Religious Archives - YATHAZONE
Religious

သရဏဂုံ သုံးပါး၏ အကျိုးကျေးဇူး ကြီးမားပုံ

သရဏဂုံ သုံးပါး၏ အကျိုးကျေးဇူး ကြီးမားပုံ ရှေးက… ရောဟဏရွာ လဲမှို့ ကုန်သည်မှာ ဒတ္တ မည်တဲ့ နွားလားကြီး တစ်ကောင်ရှိတယ် ။ ဒီနွားကြီးဟာ အခြား နွားတစ်ကောင်နဲ့ တွဲပြီး လဲမှို့ လှည်းကြီးကို ရုန်းကာ သူ့ သခင်ကို အလုပ်ကျွေး ပြုခဲ့ရှာတယ် ။ တစ်နေ့မှာ ထုံးစံအတိုင်း လဲမှို့ အရောင်းထွက်ကြရာ ရွာအနီး ရွှံ့နွံ ဗွက်ကြီးအတွင်း ဒတ္တကြီးခမျာ နစ်မြုပ် သွားတော့တယ် ။ ချော့လိုက် ခြောက်လိုက်နဲ့ ရုန်းခိုင်းပေမဲ့ ဘယ်လိုမှ မရုန်းနိုင် ရှာပါဘူး ။ ကုန်သည်ကြီး ကတော့ အမျိုးမျိုး ဆဲရေးတိုင်းထွာ ရိုက်နှက် ၍ ဒတ္တကြီးကို …

Religious

သမ္ဗုဒ္ဓေ ဂါထာတော်ကြီး၏ ထူးခြားလေးနက်သော အဓိပ္ပါယ်

သမ္ဗုဒ္ဓေ ဂါထာတော်ကြီး၏ ထူးခြားလေးနက်သော အဓိပ္ပါယ် သမ္ဗုဒ္ဓေ ကျွန်တော် သမ္ဗုဒ္ဓေဂါထာ‌တော်ကို ငယ်ငယ်လေးကတည်းက ရွတ်ဆိုရတာနှစ်သက်ပါတယ်။ အနက်အဓိပ္ပာယ်ကိုသိလာခဲ့တဲ့အချိန်ကျတော့ အနက်အဓိအပ္ပာယ်ပါတွဲပြီး ရွတ်ဖတ်ပူဇော်ဖြစ်လာခဲ့ပါတယ်။ ဒီလိုနေလာရင်းနဲ့ တစ်နေ့ကျတော့ အောက်မှာဖော်ပြထားတဲ့ ဦးပဉ္ဇင်း U Nay Main Da ရဲ့ ပို့ိစ်တစ်ခုကို ဖတ်ဖြစ်ခဲ့ပါတယ်။ သိပ်ကို သဘောကျနှစ်ခြိုက်သွားမိတာမို့ ဓမ္မမိတ်ဆွေတို့ကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီဘဒ္ဒကမ္ဘာကနေ နောက်ပြန်ရေတွက်ရင် ၂၀ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူတယ်။ ဒီပင်္ကရာ ၂ ဆူရှိတယ်၊ လွန်ခဲ့တဲ့ ၂၀သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကပွင့်ခဲ့တဲ့ ဒီပင်္ကရာက အရင်ပွင့်လို့ ပေါရာဏဒီပင်္ကရာလို့ခေါ်ကြတယ်။ အဲဒီပေါရာဏဒီပင်္ကၤရာဘုရားရှင်လက်ထက်မှာ ရဟန်းငယ်တပါးက ဘုရားရှင်ရဲ့ကျောင်းဆောင်တော်မှာ ညဖက်ဆီမီးပူဇော်ဖို့အတွက် မြို့တော်ထဲမှာ ဆီအလှူခံတယ်။ အဲဒါကို …

"ညှဉ်းဆဲသူကား အနာများ"
Religious

“ညှဉ်းဆဲသူကား အနာများ” ဝဋ်ကြွေးကြောက်စရာကောင်းပုံ

“ညှဉ်းဆဲသူကား အနာများ” ဝဋ်ကြွေးကြောက်စရာကောင်းပုံ ကြောက်လန့်ဖွယ်ရာ-ဝဋ်ကြွေးကြမ္မာ မြတ်စွာဘုရား လက်ထက်တော်က သာဝတ္ထိ ပြည်သား တစ်ယောက် မြတ်စွာ ဘုရား သာသနာတော်မှာ ဝင်ပြီ းရဟန်း ပြုပါတယ်။ သူ့နာမည်က အရှင်တိဿလို့ခေါ်ပါတယ်။ရဟန်းပြုပြီးတော့ သီလ၊ သမာဓိ၊ပညာ အကျင့် တွေကို..ကောင်းမွန်စွာ ကျင့်ကြံ ပါတယ်။ နောက်ကာလအတန်ကြာတော့ သူ့မှာ အနာရောဂါတွေပေါ် လာတယ်။ အစမှာတော့ မုန့်ညှင်းစေ့လောက် အဖုလေးတွေ ပေါ်လာတယ်။ နောက် တဖြည်းဖြည်းနဲ့ပဲ ကုလားပဲလုံးလောက် စားတော်ပဲ လုံးလောက် ဆီးစေ့လောက် ဆီးဖြူ သီးလောက် ဥသျှစ်သီးမှည့်လောက် အဖုလုံးကြီးတွေဖြစ်လာပြီး ပေါက်ကွဲ ကြတယ်။ တစ်ကိုယ်လုံးမှာ အပေါက်အပေါက်တွေ ဖြစ်နေတယ်။ အဲဒီလိုဖြစ်ပြီး တစ်ကိုယ်လုံး ပုပ်နေ လို့ …

Religious

“ဝါဆိုသင်္ကန်း လှူဒါန်းလျှင်ရရှိနိုင်သော အကျိုးကျေးဇူးများ”

“ဝါဆိုသင်္ကန်း လှူဒါန်းလျှင်ရရှိနိုင်သော အကျိုးကျေးဇူးများ” အပါယ်လွတ်သော ကုသိုလ်(၇)မျိုး… ၁။ သရဏဂုံကုသိုလ်။ ၂။ ငါးပါးသီလကုသိုလ်။ ၃။ စာရေးတံဆွမ်း။ ၄။ လဆန်းပက္ခ၊ လဆုတ်ပက္ခ၌ လှူဒါန်းသောဆွမ်း။ (တစ်လကို နှစ်ပိုင်းပိုင်းလိုက်ပါ။ ရှေ့ဆယ်ငါးရက်သည် လဆန်းပက္ခဖြစ်၍ နောက် ၁၆ ရက်မှ လကုန်ထိသည် လဆုတ်ပက္ခဖြစ်သည်။) ၅။ ဝါဆိုသင်္ကန်း ၆။ ရေတွင်းရေကန်အလှူ။ ၇။ ကျောင်းအလှူတို့ဖြစ်၏။ ထိုကုသိုလ် ၇ မျိုးထဲမှ တစ်မျိုးမျိုးကိုဖြစ်စေ၊ နှစ်မျိုးဖြစ်စေ၊ ခုနစ်မျိုးလုံးဖြစ်စေ အမြဲ(ဝတ်) ထားပြီး လှူဒါန်းမယ်ဆိုရင် ဂတိမြဲတဲ့ ကုသိုလ်ဖြစ်ပါတယ်။ ၁။ရွှေအဆင်းနှင့်တူသော အဆင်းကိုရရှိခြင်း။ ၂။ မြူကြေးမတင် စင်ကြယ်သောကိုယ်ရှိခြင်း။ ၃။ ခပ်သိမ်းသော အရပ်တို့ကို ထွန်းလင်းတောက်ပသော …

"ကဿပဘုရား ဗုဒ္ဓဝင်"
Religious

“ကဿပဘုရား ဗုဒ္ဓဝင်”

“ကဿပဘုရား ဗုဒ္ဓဝင်” ကောဏာဂုံမြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ဤဘဒ္ဒကမ္ဘာမှာပင် လူတို့၏သက်တမ်း အနှစ်သုံးသောင်းမှ တဖြည်းဖြည်းဆုတ်ယုတ်ကာ ၁၀နှစ်တမ်းသို့ ရောက်၍ တစ်ဖန်တိုးတက်ပြန်ကာ အသင်္ချေတမ်းသို့ရောက်ပြီးလျှင် နောက်ထပ် ဆုတ်ယုတ်ပြန်၍ လူတို့အသက် အနှစ် ၂၀၀၀၀ တမ်းသို့ ရောက်သောအခါ ကဿပမြတ်စွာဘုရား ပွင့်တော်မူ၏။ သန္ဓေစွဲယူ မြတ်စွာဘုရားအလောင်းတော်သည် ပါရမီ တော်တို့ကို ဖြည့်ကျင့်တော်မူပြီး၍ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်မှုကြောင့် လူ့ပြည်သို့ ဆင်းသက်ကာ ကိကီမင်းကြီးစိုးစံတော်မူရာ ဗာရာဏသီနေပြည်တော် ဗြဟ္မဒတ္တ အမည်ရှိသော ပုဏ္ဏား၏သက်ထား ကြင်ဖော် ဖြစ်သူ ဓနဝတီအမည်ရှိသော မယ်တော် ပုဏ္ဏေးမ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ နေတော်မူ၍ ဆယ်လစေ့မြောက် …

“ဘုရားဂုဏ်တော်ပွားများခြင်း၏ အကျိုးကျေးဇူးများ”
Religious

“ဘုရားဂုဏ်တော်ပွားများခြင်း၏ အကျိုးကျေးဇူးများ”

“ဘုရားဂုဏ်တော်ပွားများခြင်း၏ အကျိုးကျေးဇူးများ” နေ့စဉ်နေ့စဉ် ဘုရားဂုဏ်တော်(၉)ပါးကို ပွားများရတယ်။ အဲဒီလို ဘုရားဂုဏ်တော်တွေ ပွားများရင် ဘုရားဓာတ်တွေ တည်ထားတဲ့ပုဂ္ဂိုလ်ပေါ် ဘုရားဓာတ်တွေ ကိန်းလာတယ်။ အဲဒီလိုဘုရားဓာတ်တွေ ကိန်းတော့ ဘုရားရဲ့ ဘုန်းတန်ခိုး အာနုဘော်တွေလည်း တဖြည်းဖြည်းကူးလာတယ် ဘုန်းဘုန်းတို့ နှစ်သစ်အချိန်အခါက ကာလ တစ်နှစ်ပြောင်းသွားတော့ သိပ္ပံနည်းအရ နေက ဟိုးဒက္ခိဏ အရပ်ကနေ တဖြည်းဖြည်း ရပ်ပြီးတော့ ဒီဘက်ပြန်ပြောင်းလာတာကို နှစ်သစ်လို့ခေါ်တာပေါ့။ ကမ္ဘာကြီးက နေကို ပတ်လှည့်နေတာ။ အဲဒီလိုအချိန်အခါမျိုးမှာ ဒီကမ္ဘာပေါ်မှာရှိတဲ့ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ သစ်ပင်တောတောင် ရေမြေတွေလည်း ဥတုအလိုက် နေရဲ့အပူရှိန်နဲ့လိုက်ပြီးတော့ ပြောင်းကြတယ်။ အဲဒီလိုပြောင်းသလို သက်ရှိသတ္တဝါတွေက ဘာပြောင်းရလဲဆိုတော့ အကောင်းဆုံးက နှစ်သစ်မှာဘုရားဂုဏ်တော် ပုတီးစိပ် မေတ္တာပွားတာ …

နံနက်ခင်း အိပ်ယာထပြီးနောက် မျက်နှာသစ်တိုင်း နေ့စဉ် ရွတ်ဖတ် ရမည့် မျက်နှာသစ်ရာ ရွတ်ကြပါ
Religious

နံနက်ခင်း အိပ်ယာထပြီးနောက် မျက်နှာသစ်တိုင်း နေ့စဉ် ရွတ်ဖတ် ရမည့် မျက်နှာသစ်ရာ ရွတ်ကြပါ

နံနက်ခင်း အိပ်ယာထပြီးနောက် မျက်နှာသစ်တိုင်း နေ့စဉ် ရွတ်ဖတ် ရမည့် မျက်နှာသစ်ရာ ရွတ်ကြပါ မျက်နှာ သစ်ရာ ရွတ်ကြပါ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဒုတိယမ္မိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဒုတိယမ္မိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ ဒုတိယမ္မိ သံဃံသရဏံ ဂစ္ဆာမိ တတိယမ္မိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ တတိယမ္မိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ တတိယမ္မိ သံဃံ သရဏံ ဂစ္ဆာမိ၊ သရဏဂုံတင် ပြီးပါက မိမိချစ်သူခင်သူ များကို မေတ္တာပို့ပါ။ ကျွန်ုပ်အား မွေးထုတ်ပေး …