YATHAZONE - Page 2 of 54 - NEWS and ENTERTAINMENT
Blog
Knowledge

ဘဝမှာ လမ်းပျောက်နေတဲ့ လူငယ်တွေ အပြုလုပ်သင့်ဆုံး အရာ (၄) ခု

ဘဝမှာ လမ်းပျောက်နေတဲ့ လူငယ်တွေ အပြုလုပ်သင့်ဆုံး အရာ (၄) ခု လူတိုင်း မဟုတ်ရင်တောင် တစ်ချို့လူတွေ ကတော့ ဘဝကို ဘယ်လို ရှေ့ဆက်ရမလဲ ဆိုပြီး တွေးပူရတဲ့ အခြေအနေတွေ ရှိပါတယ်။ အဲ့အချိန်တွေမှာ ကိုယ့်ရဲ့ အိပ်မက်က ဘာလဲ မသဲကွဲသလို ကိုယ် ဘာဖြစ်ချင်လဲ ဆိုတာကို မသိတော့ တာမျိုး ရှိသလို ကိုယ် ဖြစ်ချင်တဲ့ အရာက လုံးဝ မဖြစ်နိုင်လို့ ဘာဆက်လုပ်ရမှန်း မသိတော့ တာမျိုးတွေ လည်း ရှိနေ ပါတယ်။ ဒီလို လမ်းပျောက်နေတဲ့ လူငယ်တွေ အတွက် အခုလို အရာတွေက အထောက်အကူ ဖြစ်စေဖို့ ဖော်ပြပေးလိုက် ရပါတယ်။ …

Read More
Health

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …

Read More
Knowledge

လူတိုင်းရဲ့ စိတ်အလိုကျအတိုင်း နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး

လူတိုင်းရဲ့ စိတ်အလိုကျအတိုင်း နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ဘီလ်ဟာ အသက် ၄၀အရွယ် လူကြီးတစ်ယောက် ဖြစ်ပါတယ်။ သူနေထိုင်ရာ ရွာကလေးကနေ မြို့ပေါ်ကို တက်ပြီး ပိတ်စတွေရောင်းတဲ့ လူကြီးတစ်ယောက်ပါ။ သူ့ရဲ့အဝတ်စတွေပါတဲ့ အထုပ်ကို အမြဲတမ်း သူ့မြည်းရဲ့ ကျောပေါ်တင်သွားပြီး မြို့ဈေးကို သွားရောင်းရပါတယ်။ သူ့မှာ အသက် ၁၅နှစ်ခန့်ရှိတဲ့ သားတစ်ယောက်လည်း ရှိပါသေးတယ်။ သူ့သားလေးဟာ သူ့ကို လိုက်ပြီး ဈေးကူရောင်းပေးတတ်ပါတယ်။ ဘီလ်ရဲ့ မြည်းဟာ သူ့ရဲ့ အဝတ်ထုပ်ကို သယ်သွားရပြီး အပြန်ချိန်မှာတော့ ဘီလ်က သူ့ရဲ့ အဝတ်ထုပ်ကို ကုန်အောင် ရောင်းလိုက်နိုင်ပါတယ်။ ဘီလ်တို့ သားအဖတွေဟာ ပျော်ပြီး အိမ်ကို ပြန်လာခဲ့ကြပါတယ်။ သူတို့အိမ်ကိုပြန်လာတဲ့ လမ်းတစ်လျှောက်မှာ မြည်းနဲ့အတူ …

Read More
Knowledge

စာဖတ်တာ မေ့သွားမယ့် တူတူ ဘာလို့ စာဖတ် ရတာလဲ?

စာဖတ်တာ မေ့သွားမယ့် တူတူ ဘာလို့ စာဖတ် ရတာလဲ? တစ်နေ့မှာ မြေးအဘိုး နှစ်ယောက် မြစ်ကမ်းဘေးမှာ ထိုင်ပြီး စကားပြော နေ ကြ တယ် ၊ မြေး ဖြစ်သူက အဘိုးကို မေးတယ်… “ဘိုးဘိုး… ဘိုးဘိုး နေ့တိုင်း စာဖတ်တာ.. ဘယ်လောက် မှတ်မိ သလဲ..။ မေ့သွားမယ့် တူတူ ဘာလို့ စာဖတ် ရ တာ လဲ ” အဘိုးက မြေးကို ပြုံးပြပြီး ပြော တယ် ။ “ ဟိုးနားက မီးသွေး ထည့်တဲ့ ခြင်းကြား သွားယူခဲ့ ငါ့မြေး ” မြေးက …

Read More
Knowledge

ငါမှန်တယ်ဆိုတဲ့အငြင်းတရားတွေနဲ့ မရှင်သန်ပဲ ခွင့်လွှတ်ခြင်းနဲ့အနိုင်ယူပါ

ငါမှန်တယ်ဆိုတဲ့အငြင်းတရားတွေနဲ့ မရှင်သန်ပဲ ခွင့်လွှတ်ခြင်းနဲ့အနိုင်ယူပါ ခွင့်လွှတ်ခြင်းနဲ့ အနိုင်ယူပါ လက်ငါးချောင်းတောင် အရွယ်စား မတူညီတဲ့ လောကကြီးထဲ သူမှန်တယ် ငါမှန်တယ်ဆိုတဲ့ အငြင်းတရားတွေနဲ့ မရှင်သန်ချင်ဘူး ။ ကိုယ်ပိုင်တဲ့ ခန္ဓာကိုယ်ပေါ်က လက်ငါးချောင်းတောင် အရွယ်စား မတူညီနိုင်မှ ကိုယ်မဟုတ်တဲ့ တခြားလူရဲ့စိတ် ဆိုတာ ကိုယ်နဲ့ ဘယ်လို ထပ်တူကျ နိုင်မှာလည်း ။ ကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်နေတဲ့ လူတွေကို ကိုယ့်အပေါ် ကောက်ကျစ်သွားရင်တောင် ဘယ်သူမကောင်းဘူး ဘယ်ဝါမကောင်းဘူးလို့ အပြစ်မပြော ချင်ပါဘူး … သူ့အပြစ်နဲ့သူ တူသောအကျိုး ခံစားရလိမ့်မယ်လို့ ဥပေက္ခာ ပြုထားလိုက်ပါတယ် ။ နေ့စဉ်နဲ့အမျှ ဘဝရပ်တည် ရှင်သန်ရေး အတွက် ရုန်းကန်နေသူ လူသားတွေတိုင်း ပြစ်ကင်းတဲ့သူ …

Read More
Health

ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင်

ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင် အလုပ်မှာ ကျောင်းမှာ နေ့စဉ်တွေ့နေရသော သူတွေထဲမှာ အပြင်ပိုင်းလှသလောက် စကားပြောကြည့်ရင် ပါးစပ်ကနံတာကို သတိမထားမိကြသောသူက တော်တော်များပါတယ်။ ပါးစပ်နံလိုက်တာလို့ ပြောပြန်ရင်လည်း ရိုင်းရာကျမှာပါ။ သူများကို မပြောခင် ကိုယ်ကမနံအောင် ဘယ်လို လုပ်သင့်သလဲ။ ၁. သေသေချာချာ ဝါးစားပါ အစားကို စားသောအခါ သေသေချာချာ ဝါးစားခြင်းဖြင့် ပါးစပ်အတွင်းမှာ လိုအပ်သောဓါတ် (သို့) တံထွေးကို ထွက်စေပါတယ်။ ခံတွင်းတံထွေး များများထွက်စေခြင်းဟာ ခံတွင်း၏ ခြောက်သွေ့မူကို ကာကွယ်နိုင်ပြီး ပါးစပ်နံတာကိုလည်း ကာကွယ်နိုင်ပါသည်။ ပီကေစားရင်လည်း အဆင်ပြေမှာပါ။ ၂. ထမင်းကို တော်ရုံသာစားပါ ထမင်းကို ဗိုက်အပြည့် စားသောအခါ ကိုယ်ခန္ဓာအတွင်းမှာ ရှိသော အစာအိမ် …

Read More
Health

ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်

ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်… ခြေထောက်တွေက သတိပေးနေသော အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ လက္ခဏာရပ်များ ကျွန်တော်တို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် ကို သယ်ပိုးထားရတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။ ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။ ဒါ့ကြောင့် … ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ကျန်းမာရေး ချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်။ …

Read More
Health

ကျောက်ကပ်အတွက် ကမ္ဘာကျော်တဲ့”ဆေး”

ကျောက်ကပ်အတွက် ကမ္ဘာကျော်တဲ့”ဆေး” တရုတ်ပြည်က အသည်းအသန်ဝယ်ယူနေတဲ့ ကဒက်ဥ” ဟာ ကျောက်ကပ်ရောဂါမျိုးစုံကို ၁၀၀% ရာနုန်းပြည့်ပျောက်ကင်းစေကြောင်း သိရပါတယ်။ (ကျောက်ကပ်ကင်ဆာပျောက်သူများလည်းရှိပါကြောင်း) ရုက္ခအမည်အားဖြင့် Dioscorea wallichi လို့ခေါ်ပြီး တရုတ်ဆေးသုတေသနသိပ္ပံဖြစ်တဲ့ Shenyang Medical College ကတော့ Chinese yam လို့ခေါ်ပါတယ်။ တရုတ်နိုင်ငံဟာ “ကဒက်ဥ” ကို အမှုန့်ပြုလုပ်ပြီး Capsule တောင့်အဖြစ် ဆေးဝါးထုတ်လုပ်ကာ ကမ္ဘာဖြန့်ရောင်းချနေတာ ကြာပါပြီတဲ့။ ကဒက်ဥကို ဒေသအလိုက် အခေါ်အဝေါ် ပြောင်းလဲပါသေးတယ်။ ဝေဒနာရှင်တွေအတွက် ဟင်းချို ချက်သောက်ရပါတယ်။ သုံးလဆက်တိုက် သောက်ပေး စားပေးရမှာပါ။ မိုးရာသီမှာသာ ရနိုင်တဲ့အတွက် ပါးပါးလှီး၍ဖြစ်စေ အမြှောင်းလိုက် စိပ်၍ဖြစ်စေ အခြောက်လှန်းပြီး သိုလှောင်ထားရမှာပါ။ (ရင့်လေကောင်းလေ) …

Read More
Knowledge

ပုဂံပြည်ထီးလှိုင်ရှင် ကျန်စစ်သားမင်း၏ တော်ဝင်မိဖုရားလေးပါး

ပုဂံပြည်ထီးလှိုင်ရှင် ကျန်စစ်သားမင်း၏ တော်ဝင်မိဖုရားလေးပါး ပုဂံပြည်ထီးလှိုင်ရှင် ကျန်စစ်သားမင်း(၁၀၈၄-၁၁၁၂)၏ တော်ဝင်မိဖုရားလေးပါးမှာ အပယ်ရတနာ၊သမ္ဘူလ၊မဏိ စန္ဒာခေါ်ခင်ဦးနှင့်ခင်တန်မိဖုရားတို့ဖြစ်ကြသည်။ပထမမြန်မာနိုင်ငံတော် ပုဂံပြည်ကြီးကို အနော်ရထာမင်းကြီတည် ထောင်စုစည်းရာတွင် ကျန်စစ်သားသည် ငထွေးရူး၊ငလုံးလက်ဖယ်၊ညောင်ဦးဖီးတို့နှင့်အတူ သူရဲကောင်းလေးဦးအဖြစ် အဘက်ဘက်မှစွမ်းစွမ်းတမံပါဝင်ခဲ့သော စစ်သူကြီးတစ်ဦးဖြစ်သည်။ ပုဂံနန်းတွင်း၌ မင်းမှု့ထမ်းမဖြစ်ခင်က ကျန်စစ်သား၏ ငယ်စဉ်အတိတ်ဘဝကို အတိအကျ မသိရသော်လည်း (မြန်မာရာဇဝင်များ၌မဖော်ပြပေ) ဘဝကို အခက်အခဲပေါင်းများစွာကြားမှ ရုန်းကန်ကျော်ဖြတ်ခဲ့ရကြောင်းကိုမူ သမိုင်းမှတ်တမ်းများအရ သိရပါသည်။ ကျန်စစ်သားကို ၁၀၃၀ပြည့်နှစ်၌ဖွားမြင်ခဲ့ပြီးအနော်ရထာမင်း၏ စစ်သူကြီးအဖြစ်အမှု့ထမ်းရွက်ခဲ့ရကာ အသက် ၅၄နှစ်အရွယ် ၁၀၈၄ခုနှစ်၌ ထီးနန်းရရှိခဲ့၏။ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပရိမ္မဇာတိဖြစ်သည်ဟု အဆိုရှိသည်။ ကျန်စစ်သားဟူသောဝေါဟာရမှာ ”ကလန်စစ်သား”မှဆင်းသက် သည်ဟု ယူဆကြ၏။ မွန်ဘာသာဖြင့်”ကလန်သံဗျင်”ဆိုသည်မှာ အခွန်အကောက်နှင့်မှု့ခင်းများကို စစ်ဆေးရသည့် နယ်မြအုပ်ချုပ် သူအရာရှိကိုခေါ်ဝေါ်သော ဝေါဟာရအဖြစ် ပုဂံကျောက်စာတို့တွင် …

Read More
Religious

သမ္ဗုဒ္ဓေ ဂါထာတော်ကြီး၏ ထူးခြားလေးနက်သော အဓိပ္ပါယ်

သမ္ဗုဒ္ဓေ ဂါထာတော်ကြီး၏ ထူးခြားလေးနက်သော အဓိပ္ပါယ် သမ္ဗုဒ္ဓေ ကျွန်တော် သမ္ဗုဒ္ဓေဂါထာ‌တော်ကို ငယ်ငယ်လေးကတည်းက ရွတ်ဆိုရတာနှစ်သက်ပါတယ်။ အနက်အဓိပ္ပာယ်ကိုသိလာခဲ့တဲ့အချိန်ကျတော့ အနက်အဓိအပ္ပာယ်ပါတွဲပြီး ရွတ်ဖတ်ပူဇော်ဖြစ်လာခဲ့ပါတယ်။ ဒီလိုနေလာရင်းနဲ့ တစ်နေ့ကျတော့ အောက်မှာဖော်ပြထားတဲ့ ဦးပဉ္ဇင်း U Nay Main Da ရဲ့ ပို့ိစ်တစ်ခုကို ဖတ်ဖြစ်ခဲ့ပါတယ်။ သိပ်ကို သဘောကျနှစ်ခြိုက်သွားမိတာမို့ ဓမ္မမိတ်ဆွေတို့ကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီဘဒ္ဒကမ္ဘာကနေ နောက်ပြန်ရေတွက်ရင် ၂၀ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူတယ်။ ဒီပင်္ကရာ ၂ ဆူရှိတယ်၊ လွန်ခဲ့တဲ့ ၂၀သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကပွင့်ခဲ့တဲ့ ဒီပင်္ကရာက အရင်ပွင့်လို့ ပေါရာဏဒီပင်္ကရာလို့ခေါ်ကြတယ်။ အဲဒီပေါရာဏဒီပင်္ကၤရာဘုရားရှင်လက်ထက်မှာ ရဟန်းငယ်တပါးက ဘုရားရှင်ရဲ့ကျောင်းဆောင်တော်မှာ ညဖက်ဆီမီးပူဇော်ဖို့အတွက် မြို့တော်ထဲမှာ ဆီအလှူခံတယ်။ အဲဒါကို …

Read More