတဲ့သဖန်းသီးတွေကို မိကျောင်းက ကျောပေါ်တင်သွားပြီး သူ့ရဲ့မယားဖြစ်သူ မိကျောင်းမကို ကျွေးလေ့ရှိပါတယ်။ မိကျောင်းမဟာ သဖန်းသီးတွေကို စားတိုင်း ချိုလိုက်တာ…ဆိုပြီး အမြဲချီး ကျူးလေ့ရှိပါတယ်။ တစ်နေ့မှာတော့ မိကျောင်းမဟာ မိကျောင်းထီးကိုပြောပါတယ်။ “ ရှင်ယူလာတဲ့သဖန်းသီးတွေက ချိုလိုက်တာနော်….ဒါပေ မယ့် ဒါလေးတွေကို စားရတာနဲ့တင် မတင်းတိမ်နိုင်ဘူး။ သဖန်းပင်ပေါ်က သဖန်းသီးတွေကို နေ့တိုင်းစားနေတဲ့မျောက်ရဲ့အသည်းက ပိုတောင်ချိုအုံးမှာ။ ကျုပ်ကို သဖန်းပင်ပေါ်က မျောက်အသည်းစားရအောင် ယူလာခဲ့ပေးပါလား” ဆိုပြီး …

Knowledge

သားမိုက် ရဲ့အိမ်ပြန်ချိန် (အရမ်းကောင်းတဲ့ စာလေးပါ)

သားမိုက် ရဲ့အိမ်ပြန်ချိန် (အရမ်းကောင်းတဲ့ စာလေးပါ) ဧည့်ကြိုဌာနရှေ့တွင် အဘိုးအို တစ်ယောက်က လာရပ်လိုက်ပြီး “မစ္စတာ တာနာကာနဲ့တွေ့ချင်လို့ပါ” ဟုပြောလိုက်သည်။ “မစ္စတာ တာနာကာနဲ့ ဘယ်လို ပတ်သက်ပါသလဲ။ ကြိုတင်တွေ့ခွင့်တောင်းထားပါသလား” “ဦးက မစ္စတာ တာနာကာရဲ့ အဖေပါ” “သြော် … ခေတ္တစောင့်ပါရှင်။ ဆက်သွယ်ကြည့်ပါ့မယ်” ဧည့်ခန်းကြီး က ကြီးကျယ်လှသည်။ လူတွေကလည်း ဝင်ထွက်သွားလာ။ ကုမ္ပဏီကြီးကလည်း အကြီးကြီးဖြစ် နေသဖြင့် ပီတိတွေဖြစ်နေသည်။ ဘေးမှ သူ့လို ထိုင်စောင့်နေသူ တစ်ဦးအား “ဒီကုမ္ပဏီမှာ ကျွန်တော့်သား အလုပ်လုပ်နေတာ” ဟု ဂုဏ်ယူပီတိဖြစ်စွာ ပြောလိုက်သည်။ မကြာမီ ဧည့်ကြို ကောင်မလေးကရောက်လာပြီး “ဦးရှင့် … မစ္စတာ တာနာနဲ့ …

Knowledge

မယားတစ်ရက် ကျေးဇူးတစ်ရာ

မယားတစ်ရက် ကျေးဇူးတစ်ရာ မယားတစ်ရက် မိန်းမသားတစ်ယောက်ကို ကိုယ့်မယားလို့သက်မှတ်လိုက်တဲ့ အဲဒီတစ်ရက်ကို တစ်သက်လုံးမှတ်ထားမိဖို့ အလွန်အရေးကြီးတယ်။ အခုယူ အခုကွဲကြတာတွေ လောကမှာမြင်ရတာတွေကအများကြီးပဲ ဒါတွေဟာ ချစ်လို့လက်ထပ်တာဟုတ်ခဲ့ပေမယ့် သံယောဇဉ်တွေကြောင့် လက်ထပ်ခဲ့တာမျိုး မဟုတ်ခဲ့ကြလို့ပါ။ သံယောဇဉ်ဆိုတာမျိုးက ဖြတ်တောက်ရတာအလွန်ခက်တဲ့အရာမျိုး ဘာနဲ့တူသလဲဆိုရင် မျှော့သရေဖက်နဲ့တူတယ် သူ့ကိုစွဲလေလေ သူဟာရှေလာလေပဲ။ အချစ်ဆိုတဲ့အရာမျိုးက ထန်းလျှက်ခဲကို ဝါးစားနေရသလိုမျိုးပါ စားနေတုန်းခဏတာပဲ စားနေသူချိုစေတာပါ။ မယားက မျက်စိဆိုရင် လင်ယောက်ျားက လက်ဖြစ်ရပါမယ် ဘာအကြောင်းကိစ္စပဲဖြစ်ဖြစ် မယားဖြစ်သူမှာမျက်ရည်ကျတာမြင်ရင် လင်ယောက်ျားက လက်နဲ့သုတ်ပေးတတ်ရတယ် ဒါဟာ အချစ်လို့ခေါ်မလား ? ဒါမှမဟုတ် ယုယခြင်းတွေလို့ခေါ်ရမလား ? တစ်ခုမှမဟုတ်ပါဘူး ဒါဟာ ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းလို့ခေါ်ပါတယ်။ ကာမဂုဏ်ခံစားဖို့တစ်ခုတည်းအတွက်နဲ့ တစ်ခဏသာပေါင်းသင်းပြီးလမ်းခွဲလိုက်ရင် ဒါဟာ တိရစ္ဆာန်တွေနဲ့ဘာထူးတော့မှာလဲ မိန်းမသားတစ်ယောက်ကို …

Knowledge

ခွန်အားဖြစ်စေသော စကား ( ၁၈ ) ခွန်

ခွန်အားဖြစ်စေသော စကား ( ၁၈ ) ခွန် (၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။ (၃) ကိုယ့်ကိုယ်ကို လေးစားပါ။ သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။ အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။ (၄) ငွေဆိုတာ ရေလိုပဲ။ ငွေခမ်းရင် ငတ်သေတတ်တယ်။ ငွေမက်လွန်းရင် နစ်သေတတ်တယ်။ (၅) အရာဝတ္ထုတစ်ခုတိုင်းကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။ (၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့ လူလောက် ရှက်ဖို့ကောင်းတာ …

Knowledge

အမုန်းခံအလှ

အမုန်းခံအလှ ” ဖေဖေ.. ဒီဖိတ်စာ သမီးကိုပေးနော်… သိမ်းထားချင်လို့” ရှစ်တန်းကျောင်းသူ သမီးငယ်က ဖိတ်စာကိုအိတ်နဲ့တကွ အပိုင်ယူလိုက်သည်။ ” အဲ့ဒီ ဖိတ်စာတစ်စောင်ကို နှစ်ရာကျတယ်တဲ့…..” ဒေါ်မြအေးက စျေးသည်ပီပီ ကျောက်ဆည်စျေးထဲမှာ သတင်းကြားခဲ့ပြီ။ ” ဆန်းသစ်လွင် ရုပ်ရှင်ရုံမှာ မင်္ဂလာဆောင်မှာတဲ့ မေမေရ၊ ဖိတ်စာထဲမှာပါတယ်” ” ဟုတ်တယ်…ရန်ကုန်ပုံစံအတိုင်းကျွေးမှာတဲ့။ ဖိတ်တာတောင်ခွဲတမ်းနဲ့၊တစ်ယောက်ကို ကျွေးမယ့်တန်ဖိုးကပဲ ဘယ်နှထောင်ဖိုးဆိုလားး သတိုးသားဖက်က တစ်ရာ့ငါးဆယ်။သတိုးသမီးဖက်က တစ်ရာ့ငါးဆယ်။တစ်ကယ့်မျက်နှာကြီးတွေချည်းရွေးဖိတ်တာတဲ့…..။အိမ်ရှေ့တိုက်ကတောင် သူတို့နဲ့ခင်လျက်သားနဲ့မဖိတ်လို့ စိတ်ဆိုးနေတယ်။ ဒေါ်မြအေးသတင်းကပိုစုံတယ် ” အဲ့ဒီအထဲမှာငါ့ဖိတ်တာ..ဂုဏ်ယူစရာပေါ့ကွ” ဆရာဦးဘဖြူက သမီးလက်မှဖိတ်စာကိုလှမ်းကြည့်လိုက်သည်။ ” ဂုဏ်ယူတာက ဟုတ်ပါရဲ့၊ဖိတ်စာကနှစ်ရာကျွေးမှာက သုံးရာ့ငါးဆယ်။အနည်းဆုံးလက်ဖွဲ့မယ့်လူက ငါးထောင်တစ်သောင်းလောက်မှလှမှာတဲ့။ စျေးထဲမှာပြောနေကြတယ်။ ရှင့်မူလတန်းကျောင်းအုပ်အငြိမ်းစားလစာနဲ့ ဘယ်လောက်လက်ဖွဲ့နိုင်မှာလဲ” ” ဟ….ဒါကတော့ရှင်းနေတာပဲကွာ။ငါလို ဆရာအိုကြီးကဘာလက်ဖွဲ့နိုင်မှာလဲ၊ …